နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဒေသတွင်း တင်းမာမှုများ ပြင်းထန်လာခြင်းကြောင့် ဆယ်စုနှစ်များစွာအတွင်း တရုတ်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပထမဆုံးသော စမ်းသပ်မှုအဖြစ် တာဝေးပစ်ဒုံးပျံ ICBM ကို ပစ်လွှတ်ခဲ့သည်။

စက်တင်ဘာလ (၂၅) ရက်။

အမေရိကန်နှင့်၎င်း၏ ဒေသတွင်းရှိ မဟာမိတ်များနှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှု မြင့်တက်နေချိန်တွင် ရှားရှားပါးပါး လူသိရှင်ကြား စမ်းသပ်မှုတစ်ခု ဗုဒ္ဓဟူးနေ့က ပစိဖိတ်သမုဒ္ဒရာထဲကို တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ ပစ်ခတ်ခဲ့သည်ဟု တရုတ်က ပြောပါသည်။

ပေကျင်းစံတော်ချိန် နံနက် ၈ နာရီ ၄၄ မိနစ်တွင် ဒုံးကျည်ထိပ်ဖူးများ တင်ဆောင်လာသည့် တိုက်ချင်းပစ်ဒုံးပျံသည် ပစိဖိတ်သမုဒ္ဒရာ၏ ကျယ်ပြန့်သော ပင်လယ်ပြင်အတွင်း သတ်မှတ်ထားသော နေရာသို့ ကျရောက်ခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒုံးကျည်၏ ပျံသန်းမှုလမ်းကြောင်း သို့မဟုတ် ဆင်းသက်သည့်နေရာကို မဖော်ပြခဲ့ပေ။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုံးပျံတပ်ဖွဲ့မှ ပစ်လွှတ်မှုသည် ၎င်း၏ ပုံမှန်နှစ်စဉ်လေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မည်သည့်နိုင်ငံ သို့မဟုတ် ပစ်မှတ်ကိုမျှ ဦးတည်ခြင်းမရှိကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂျပန်နှင့် နီးစပ်သော အနီးနားရှိ ပင်လယ်ပြင်တွင် တရုတ်နှင့် ရုရှားတို့ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“တရုတ်နိုင်ငံက သက်ဆိုင်ရာနိုင်ငံတွေကို ကြိုတင်အကြောင်းကြားထားပါတယ်” ဟု နိုင်ငံပိုင်သတင်း အေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့ပြီး မည်သူကို အကြောင်းကြားခဲ့သည်ကို မဖော်ပြဘဲ သီးခြားအစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ပစ်လွှတ်မှုသည် “လက်နက်နှင့် ကိရိယာများ၏ စွမ်းဆောင်ရည်အပြင် တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်မှုအဆင့်ကို ထိရောက်စွာ စမ်းသပ်ခဲ့ပြီး မျှော်လင့်ထားသည့် ရည်မှန်းချက်များ အောင်မြင်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ဤစမ်းသပ်မှုသည် ဆယ်စုနှစ် လေးခုကျော်အတွင်း ပစိဖိတ်သမုဒ္ဒရာတွင် တရုတ်နိုင်ငံက ICBM စမ်းသပ်မှုကို ပထမဆုံးအကြိမ် လူသိရှင်ကြား ကြေညာခဲ့ခြင်း ဖြစ်ပါသည်။

၁၉၈၀ ခုနှစ်တွင် တရုတ်နိုင်ငံသည် ၎င်း၏ ပထမဆုံး ICBM DF-5 ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။ နိုင်ငံ၏ အနောက်မြောက်ဘက်ရှိ Jiuquan ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့သည့် အဆိုပါ ဒုံးကျည်သည် တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ကီလိုမီတာ ၈၀၀၀ (မိုင် ၅၀၀၀) ကျော် ပျံသန်းခဲ့သည်။

ထိုအချိန်မှစ၍ တရုတ်နိုင်ငံသည် ICBM စမ်းသပ်မှုများကို တိတ်တဆိတ် ပြုလုပ်လာခဲ့သည်။ အများစုသည် နိုင်ငံ၏အနောက်ဘက်စွန်းက ၎င်း၏ပိုင်နက်နယ်မြေထဲရှိ သဲကန္တာရများတွင် ဆင်းသက်ကျရောက်ခဲ့သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူအား တရုတ်အရှေ့မြောက်ဘက်ကမ်းရိုးတန်းရှိ ကုန်းတွင်းပင်လယ်ဖြစ်သည့် ဘိုဟိုင်းပင်လယ်တွင် ရေငုပ်သင်္ဘောမှ ပစ်လွှတ်ခဲ့သည့် ICBM စမ်းသပ်မှုနှင့်ပတ်သက်၍ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။

“အစီအစဉ်အရ တရုတ်နိုင်ငံရဲ့ နယ်မြေအတွင်း သိပ္ပံနည်းကျ သုတေသန စမ်းသပ်မှုတွေ ပြုလုပ်တာက ပုံမှန်ပါပဲ” ဟု ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံပိုင်မီဒီယာများက ICBM အမျိုးအစားအပါအဝင် စမ်းသပ်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်အနည်းငယ်ကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ နိုင်ငံ၏နောက်ဆုံးပေါ် တိုက်ချင်းပစ် ICBM သည် DF-41 ဟုလူသိများပြီး အကွာအဝေး ကီလိုမီတာ ၁၂၀၀၀ မှ ၁၅၀၀၀ (မိုင် ၇,၄၀၀ မှ ၉,၃၀၀ အကြား)အကွာအဝေးကိုပစ်ခတ်နိုင်ပြီး အမေရိကန်ပြည်မကြီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

‘အားကောင်းတဲ့ သတိပေးချက်’

အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားမှ တောင်တရုတ်ပင်လယ်အထိ ပတ်ဝန်းကျင် ရေပိုင်နက်များတွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် တရုတ်နိုင်ငံ၏ ထိပ်တန်းစမ်းသပ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

“တရုတ်က ဒုံးကျည်တွေ အများကြီး ပစ်လွှတ်တယ်။ သူတို့ကလွှတ်တင်သမျှကို အများစုကို မကြေညာဘူး။ အခုရွေးချယ်မယ့်ဟာက စိတ်ဝင်စားစရာပါပဲ” ဟု စင်ကာပူနိုင်ငံ Nanyang နည်းပညာတက္ကသိုလ်ရှိ S. Rajaratnam School of International Studies (RSIS) မှ အကြီးတန်းလုပ်ဖော်ကိုင်ဖက် ဒရူးသွန်မဆင်(Drew Thompson) က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဂျပန်သည် ၎င်း၏လေပိုင်နက်ထဲသို့ တရုတ်နှင့် ရုရှားစစ်လေယာဉ်များ ကျူးကျော်ဝင်ရောက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ တရုတ်နှင့် ဖိလစ်ပိုင်ရေယာဉ်များသည် အန္တရာယ်ရှိသော အသစ်ခိုက်ရန်ဖြစ်နိုင်သည့်နေရာတစ်ခုအနီးတွင် အများအပြား တွန်းတိုက်မှုများ ဖြစ်ပွား ခဲ့သည်။ တရုတ်နိုင်ငံသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းအနီးတွင် မကြာသေးမီက အပြင်းအထန် ဒုံးကျည်ပစ်ခတ်မှုနှင့် အခြား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်ဟု ထိုင်ဝမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်း၏အိမ်နီးချင်းများစွာနှင့် ပဋိပက္ခဖြစ်ပွားနေသည့် ယခုအချိန်တွင် ပစိဖိတ်သမုဒ္ဒရာ အတွင်းသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ရန်လုပ်ခဲ့ခြင်းသည် အလွန်အမင်း အင်အားပြသလိုက်ခြင်း ဖြစ်ကြောင်း သွန်မဆင် က ပြောကြားခဲ့သည်။ “ဒီပစ်လွှတ်မှုက လူတိုင်းကို ခြိမ်းခြောက်ဖို့ ရည်ရွယ်တဲ့ အားကောင်းတဲ့ အချက်ပြမှုတစ်ခုပါပဲ။”

နောက်ထပ် အဓိကမေးခွန်းကတော့ ဘယ်နိုင်ငံတွေကို ဒီလွှတ်တင်မှုအတွက် တရုတ်က ကြိုပြီး အသိပေးခဲ့တာလဲဆိုတာပါလို့ သွန်မဆင်က ပြောပါတယ်။

“တွက်ချက်မှု မှားယွင်းမှုအန္တရာယ်ကို ကာကွယ်ရန်အတွက် အချို့သော တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်တဲ့အခါ နိုင်ငံများကို အသိပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတစ်ခု ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ရုရှားနဲ့ နှစ်နိုင်ငံ သဘောတူညီချက်ကလွဲလို့ တရုတ်က သဘောတူညီချက်မှာ ပါဝင်တာ မဟုတ်ဘူး။”

စစ်အေးကာလအတွင်း အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့သည် ၎င်းတို့၏ နယ်မြေများကို ကျော်လွန်၍ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုများကို အချင်းချင်း အသိပေးရန် သဘောတူခဲ့ကြပြီး ၂၀၀၀ ခုနှစ်တွင် တိုးချဲ့ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် တရုတ်နှင့်ရုရှားတို့ သည် ဒုံးကျည်ပစ်လွှတ်မည့်အချိန်ကို အသိပေးရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ နှစ်ဖက်သဘောတူစာချုပ်သည် ၂၀၂၀ တွင် သက်တမ်း ကုန်ဆုံးပြီးနောက် နောက်ထပ်ဆယ်စုနှစ်တစ်ခု ထပ်တိုးခဲ့သည်။

ခေါင်းဆောင် ရှီကျင်းဖျင့်လက်ထက်တွင် တရုတ်နိုင်ငံသည် ၎င်း၏ နျူကလီးယားစွမ်းရည်ကို မြှင့်တင်ခဲ့ပြီး နိုင်ငံ၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်များကို ကြီးကြပ်ကွပ်ကဲသည့် အထက်တန်းစားဌာနခွဲဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ် PLA ၏ ဒုံးပျံတပ်ဖွဲ့ (Rocket Force) ကို ပြန်လည်မွမ်းမံခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း၊ ဂြိုဟ်တုဓာတ်ပုံများသည် တရုတ်နိုင်ငံ၏ သဲကန္တာရအတွင်း တိုက်ချင်းပစ်ဒုံးကျည်များအတွက် မြေအောက်ဒုံးထားရာစင် (Silos) ရာနှင့်ချီ၍ တည်ဆောက်မှုကို ပြသခဲ့ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် လာမည့်ဆယ်စုနှစ်အတွင်း ပေကျင်း လက်နက်တိုက်တွင် နျူကလီးယား ထိပ်ဖူး အရေအတွက် တိုးလာမည်ဟု ခန့်မှန်းထားသည်။

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အထိ စစ်ဆင်ရေးနျူကလီးယားထိပ်ဖူး ၅၀၀ ကျော်ကို ပိုင်ဆိုင်ထားပြီး ၂၀၃၀ ခုနှစ်တွင် ထိပ်ဖူးပေါင်း ၁,၀၀၀ ကျော်ရှိနိုင်သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ပြီးခဲ့သောနှစ်တွင် ဘေဂျင်းစစ်တပ်ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ၌ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော