နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

ထားဝယ်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ၊ 

စစ်ကောင်စီဘက်က (၈)ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့

နိုဝင်ဘာလ (၁)ရက်။

ထားဝယ်ခရိုင်ထဲ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို (၃)ကြိမ်ဆက်တိုက် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အောက်တိုဘာလ (၁၅)ရက်နေ့နဲ့ (၁၆)ရက်နေ့က သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနဲ့ သင်းကျွန်းရွာအပြင် (၁၉)ရက်နေ့က လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတို့မှာ သန်းခေါင်စာရင်းကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒရုန်းနဲ့ (၃)ကြိမ်ဆက်တိုက် ဟန့်တားပိတ်ဆို့တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၈)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအတွက် မတရား သန်းခေါင်စာရင်းကောက်ယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို Sky Ghost Drone Force(SGDF)အပါအဝင် ထားဝယ်ခရိုင်ပကဖနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကာလထဲ စစ်ကောင်စီတပ်သားတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဘုရားစေတီနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေမှာ နေရာယူတပ်ဖြန့်ပြီး နေအိမ်ထဲက ပစ္စည်းတွေကို မတရားခိုးယူတာနဲ့ ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာလ (၁)ရက်နေ့ကစပြီး (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူခဲ့ကာ ကျန်နေသေးတဲ့သူတွေကိုလဲ ထပ်မံကောက်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

PDF တပ်ရင်းတွေအားလုံးအတွက် တစ်ကြိမ်ထောက်ပံ့ရင် ကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျတယ်လို့ NUG ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 6 Views
နိုဝင်ဘာလ (၁၃)ရက်။ PDF တပ်ရင်းအားလုံးအတွက် ထောက်ပံ့တာတစ်ကြိမ်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျတယ်လို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်ရဲ့ မနေ့က
မြန်မာ့နိုင်ငံရေး

န္ဦေးတော်လှန်ရေး ကျန်းမာရေးသူရဲကောင်းတွေနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနကို The Edward Barsky Award ဆု အမေရိကန်ကျန်းမာရေးအဖွဲ့ ချီးမြှင့်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 29 Views
အောက်တိုဘာလ (၃၁)ရက်။ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့ အခုနှစ် ညီလာခံက နွေဦးတော်လှန်ရေး ကျန်းမာရေး သူရဲကောင်းတွေနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနကို The Edward
မြန်မာ့နိုင်ငံရေး

လူထုတော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ KNPP ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 27 Views
အောက်တိုဘာလ (၂၆)ရက်။ လူထုတော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်စေဖို့ အတူတကွ ဆက်လက်ကြိုးပမ်းသွားမယ်လို့ KNPP ရဲ့ ဒီကနေ့မှာကျရောက်တဲ့ SNLD တည်ထောင်တာ (၃၆)နှစ်မြောက်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ KNPP အနေနဲ့ အားလုံးသော ရှမ်းတော်လှန်ရေးခေါင်းဆောင်တွေအပါအဝင်
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက တရက်ထဲ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်၊ အရပ်သားတစ်ဦးသေဆုံးပြီး စက်ရုံအချို့ ထိခိုက်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 30 Views
အောက်တိုဘာလ (၂၆)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် လားရှိုးမြို့ရှိ မယ်ဟန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁)နာရီကျော်ကနေ (၁)နာရီခွဲဝန်းကျင်အထိ
မြန်မာ့နိုင်ငံရေး

မြဝတီ-ဝေါလေကားလမ်းက စစ်ကောင်စီ ကာကင်းစခန်း (၃)ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 36 Views
အောက်တိုဘာလ (၂၀)ရက်။ ဒီကနေ့ မြဝတီမြို့ ဘလယ်ဒိုကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်း (၃)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရှင်းလင်းခဲ့တယ်လို့ Cobra Column 2 Venom ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြဝတီ-ဝေါ်လေ ကားလမ်း
မြန်မာ့နိုင်ငံရေး

စစ်မှုထမ်းအပတ်စဉ်(၆)အတွက် သင်တန်းသားတွေကို စစ်ကောင်စီခေါ်ယူနေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 28 Views
အောက်တိုဘာလ (၁၉)ရက်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၆)အတွက် သင်တန်းသားတွေကို စစ်ကောင်စီက ခေါ်ယူနေတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဉ်(၆)အတွက် သင်တန်းသားခေါ်ယူနေကာ မနေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်းကို သင်တန်းသားတွေ ရောက်ရှိလာခဲ့တယ်လို့
မြန်မာ့နိုင်ငံရေး

ငါးသိုင်းချောင်းနဲ့ ရခိုင် ထိစပ်ဒေသမှာ စစ်ကောင်စီက လုံခြုံရေးအင်အား တိုးချဲ့ချထား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 44 Views
အောက်တိုဘာလ (၁၉)ရက်။ အာရက္ခတပ်တော်(AA)နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန် စစ်ကောင်စီက ဧရာဝတီတိုင်း ငါးသိုင်းချောင်းနဲ့ ရခိုင် ထိစပ်ဒေသမှာ လုံခြုံရေးအင်အား တိုးချဲ့ချထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ရခိုင်မှာ တိုက်ပွဲတွေကြောင့် စကစက ရခိုင်နဲ့ ငါးသိုင်းချောင်းကြားက
မြန်မာ့နိုင်ငံရေး

စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးရ‌တွေအနေနဲ့ ကန့်ကွက်ဖို့ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တိုက်တွန်း

  • 2024 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 34 Views
အောက်တိုဘာလ (၁၂)ရက်။ စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးရတွေအနေနဲ့ ကန့်ကွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrews က NUG ကိုယ်စားလှယ်တွေနဲ့ အောက်တိုဘာလ (၁၀)ရက်က ဩစတြေးလျနိုင်ငံမှာ တွေ့ဆုံချိန် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။