နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

မာနယ်ပလောဒေသ စခန်းကုန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီရဲ့ တပ်ရင်းမှူးနဲ့ တပ်ကြပ်ကြီးအပါအဝင် (၆)ဦးကို အရှင်ဖမ်းမိခဲ့

ဒီဇင်ဘာလ (၁၈)ရက်။

ဒီဇင်ဘာလ (၁၆)ရက်နေ့က မာနယ်ပလောဒေသရှိ စစ်ကောင်စီရဲ့ အမှတ်(၃၁၁)အမြောက်တပ်ရင်း၊ ပွိုင့်(၉၁၃)စခန်းကုန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KNDO ရဲ့ ဒီကနေ့မှာ ထူတ်ပြန်ထားချက်အရ သိရပါတယ်။

“ စခန်းမှာ အင်အားက (၃၀)လောက်ပဲရှိတယ်။ ကျန်တာက အောင်ဇေယျဘက် အင်အားဖြည့်ဖို့ဆိုပြီး လာခေါ်သွားတာ။ တက်တိုက်တဲ့အချိန် ဖမ်းမိတာ (၆)ယောက်၊ အဲ့ဒီအထဲမှာ တပ်ရင်းမှူးနဲ့ တပ်ကြပ်တစ်ဦးပါတယ်” လို့ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလက ဆိုပါတယ်။

တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့သူတွေထဲ ပွိုင့်(၉၁၃)စခန်းက ရတမ(၃၃၈)တပ်ရင်းရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသီဟနဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတို့ပါဝင်ကာ စခန်းကုန်းကို KNLA/KNDO ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီစခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေက မြေပြင်ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ပြီး ဒရုန်းတွေ စနိုက်ပါတွေနဲ့ စစ်ကောင်စီတပ်အင်အား လျော့နည်းလာစေဖို့ (၃)လနီးပါး အချိန်ပေးတိုက်ခိုက်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၂၀)ကျော် သေဆုံးခဲ့ပြီး ၁၂၀မမ တစ်လက်၊ ၈၁မမ တစ်လက်၊ ပွိုင့်ဖိုက် တစ်လက်၊ MA (၂၉)လက် သိမ်းဆည်းရမိခဲ့ပြီး KNLA ပူးပေါင်းတပ်ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုအခါ မာနယ်ပလောနယ်မြေထဲ စစ်ကောင်စီတပ်စခန်း ကင်းစင်သွားပြီဖြစ်ကာ သောင်ရင်းနဲ့ သံလွင်ကို လွတ်လပ်စွာ သွားလာလို့ရပြီဖြစ်တာကြောင့် နေရပ်ပြန်လာပြီး အရင်အတိုင်း လုပ်ကိုင်စားသောက်ကြဖို့ KNDO စစ်ဦးစီးချုပ်က ဖိတ်ခေါ်ထားပါတယ်။

အစဉ်အလာကြီးမားပြီး KNU ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသမှာ စစ်ကောင်စီတပ်ရဲ့ ပွိုင့်(၉၁၃)စခန်းကို ၁၉၉၅ခုနှစ် ဇန်နဝါရီလမှာ စတင်တပ်စွဲခဲ့ပြီး နှစ်ပေါင်း (၃၀)နီးပါးအကြာမှာ အခုလို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကန့်ဘလူမြို့ မန်ကျည်းကုန်းရွာအနီးတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၁)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 2 Views
ကန့်ဘလူမြို့ မန်ကျည်းကုန်းရွာအနီးတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၁)ဦးသေဆုံးခဲ့ ဒီဇင်ဘာလ (၁၈)ရက်။ ဒီဇင်ဘာလ (၁၆)ရက်နေ့က ကန့်ဘလူမြို့ မန်ကျည်းကုန်းရွာအနီး စစ်ကောင်စီနဲ့ ပျုစောထီး
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်မှုထမ်းခေါင်းစဉ်နဲ့ အဓမ္မစုဆောင်းခံရပြီး ရှေ့တန်းပို့ခံရတဲ့ တပ်သား(၄)ဦး KNDF ထံ ထွက်ပြေးခိုလှုံ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 1 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီဇင်ဘာလ (၁၁)ရက်နေ့က ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းနယ်‌မြေတစ်ခုမှာ စစ်ကောင်စီတပ်သား (၄)ဦး KNDF ထံ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီက လူသားစာနာမှုအကူအညီတွေ အလွဲသုံးစားလုပ်တဲ့အပေါ် လက်မခံဘူးလို့ WFP ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 2 Views
ဒီဇင်ဘာလ (၁၈)ရက်။ စစ်ကောင်စီက လူသားစာနာမှု အကူအညီတွေအပေါ် အလွဲသုံးစားပြုလုပ်တာတွေကို လက်မခံဘူးလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်တွေ အသုံးပြုတဲ့ အဆောက်အဦတစ်ခုမှာ WFP အမှတ်အသားပါရှိတဲ့ ရိက္ခာအိတ်တွေ တွေ့ရှိခဲ့ရတယ်လို့
1027 Operations မြန်မာသတင်း

