နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

မာနယ်ပလောဒေသ စခန်းကုန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီရဲ့ တပ်ရင်းမှူးနဲ့ တပ်ကြပ်ကြီးအပါအဝင် (၆)ဦးကို အရှင်ဖမ်းမိခဲ့

ဒီဇင်ဘာလ (၁၈)ရက်။

ဒီဇင်ဘာလ (၁၆)ရက်နေ့က မာနယ်ပလောဒေသရှိ စစ်ကောင်စီရဲ့ အမှတ်(၃၁၁)အမြောက်တပ်ရင်း၊ ပွိုင့်(၉၁၃)စခန်းကုန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KNDO ရဲ့ ဒီကနေ့မှာ ထူတ်ပြန်ထားချက်အရ သိရပါတယ်။

“စခန်းမှာ အင်အားက (၃၀)လောက်ပဲရှိတယ်။ ကျန်တာက အောင်ဇေယျဘက် အင်အားဖြည့်ဖို့ဆိုပြီး လာခေါ်သွားတာ။ တက်တိုက်တဲ့အချိန် ဖမ်းမိတာ (၆)ယောက်၊ အဲ့ဒီအထဲမှာ တပ်ရင်းမှူးနဲ့ တပ်ကြပ်တစ်ဦးပါတယ်”လို့ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလက ဆိုပါတယ်။

တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့သူတွေထဲ ပွိုင့်(၉၁၃)စခန်းက ရတမ(၃၃၈)တပ်ရင်းရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသီဟနဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတို့ပါဝင်ကာ စခန်းကုန်းကို KNLA/KNDO ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီစခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေက မြေပြင်ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ပြီး ဒရုန်းတွေ စနိုက်ပါတွေနဲ့ စစ်ကောင်စီတပ်အင်အား လျော့နည်းလာစေဖို့ (၃)လနီးပါး အချိန်ပေးတိုက်ခိုက်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၂၀)ကျော် သေဆုံးခဲ့ပြီး ၁၂၀မမ တစ်လက်၊ ၈၁မမ တစ်လက်၊ ပွိုင့်ဖိုက် တစ်လက်၊ MA (၂၉)လက် သိမ်းဆည်းရမိခဲ့ပြီး KNLA ပူးပေါင်းတပ်ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုအခါ မာနယ်ပလောနယ်မြေထဲ စစ်ကောင်စီတပ်စခန်း ကင်းစင်သွားပြီဖြစ်ကာ သောင်ရင်းနဲ့ သံလွင်ကို လွတ်လပ်စွာ သွားလာလို့ရပြီဖြစ်တာကြောင့် နေရပ်ပြန်လာပြီး အရင်အတိုင်း လုပ်ကိုင်စားသောက်ကြဖို့ KNDO စစ်ဦးစီးချုပ်က ဖိတ်ခေါ်ထားပါတယ်။

အစဉ်အလာကြီးမားပြီး KNU ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသမှာ စစ်ကောင်စီတပ်ရဲ့ ပွိုင့်(၉၁၃)စခန်းကို ၁၉၉၅ခုနှစ် ဇန်နဝါရီလမှာ စတင်တပ်စွဲခဲ့ပြီး နှစ်ပေါင်း (၃၀)နီးပါးအကြာမှာ အခုလို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို