နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေတာရှည်မြို့နယ်မှာ ရေဘေးကူညီကယ်ဆယ်တဲ့ PDF တစ်ဦး အသက်ပေးလှူခဲ့ရ

စက်တင်ဘာလ (၁၄)ရက်။

မနေ့က ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ရေဘေးကူညီကယ်‌ဆယ်ရေးလုပ်ငန်း ‌လုပ်ဆောင်နေတဲ့ PDF ရဲဘော်တစ်ဦး အသက်စွန့်လွှတ်ပေးလှူခဲ့ရတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရေတာရှည်မြို့နယ်မှာ ရေဘေးကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရင်း ရဲဘော် Eagle အသက်စွန့်လွှတ် ပေးလှူသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရဲဘော် Eagle ဟာ MOD အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနရဲ့ ဗျူဟာအမှတ် (၁၇)ကွက်ကဲမှုအောက်ရှိ တပ်ရင်းအမှတ် (၉၀၁)က ရဲဘော်တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို အသက်စွန့်လွှတ်ပေးလှူခဲ့တဲ့ ရဲဘော် Eagle ကို တပ်မှူး၊ တပ်သားတွေအပါအ၀င် မိသားစု၀င်တွေနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲရတယ်လို့ MOD က ပြောဆိုထားပါတယ်။

ရေဘေးကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ဆယ်ရင်း ရဲဘော် Eagle အသက်ပေးလှူခဲ့ရတဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ MOD က ထည့်သွင်းထုတ်ပြန်ထားတာမရှိပါဘူး။

ရဲဘော် Eagle ဟာ စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ရေဘေးရှောင်ဒေသခံ (၁၀၀)ကျော်ကို ရွှေ့ပြောင်းကူညီချိန် စစ်တောင်းမြစ်ထဲ မျောပါပျောက်ဆုံးခဲ့တာလို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 22 Views
ဇူလိုက်လ (၁၁)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က ဝက်လက်မြို့အရှေ့ခြမ်းရှိ ရေလည်မော်ရွာထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ‌မြေပြင်သတင်းတပ်ဖွဲ့တွေထံက သိရပါတယ်။ “
မြန်မာသတင်း

စစ်ကိုင်း လင်းတလူးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ စစ်ရှောင်ပြည်သူ (၃၀)ဦးထက်မနည်းသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 42 Views
ဇူလိုင် (၁၁)ရက်။ ဒီကနေ့ နံနက် (၁)နာရီကျော်ဝန်းကျင်ခန့်က စစ်ကိုင်းမြို့မြောက်ခြမ်းရှိ လင်းတလူးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

စီးပွားရေးပိတ်ဆို့တာတွေ ရုပ်သိမ်းပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်က ကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 17 Views
ဇူလိုင်လ (၁၁)ရက်။ စီးပွားရေးပိတ်ဆို့တာတွေကို ဖြေလျှော့ရုပ်သိမ်းပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အကြောင်းကြားစာ ပြန်လည်ပေးပို့ရာမှာ မေတ္တာရပ်ခံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမေရိကန်က မြန်မာအပါအဝင် နိုင်ငံ (၁၄)နိုင်ငံကို သွင်းကုန်ခွန် တိုးမြှင့်စည်းကြပ်တာနဲ့ပတ်သက်ပြီး
မြန်မာသတင်း

မြိုင်မြို့အရှေ့ဖျားရှိ စီမံကိန်းရုံးက စစ်ကောင်စီအထိုင်စခန်း စီးနင်းသိမ်းပိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 25 Views
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး (၁၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြိုင်ပကဖထုတ်ပြန် ဇူလိုင်လ (၁၀)ရက်။ မနေ့က နံနက် (၄)နာရီခွဲအချိန်ကစပြီး မြိုင်မြို့နယ် အရှေ့ဖျားရှိ စီမံကိန်းရုံးက စစ်ကောင်စီအထိုင်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ဟားခါးမှာ တော်လှန်ရေးရဲဘော် (၃)ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိခဲ့တယ်လို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 25 Views
ဇူလိုင်လ (၁၀)ရက်။ ဇူလိုင်လ (၈)ရက်နေ့က ဟားခါးမြို့မှာ တော်လှန်ရေးရဲဘော် (၃)ဦးအပါအဝင် (၅)ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဖလမ်းမြို့ ဗားရ်တံတားကို ယင်းမာပင်ခရိုင် အမှတ်(၁၅)တပ်ရင်းမှူးရဲ့
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲပြည်သို့ ကျရောက်နေပါသည်။ အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှု ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ကံကြမ္မာဆိုးကြီးတစ်ခုဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 28 Views
ဤဆောင်းပါးသည် Wedge online တွင် ဖော်ပြသည့် အိုကာဇာကီအင်စတီကျူမှ ရေးသားသည့် မြန်မာနိုင်ငံအတွက် သုံးသပ်ချက်ဖြစ်သည်။ အိုကာဇာကီအင်စတီကျူ ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဟီဆာဟီကို အိုကာဇာကီ (Hisahiko Okazaki) သည် ဆော်ဒီအာရေးဗီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာသတင်း

တောင်ငူလေတပ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ BWM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 36 Views
တောင်ငူလေတပ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁)ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ BWM ထုတ်ပြန် ဇူလိုင်လ (၁၀)ရက်။ စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar(BWM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

ရန်ကုန် လှိုင်မြို့ရှိ စစ်ကြောရေးဝင်းထဲ စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းခံထားရတဲ့ လူငယ်တစ်ဦး အဆုံးစီရင်မှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 20 Views
ဇူလိုင်လ (၁၀)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန် ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ အုတ်ကျင်းစစ်ကြောရေးဝင်းထဲ လူငယ်အမျိုးသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ မြေပြင်သတင်းတပ်ဖွဲ့တွေထံက သိရပါတယ်။ “ မနေ့က နေ့ခင်း (၃)နာရီလောက် လှိုင်မြို့ အုတ်ကျင်းစစ်ကြောရေးဝင်းထဲမှာ စစ်မှုထမ်းဖို့ဆိုပြီး