နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း အမေရိကန်

ရိုဟင်ဂျာတွေနဲ့ အရပ်သားတွေအပေါ် မြန်မာစစ်တပ်က ကြမ်းကြုတ်ရက်စက်တာတွေကို မှတ်တမ်းတင်ထားတယ်လို့ အမေရိကန်ပြော

ဩဂုတ်လ (၂၆)ရက်။

ရိုဟင်ဂျာလူမျိုးတွေနဲ့ အရပ်သားပြည်သူတွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်တာ‌တွေနဲ့ နှိပ်စက်တာတွေအတွက် မှတ်တမ်းတင်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရတာ (၇)နှစ်ပြည့်တဲ့ မနေ့က ဩဂုတ်လ (၂၅)ရက်မှာ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက သတင်းထုတ်ပြန်ခဲ့ပြီး ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခံရတာကနေ အသက်ရှင်ကျန်ရစ်ခဲ့သူတွေနဲ့ တစ်သားထဲရပ်တည်နေတယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေဟာ မြန်မာရှိ တိုင်းရင်းသားတွေနဲ့ ဘာသာရေးဆိုင်ရာ လူနည်းစုအသိုက်အ၀န်းတွေနဲ့ ရိုဟင်ဂျာတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပိုမိုဆိုးရွားစေတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်အနေနဲ့ ရိုဟင်ဂျာအသိုက်အဝန်းတွေနဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသထဲမှာ အကျပ်အတည်းကြောင့် သက်ရောက်မှုရှိနေသူတွေအတွက် လိုအပ်တဲ့အကူအညီ‌တွေပေးအပ်ဖို့ သံန္နိဋ္ဌာန်ချထားကာ (၇)နှစ်တာကာလထဲ ဒေါ်လာ (၂.၄)ဘီလျံနီးပါး ထောက်ပံ့ကူညီခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနည်းကျ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းတဲ့အနာဂတ်တစ်ခုကို ဆန္ဒပြင်းပြနေတဲ့ မြန်မာပြည်သူတွေအတွက် အားပေးထောက်ခံမှုဟာ မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေတယ်လို့ ပြောဆိုထားပါတယ်။

အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံရေးကို အလေးပေးဆောင်ရွက်ကြဖို့ သက်ဆိုင်သူအားလုံးကိုလဲ ကန်နိုင်ငံခြားရေး၀န်ကြီးက ‌ထုတ်ပြန်ချက်ထဲ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 17 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 28 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး ထိန်းသိမ်းလိုက်သည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သည်။ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) သည် အိုမန်ပင်လယ်ကွေ့အတွင်း
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 21 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်