နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

လူငယ်ထုအင်အားကို လုပ်သားအင်အားအနေနဲ့ အများအပြားပိုင်ဆိုင်ထားတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

ဩဂုတ်လ (၁၃)ရက်။

လူငယ်ထုအင်အားကို လုပ်သားအင်အားအနေနဲ့ များပြားတဲ့အခြေအနေကောင်းတခု ပိုင်ဆိုင်ရရှိထားတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

၂၀၁၉ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေရဲ့ (၃၃)ရာခိုင်နှုန်းကျော်ဟာ လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် လူငယ်တွေကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စတဲ့ ဗလငါးတန်နဲ့ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်သွားကြဖို့ကိုလဲ သူက ညွှန်ကြားခဲ့ပါသေးတယ်။

အရင်နှစ်တွေနဲ့မတူဘဲ တိုင်းနဲ့ပြည်နယ်တွေက လူငယ်ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး လူငယ်ဖိုရမ်အပါအ၀င် လူငယ်လေ့လာရေးအစီအစဉ်နဲ့ လူမှုအကျိူးပြုလုပ်ငန်းတွေ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အရင်ကထက် ပိုမိုထိရောက်ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်သွားဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းရှိ လူငယ်တွေဟာ အခွင့်အလမ်းတွေ ပိတ်ပင်ခံရတာနဲ့အတူ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနိုင်ငံတွေဆီ သွားရောက်အလုပ်လုပ်ကိုင်‌တာတွေ များပြားလာခဲ့ပါတယ်။

ဒီလို ပြည်ပနိုင်ငံတွေဆီ သွားရောက်အလုပ်လုပ်ကိုင်တာတွေ များပြားတဲ့အတွက် နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေရသလို ကျရှုံးနိုင်ငံဖြစ်လာတာနဲ့အတူ ပြည်တွင်းမှာ အထွေထွေအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သုံးသပ်ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကရင်နီဒေသထဲ စစ်ကောင်စီကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်းသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 4 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာသိမ်းချိန်ကစပြီး ကရင်နီဒေသထဲ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်း သေဆုံးပြီး (၃၃၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Karenni-IEC
မြန်မာသတင်း

ထားဝယ်ခရိုင်ထဲက PDF တပ်ရင်းနဲ့ ပကဖတွေပူးပေါင်းပြီး တပ်ပေါင်းစု ဖွဲ့စည်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 2 Views
နိုဝင်ဘာလ (၂၅)ရက်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ PDF တပ်ရင်းအချို့နဲ့ မြို့နယ်ပကဖတွေ ‌ပူးပေါင်းကာ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့တယ်လို့
မြန်မာသတင်း

ရုရှားကပေးပို့တဲ့ စာနာမှုအကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်လာပြီလို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 1 Views
နိုဝင်ဘာလ (၂၅)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရုရှားနိုင်ငံကပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ဖို့အတွက် ရုရှားနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနဲ့ သဘာဝဘေးအန္တရာယ်
မြန်မာသတင်း

လက်နက်ကိုင်ဖြေရှင်းနေရင် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 7 Views
နိုဝင်ဘာလ (၂၅)ရက်။ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေရင် လွတ်လပ်ပေမယ့် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားတွေအချင်းချင်း အပြန်အလှန် လေးစားတာ၊ နားလည်စာနာတာတို့နဲ့ တစ်ဦးနဲ့တစ်ဦးကြား
မြန်မာသတင်း

စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 10 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာမှာ တိုက်တွန်းထားချက်အရ သိရပါတယ်။ နိုင်ငံကို ချစ်မြတ်နိုးတဲ့ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်စွာနဲ့ လူထုကို
မြန်မာသတင်း

ကြို့ပင်ကောက်မြို့က စစ်ကောင်စီသတင်းပေး ပျုစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 8 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၂)နာရီ (၁၅)မိနစ်ခန့်က ကြို့ပင်ကောက်မြို့မှာ ပျုစောထီးတစ်ဦးဖြစ်တဲ့ ထွန်းမင်းစိုးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Dragon Brothers(GBK-PDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက ကြို့ပင်ကောက် နဂါးနီလမ်းမှာနေတာ။ ပြီးတော့
မြန်မာသတင်း

လက်ပံတန်းမြို့ သာယာကုန်းရဲစခန်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၂၀)ဦးထက်မနည်းသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 11 Views
နိုဝင်ဘာလ (၂၄)ရက်။ နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက် (၅)နာရီအချိန်က လက်ပံတန်းမြို့၊ မှော်အင်းတိုက်နယ်ရှိ သာယာကုန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီရဲ့ သာယာကုန်းရဲစခန်းကို ကာကွယ်ရေးတပ်တွေ စုပေါင်းပြီး တော်လှန်ရေးတပ်ပေါင်းစုအသွင်နဲ့
မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသမှာ တပတ်ထဲ စစ်ကောင်စီတပ်ကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 7 Views
နိုဝင်ဘာလ (၂၄)ရက်။ အခုတပတ်ထဲ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ (၈)ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့်  လိပ်ပေါရွာမှာ ပြည်သူတစ်ဦး သေဆုံးခဲ့တာအပါအဝင် ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်လို့