နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံအများစု နေရပ်မပြန်ရဲဖြစ်နေ

စက်တင်ဘာလ (၉)ရက်။

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံအများစု နေရပ်မပြန်ရဲဖြစ်နေတယ်လို့ SSPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စက်တင်ဘာလ (၈)ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေအရ SSPP/SSA အုပ်ချုပ်တဲ့နယ်မြေထဲ စစ်ဘေးရှောင်ပြည်သူ (၉၃၀၀)ကျော် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

အခုအခါ ရှမ်းမြောက်ဒေသထဲ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို အချို့မြို့နယ်တွေမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေသေးတယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ (၇)ရက်နေ့က SSPP/SSA ဌာနချုပ် ၀မ်ဟိုင်းမြို့သစ်ကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူ (၈၀)ဦးအတွက် ကျပ်သိန်း (၄၀)ကျော်တန်ဖိုးရှိ စားသောက်ကုန်တွေ ကူညီခဲ့တယ်လို့ ရေးသားထားပါတယ်။

အခုအချိန်မှာ စစ်ကောင်စီဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံအရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် နိုင်ငံတကာအနေနဲ့ ပိတ်ဆို့အရေးယူတာတွေ ပြင်းပြင်းထန်ထန်ပြုလုပ်ဖို့ တောင်းဆိုတာတွေ ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေ တရားမဝင်ဘူးလို့ NUCC၊ NUG နဲ့ CRPH တို့ ပူးတွဲထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 5 Views
စက်တင်ဘာလ (၁၈)ရက်။ စစ်ကော်မရှင်နဲ့ သူ့ရဲ့လက်အောက်ခံအဖွဲ့တွေရဲ့ လုပ်ဆောင်ချင်တွေဟာ တရားမဝင်ဘူးလို့ NUCC၊ NUG နဲ့ CRPH တို့က ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်း (၁၄)ဦး ကလေးခရိုင်ပကဖဆီ အလင်းဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 6 Views
စက်တင်ဘာလ (၁၇)ရက်။ ဇူလိုင်လနဲ့ ဩဂုတ်လထဲ စစ်တပ်ရဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်း (၁၄)ဦး ကလေးခရိုင်ပကဖရုံးထံ အလင်းဝင်လာခဲ့တယ်လို့ Wing of
မြန်မာသတင်း

မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၅၀၀)စာရင်းထွက်ပေါ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 54 Views
စက်တင်ဘာလ (၁၇)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၄၈၉)ဦးစာရင်းဟာ ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်လာခဲ့တယ်လို သိရပါတယ်။ မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့အထဲ ဗိုလ်ချုပ်ကြီးအဆင့်အထိကနေ စစ်အရာရှိတွေ၊ ရုံးအုပ်နဲ့ တပ်ကြပ်ကြီးစာရေးတွေအပါအဝင် အောက်ခြေအဆင့်အထိ
မြန်မာသတင်း

မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေး ငွေကျပ် သိန်း(၉၀)အထိ ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ကောက်ယူနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 61 Views
စက်တင်ဘာလ (၁၇)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ဆိုသူက မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေးအနေနဲ့ ငွေကျပ်သိန်း(၉၀)အထိ ခြိမ်းခြောက်ကောက်ယူနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးထံ သတင်းပေးပို့ချက်တွေအရ သိရပါတယ်။ “ ဦးဘုန်းခန့်အောင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အမြဲပြောနေကြရှိတယ်။ သူ့မှာ ဆရာတော်ဦးသုမနရှိတယ်၊ဆရာတော်ဦးသုမနက သူ့အခက်အခဲတွေကို
မြန်မာသတင်း

မတ္တရာမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 46 Views
စက်တင်ဘာလ (၁၇)ရက်။ မနေ့က နေ့လယ် (၁)နာရီကျော်အချိန် မတ္တရာမြို့ရှိ ဒီယာရွာနဲ့ ဥက္ကံရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၃)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မတ္တရာ အရှေ့မြောက်ခြမ်းက ဒီယာရွာအနီးနဲ့ ဥက္ကံရွာအနီးကို
မြန်မာသတင်း

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့်ကျင့်ဝတ်တွေဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 45 Views
စက်တင်ဘာလ (၁၇)ရက်။ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး/ကော်က မနေ့ကရက်စွဲနဲ့ အမိန့်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ ရွေး/ကော်ရဲ့ထုတ်ပြန်ချက်ထဲ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေအနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းဖို၊ ဘက်မလိုက်ဖို၊ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံအားပေးတာ၊ ဆန့်ကျင်တာနဲ့
မြန်မာသတင်း

ရွှေမှော်ကပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 102 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့မှာ ရွှေမှော်ကနေ ပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ကျွန်‌တော်တို့က စက်တင်ဘာ
မြန်မာသတင်း

အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချသူတွေကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 88 Views
စက်တင်ဘာလ (၁၆)ရက်။ အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ အမျိုးသမီး (၁)ဦးနဲ့ အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ဖမ်းဆီးခဲ့သူတွေဟာ မန္တလေး ချမ်းမြသာစည်မြို့မှာ စံထိုက်သီ