နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခေါပုတ်စခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး (၃)ဦးအပါအဝင် (၁၇)ဦး ဖမ်းမိခဲ့တယ်လို့ BPLA ထုတ်ပြန်

‌နိုဝင်ဘာလ (၄)ရက်။

မနေ့က ဖာပွန်မြို့ရှိ ခေါပုတ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးအဆင့်ရှိတဲ့ ဗိုလ်ကြီး (၃)ဦးအပါအဝင် စစ်သုံ့ပန်း (၁၇)ဦး ဖမ်းမိခဲ့တယ်လို့ BPLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

KNLA၊ PDF၊ BPLA နဲ့ FFD တို့ပါဝင်တဲ့ မဟာမိတ်‌တပ်ဖွဲ့တွေက ခေါပုတ်စခန်းကနေ ဆုတ်ခွာထွက်ပြေးသွားတဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၄)ဦး သေဆုံးခဲ့ပြီး တပ်ခွဲမှူးအဆင့်ရှိတဲ့ ဗိုလ်ကြီး (၃)ဦးအပါအဝင် စစ်သုံ့ပန်း (၁၇)ဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ BPLA ဘက်က ရဲဘော်တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူအချို့လဲ ရှိခဲ့တယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

ဖာပွန်ခရိုင်ထဲရှိ စစ်‌ကောင်စီလက်ကျန်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ ခေါပုတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာလ (၂၄)ရက်နေ့က စတင်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတာကြောင့် (၂၉)ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

အင်အား (၂၀၀)ရှိတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဒဏ်ရာရသေဆုံးတာတွေ များပြားခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန် အချို့ကို ပြန်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလဲ သိမ်းဆည်းရမိခဲ့ပါတယ်။

ခေါပုတ်စခန်းဟာ နယ်စပ်တလျောက် အဓိကကျတဲ့ စခန်းတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပြီး အခုအခါ ဖာပွန်ရှိ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်အချို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တလထဲ စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း (၁၃၉)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 19 Views
မေလ (၅)ရက်။ ပြီးခဲ့တဲ့ ဧပြီလထဲ မူတြော်ခရိုင်မှာ စစ်ကောင်စီနဲ့ KNLA တပ်မဟာ (၅)တို့အကြား တိုက်ပွဲပေါင်း (၁၃၉)ကြိမ် ဖြစ်ပွားခဲ့တယ်လို့
မြန်မာသတင်း

စိုးမိုးထိန်းချုပ်နယ်မြေထဲကနေ အခွန်ဘဏ္ဍာရရှိတဲ့အခြေအနေကို NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 16 Views
မေလ (၅)ရက်။ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အခွန်ဘဏ္ဍာရရှိတဲ့ အခြေအနေနဲ့ပတ်သက်ပြီး NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနယ်မြေတွေကနေ ပြီးခဲ့တဲ့နှစ်ထဲ
မြန်မာသတင်း

KNDO ရဲ့ တပ်ဖွဲ့ဌာနချုပ်ကို ရန်ကုန် အင်းစိန်မှာ ပြန်တည်ဆောက်မယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 12 Views
မေလ (၅)ရက်။ KNDO တပ်ဖွဲ့ဌာနချုပ်ကို ရန်ကုန် အင်းစိန်မှာ ပြန်လည်တည်ဆောက်မယ်လို့ ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) စစ်ဦးစီးချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNDO ဟာ ကရင့်အမျိုးသားအစည်းအရုံး(KNU)ရဲ့ တပ်ဖွဲ့ (၂)ခုထဲက တစ်ခုဖြစ်ပြီး ကျန်တခုဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)ဖြစ်တယ်လို့
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 15 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး
မြန်မာသတင်း

ရေဦးမြို့မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 23 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က ရေဦးမြို့ အင်ပုထိုးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ရေဦး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေဦးမြို့ အင်ပုထိုးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ လေကြောင်းကနေ
မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 4 ရက်
  • 41 Views
မေလ (၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က မိုးကုတ်မြို့အနောက်ပိုင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်မြို့အနောက်ပိုင်း ကသဲရပ်ကွက်က အနောက်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်သေဆုံးသူဦးရေ ထပ်တိုးလာ

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 56 Views
မေလ (၃)ရက်။ မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် ထိခိုက်သေဆုံးသူဦးရေ ထပ်တိုးလာတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကိုင်းငလျင်ကြောင့် မေလ (၂)ရက်နေ့အထိ သေဆုံးသူ (၃၈၃၉)ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ (၅၁၀၅)ဦးရှိပြီး
မြန်မာသတင်း

နတ်တလင်းရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 53 Views
မေလ (၃)ရက်။ မနေ့က နံနက်ပိုင်းအချိန် နတ်တလင်းမြို့ ဒမငယ်ရွာရှိ စစ်ကောင်စီရဲ့ ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲကင်းစခန်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားကာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာတွေဟာ (၁)နာရီဝန်းကျင်ခန့်