စက်တင်ဘာလ (၅)ရက်။
အကြမ်းဖက်စစ်ကောင်စီရေတပ်က တပ်ကြပ်အဆင့်ရှိသူတစ်ဦး ရန်ကုန်တိုင်းစစ်ဌာနရဲ့ တပ်ရင်း (၅၁၀၂)ကို လက်နက်မဲ့ အလင်း၀င်လာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းစစ်ဌာနရဲ့ တပ်ရင်း (၅၁၀၂)ထံ လက်နက်မဲ့ အလင်း၀င်လာသူဟာ စစ်ကောင်စီရေတပ်ရဲ့ အမှတ်(၂) ဗျူဟာစစ်ရေယာဉ်စု(မော်လမြိုင်)(ဟိန်းဇဲဒေသ)က တပ်ကြပ် ညီညီလွင်ဖြစ်တယ်လို့ ဆိုပါတယ်။
လက်နက်မဲ့ အလင်း၀င်လာတဲ့ စစ်ကောင်စီရေတပ်က တပ်ကြပ် ညီညီလွင်ကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို လက်နက်ချပြီး ပြည်သူနဲ့ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ခံကြိုဆိုနေပြီး လူ့အခွင့်အရေးအပြည့်အဝရရှိစေကာ လက်နက်နဲ့အလင်းဝင်လာသူတွေကို ဆုငွေချီးမြှင့်ပေးသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။