နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

လယ်ဒိုနဲ့ မူးမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့

စက်တင်ဘာလ (၁၁)ရက်။

စင်တင်ဘာလ (၈)ရက်နေ့က လယ်ဒိုမြို့နဲ့ မူးမြို့နယ်ထဲ စစ်ကောင်စီတပ်က ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီနေ့ နံနက် (၁၁)နာရီကျော်က လယ်ဒိုမြို့ရှိ ပြည်သူတွေနေထိုင်တဲ့ လိန်ပင်ဝဲကျေးရွာကို စစ်ကောင်စီရဲ့ ခလရ(၂၆၄)တပ်ရင်းက ရည်ရွယ်ချက်ရှိရှိ ၁၂၀မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေဟာ ကျေးရွာပိုင်စာသင်ကျောင်းတစ်ကျောင်းကို ထိမှန်ခဲ့ပြီး ပျက်စီးခဲ့သလို နေ့လယ် (၁၂)နာရီခန့်မှာ လက်နက်ကြီး (၂)လုံး ထပ်မံပစ်ခတ်ခဲ့ရာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်လဲ ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး မူးမြို့နယ်ထဲရှိ ကျောက်တံခါးမြို့ အင်ကုန်းကျေးရွာထဲကို စစ်ကောင်စီရဲ့ ခလရ(၃၀၇) ရွှေဝါတပ်စခန်းကနေ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီလက်နက်ကြီးပစ်ခတ်တဲ့ဖြစ်စဉ်ထဲ အင်ကုန်းကျေးရွာနေ အသက် (၃၅)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်မြို့အရှေ့ဖျားရှိ စီမံကိန်းရုံးက စစ်ကောင်စီအထိုင်စခန်း စီးနင်းသိမ်းပိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 15 Views
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး (၁၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြိုင်ပကဖထုတ်ပြန် ဇူလိုင်လ (၁၀)ရက်။ မနေ့က နံနက် (၄)နာရီခွဲအချိန်ကစပြီး မြိုင်မြို့နယ် အရှေ့ဖျားရှိ
မြန်မာသတင်း

ဟားခါးမှာ တော်လှန်ရေးရဲဘော် (၃)ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိခဲ့တယ်လို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 17 Views
ဇူလိုင်လ (၁၀)ရက်။ ဇူလိုင်လ (၈)ရက်နေ့က ဟားခါးမြို့မှာ တော်လှန်ရေးရဲဘော် (၃)ဦးအပါအဝင် (၅)ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိခဲ့တယ်လို့ CDF-Hakha ရဲ့
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲပြည်သို့ ကျရောက်နေပါသည်။ အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှု ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ကံကြမ္မာဆိုးကြီးတစ်ခုဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 26 Views
ဤဆောင်းပါးသည် Wedge online တွင် ဖော်ပြသည့် အိုကာဇာကီအင်စတီကျူမှ ရေးသားသည့် မြန်မာနိုင်ငံအတွက် သုံးသပ်ချက်ဖြစ်သည်။ အိုကာဇာကီအင်စတီကျူ ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဟီဆာဟီကို အိုကာဇာကီ (Hisahiko Okazaki) သည် ဆော်ဒီအာရေးဗီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာသတင်း

တောင်ငူလေတပ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ BWM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 33 Views
တောင်ငူလေတပ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ BWM ထုတ်ပြန် ဇူလိုင်လ (၁၀)ရက်။ စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar(BWM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

ရန်ကုန် လှိုင်မြို့ရှိ စစ်ကြောရေးဝင်းထဲ စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းခံထားရတဲ့ လူငယ်တစ်ဦး အဆုံးစီရင်မှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 18 Views
ဇူလိုင်လ (၁၀)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန် ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ အုတ်ကျင်းစစ်ကြောရေးဝင်းထဲ လူငယ်အမျိုးသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေထံက သိရပါတယ်။ “ မနေ့က နေ့ခင်း (၃)နာရီလောက် လှိုင်မြို့ အုတ်ကျင်းစစ်ကြောရေးဝင်းထဲမှာ စစ်မှုထမ်းဖို့ဆိုပြီး
မြန်မာသတင်း

အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ရွှေညဝါဆရာတော် ပျံလွန်တော်မူ

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 17 Views
ဇူလိုင်လ (၁၀)ရက်။ ဒီကနေ့ နံနက် (၂)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန်ရှိ အာရှတော်ဝင်ဆေးရုံမှာ ရွှေညဝါဆရာတော် အရှင်ပညာသီဟ ပျံလွန်တော်မူခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ နံနက် (၂)နာရီ (၄၅)မိနစ်အချိန်မှာ ဆရာတော် ဘဝနတ်ထံ
မြန်မာသတင်း

KIO ဥက္ကဋ္ဌကို တရုတ်အစိုးရက အကျယ်ချုပ် ထိန်းသိမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်နေ၊

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 35 Views
တရုတ်မှာ ဆေးကုသမှု ခံယူနေတာလို့ KIO တုံ့ပြန် ဇူလိုင်လ (၉)ရက်။ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်အစိုးရက အကျယ်ချုပ် ထိန်းသိမ်းထားတယ်ဆိုပြီး အခုရက်ပိုင်းထဲကစတင်ကာ သတင်းတွေ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။ အခုလို ဗိုလ်ချုပ်ကြီး
မြန်မာသတင်း

စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း တရက်ထဲ ရှော့တိုက်ဒုံး (၁၁)လုံး ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 35 Views
ဇူလိုင်လ (၉)ရက်။ မနေ့က တရက်ထဲ စစ်ကောင်စီရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ရှော့တိုက်ဒုံး (၁၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က တရက်ထဲ စစ်ရှုံးကောင်စီရဲ့