စက်တင်ဘာလ (၄)ရက်။
ဒီကနေ့ ည (၇)နာရီ (၄၅)မိနစ်အချိန်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ (၄၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ NOKA UG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မြောက်ဒဂုံမြို့နယ်က (၄၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြှင့်မိုင်း (၂)လုံးနဲ့ ည (၇)နာရီ (၄၅)မိနစ်အချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်” လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ NOKA UG က ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့တဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့က “ ငါတို့ ငြိမ်ချင်ငြိမ်မယ်၊ ငါတို့မြို့ ငါတို့ပိုင်တယ်၊ လုံး၀အုပ်ချုပ်ခွင့်မရစေရ” ဆိုပြီး ရေးသားထားပါတယ်။
အခုလို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ (၄၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးတဲ့ အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲမှာလဲ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအချို့ ဖောက်ခွဲတိုက်ခိုက်ခံရကာ စစ်ကောင်စီဟာ ဧည့်စာရင်းအကြောင်းပြ စစ်ဆေးတာတွေ ပိုမိုပြုလုပ်လာတယ်လို့ သိရပါတယ်။