နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ပလီကင် ဒုသမတဟောင်း ဒစ်ချိန်နီ၏သမီး အထက်လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီ ကင်မလာအား ထောက်ခံစည်းရုံး ဟောပြော

အောက်တိုဘာလ (၄) ရက်။

ကင်မလာဟဲရစ်၏ မဲဆွယ်စည်းရုံးရေးဆင်းနေသည့် အကြိတ်အနယ်ပြည်နယ်တခုဖြစ်သည့် ဝစ်ကွန်ဆင် ပြည်နယ် ရီပွန်မြို့ တွင် ဟဲရစ်နှင့်အတူ ရီပတ်ပလီကင် ဒုသမတဟောင်း ဒစ်ချိန်နီ၏ သမီးအထက်လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချိန်နီက ပါဝင်ပြီး ကင်မလာအား ထောက်ခံစည်းရုံးဟောပြောခဲ့သည်။

လစ်ဇ်ချိန်နီက သူမသက်တမ်းတလျှောက်တွင် မည်သည့် ဒီမိုကရက်သမတကိုမျှ မဲပေးခဲ့ခြင်း မရှိကြောင်း သို့ရာတွင်ယခုသမတရွေးကောက်ပွဲတွင် မည်သည့်ရွေးကောက်ပွဲနှင့်မှမတူသည့် အမေရိကန်သမိုင်း၏ ဒီမိုကရေစီရေးတွင် ဒေါ်နယ်ထရန့်၏ ကြီးမားသည့် ချိမ်းခြောက်မှု ရှိနေသည့်အတွက် မိမိတို့သည် အစဥ်အလာအတိုင်း ကာကွယ်ရမည်ဖြစ်ကြောင်း မိမိတို့၏ ဥရောပရှိ နေတိုးမဟာမိတ်အဖွဲ့နှင့် မဟာမိတ်အဖြစ် ခိုင်မြဲစွာ ရပ်တည်ရမည်ဖြစ်ကြောင်း ဒေါ်နယ်ထရန့်သည် ထိုအရာများကို ချိန်း‌ခြောက်နေခဲ့ပြီးအမေရိကန်ရွေးကောက်ပွဲတွင် အစဥ်အလာအရ အနိုင်ရပါတီကို ညင်သာစွာ အာဏာလွှဲ‌ပြောင်းပေးခြင်းအစဥ်အလာကို ထိန်းသိမ်းရမည်ဖြစ်ပြီး ဒေါ်နယ်ထရန့်က ညင်သာစွာ အာဏာလွှဲပြောင်းမှုကို ချိုးဖောက်ခဲ့ပြီး တရားဥပဒေစိုးမိုးရေးဘက်တော်သားများကို မိမိကိုထောက်ခံသူများက တိုက်ခိုက်သတ်ဖြတ်ရန် မိမိအာဏာဆုတ်ကိုင်ထားရေးအတွက် အားပေးခဲ့ကြောင်း အမေရိကန်လွှတ်တော်ကြီးကို တိုက်ခိုက်စေခဲ့ကြောင်း ထို့ကြောင့် သူမအနေနှင့် ကင်မလာဟဲရစ်ကို ဂုဏ်ယူစွာ ထောက်ခံမဲပေးသွားမည်ဖြစ်ကြောင်း ရီပတ်ပလီကင်များအနေနှင့် ပါတီလိုင်းကို အသေဆုတ်ကိုင်မထားဘဲ တိုင်းပြည်၏ ဒီမိုကရေစီရေးကို မျက်နှာမူ၍ ကင်မလာဟဲရစ်ကို မဲပေးကြရန် ပြောကြားခဲ့သည်။

ထို့ပြင် နာမည်ကျော် အဆိုတော်လည်းဖြစ် လူကြိုက်များသော အနုပညာရှင် ဘရုစ်စပင်းဖီးလ် ကလည်း သူ့အနေနှင့် ကင်မလာဟဲရစ်ကို ထောက်ခံကြောင်း အသံလွှင့်ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ဖလောရီဒါသည် ခိုးဝင်လာသူများကိုထိန်းသိမ်းထားရန်ယာယီထိန်းသိမ်းရေးစခန်းတခုကို အဲဗားဂလိပ်နေရာတွင်ဆောက်လုပ်ထားသည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 6 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက် ဖလော်ရီဒါအစိုးရ ရှေ့နေချုပ် ဂျိမ်းစ်အက်မိုင်ယာ (James Uthmeier)က ထိုနေရာကို “မိကျောင်းအယ်ကက်တက်ဇ်” ဟု အမည်ပေးထားပြီး
နိုင်ငံတကာသတင်း အမေရိကန်

ဆီးနိတ်အထက်လွှတ်တော်မှ ထရန့်၏  ကြီးမားသောဥပဒေကြမ်း (megabill) ကိုအတည်ပြု လိုက်သည်

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 9 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ၂ရက် ရီပတ်ပလီကင်ပါတီ GOP အထက်လွှတ်တော်အမတ် ရန်းပေါလ်(Rand Paul)၊ သွမ် တီးလ်လစ် (Thom Tillis) နှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏မဟာမိတ်များက အီလွန်မာ့ခ် ကိုပြန်လည်ရင်ဆိုင်တိုက်ခိုက်ရန်အတွက် နိုင်ငံရေးလှုံဆော်မှုကော်မတီ (super PAC )ကို စတင်ဖွဲ့စည်းလိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 9 Views
CNN – ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက် မကြာသေးမီကမှ အစိုးရစွမ်းဆောင်ရည်ထိရောက်မှုဆိုင်ရာဌာန (DOGE) တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့် ၏ အဆိုကို ထောက်ခံသူ ဂျိမ်းစ် ဖစ်ရှ်ဘက် (James Fishback)
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မာ့ခ် သည် ရွေးကောက်ပွဲပြီးနောက်ပိုင်း သူ့ရဲ့ အပြင်းထန်ဆုံး နိုင်ငံရေးအရ ခြိမ်းခြောက်မှုကို ပြုခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 12 Views
CNN  ဇွန် ၃၀ရက် ၊ ၂၀၂၅ သူသည် နိုင်ငံရေးလောကမှ ထွက်ခွာသွားပြီဟု ကြေငြာပြီးနောက် အီလွန်မာ့ခ် သည် နိုင်ငံရေးစက်ဝင်းထဲသို့ ချက်ချင်းပြန်ဝင်လာခဲ့သည်။ တနင်္လာနေ့တွင် အထက်လွှတ်တော်တွင် သမ္မတ ဒေါ်နယ်ထရန့်၏ “ကြီးကျယ် လှပသော ဥပဒေကြမ်း”
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

ဂါဇာစီးတီး ဆိပ်ကမ်းအနီးရှိ ကော်ဖီဆိုင်ကို အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဒါဇင်နဲ့ချီ သေဆုံးခဲ့သည်ဟုဆေးရုံတာဝန်ရှိသူမှပြောကြား။

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 16 Views
CNN- ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ ဂါဇာစီးတီးရှိ ဆိပ်ကမ်းနားရှိ ကော်ဖီဆိုင်ကို အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ရသည်ဟုနယ်မြေရှိ အကြီးဆုံး ဆေးရုံအကြီးအကဲက ဆိုသည်။
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

ယူကေနဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ဆေးခပ်ပြီးမုဒိမ်းကျင့်ခဲ့သည့် တရုတ်ကျောင်းသားကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 25 Views
CNN —  ဗြိတိန်နဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို မု ဆက်တိုက် မုဒိမ်းကျင့်ခဲ့သည့် တရုတ်အမျိုးသားကို တစ်သက်တစ်ကျွန်း အနည်းဆုံး ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်ပါသည်။ ဂျင်ဟောင်ဇို (Zhenhao Zou) အသက်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ထိပ်တန်းခေါင်းဆောင်က အမေရိကန်သည် ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းမှာ အောင်မြင်မှုမရရှိခဲ့ဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 25 Views
BBC သတင်း ၂၀၂၅ခုနှစ် ဂျွန်လ ၂၇ရက် အင်္ဂါနေ့က အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် ၎င်း၏ ပထမဆုံးသော လူသိရှင်ကြား မိန့်ခွန်းတွင် အီရန်၏ ထိပ်တန်းခေါင်းဆောင်က အမေရိကန်သည် ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းမှ အောင်မြင်မှုမရရှိခဲ့ဟု အခိုင်အမာ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်- အီရန် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လျှို့ဝှက်သံတမန်ရေးရာ ကြိုးပမ်းမှုများ အသေးစိတ် ထွက်ပေါ်လာခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 32 Views
CNN — ထရမ့်အစိုးရသည် အရပ်ဘက်စွမ်းအင် ထုတ်လုပ်သည့် နျူကလီးယား အစီအစဉ် တည်ဆောက်ရန်အတွက်အီရန်ကို ဒေါ်လာ ၃၀ဘီလီယံ အကူအညီပေးပြီး စီးပွားရေး ပိတ်ဆို့ထားမှုများကို လျော့ချပေးမည့်အပြင် ဘီလီယံ နှင့်ချီပြီး အေးခဲထားခဲ့သော အီရန်ပိုင်ငွေများကို ပြန်လည် အသုံးပြုခွင့်ပေးမည်