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းထဲ TNLA ရဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲမှာ ကျဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 2 Views
ဒီဇင်ဘာလ (၁၈)ရက်။ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲထဲ အသက်ပေးလှူခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဗိုလ်လောင်းသင်တန်းသားတွေဟာ အလုပ်သင်ဗိုလ်သင်တန်း(TAOT)ရဲ့ အပတ်စဉ် (၄)
1027 Operations မြန်မာသတင်း

နမ့်ခိုင်းတံတားအနီး MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 5 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက် (၉)နာရီအချိန်က နမ့်ခိုင်းတံတားအနီးမှာ MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို တိုက်မိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကွတ်ခိုင်နဲ့ မိုင်းယုလေးလမ်းခွဲကြား ဆက်သွယ်ထားတဲ့
မြန်မာသတင်း

အရက်မူးပြီး AA တပ်ဖွဲ့ဝင်ကို ရိုက်နှက်ခဲ့တဲ့ KIO အုပ်ချုပ်ရေးအရာရှိတစ်ဦး စစ်ဥပဒေနဲ့အရေးယူခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 6 Views
ဒီဇင်ဘာလ (၁၈)ရက်။ ပန်ဆိုင်းမြို့မှာ အရက်မူးပြီး အာရက္ခတပ်တော်(AA)ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးကို ရိုက်နှက်ခဲ့တဲ့ KIO အုပ်ချုပ်ရေးအရာရှိကို KIA က စစ်ဥပဒေနဲ့ အရေးယူခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်‌တွေထံက သိရပါတယ်။ “ ဖြစ်တာက KIO အစိုးရ အုပ်ချုပ်ရေးအရာရှိတစ်ဦးက
မြန်မာသတင်း

(၃)ရက်တာထဲ အရာတော်မြို့ပေါ်က လူငယ် (၁၁)ဦးအထိ ပေါ်တာဆွဲဖမ်းဆီးခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 4 Views
ဒီဇင်ဘာလ (၁၈)ရက်။ အခု (၃)ရက်တာကာလထဲ အရာတော်မြို့ပေါ်က လူငယ် (၁၁)ဦးအထိ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ အရာတော်မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြီးခဲ့တဲ့ (၂)ရက်လောက်ကစပြီး မြို့ပေါ်က လူငယ်တွေကို စကစက ပေါ်တာဆွဲဖမ်းဆီးနေတာ။
မြန်မာသတင်း

အုတ်ဖိုမှာ ပျုစောထီး(၂)ဦး ဖမ်းဆီးထိန်းသိမ်းထားချိန် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 3 Views
ဒီဇင်ဘာလ (၁၈)ရက်။ အုတ်ဖိုမြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ ပျူစောထီး (၂)ဦး ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့၊ အမှတ်(၁၀)ရပ်ကွက်နေ ပျူစောထီး အရှည်ကြီးနဲ့ ဝေလင်းတို့ဟာ ဆင်ကူးရွာဘက်ကနေ