နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ဓာတ်ပုံများ AA ထုတ်ပြန်လာ

ဒီဇင်ဘာလ (၂၂) ရက်။

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ (၁၄) ရက်၊ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်မှာ အပြီးသတ်သိမ်းပိုက်ပြီးတဲ့နောက် ဓာတ်ပုံတွေကို ဒီနေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့မှာ AA က ထုတ်ပြန်လာပါတယ်။

တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းတွေအားလုံးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့က စတင်ခဲ့တဲ့ ရခိုင်စစ်ပွဲ တစ်နှစ်ကျော်မှာ အာရက္ခတပ်တော် (AA) အနေနဲ့ ရခိုင်က မြို့နယ် (၁၃) ခုနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဂွမြို့နယ်ကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ချင်းညီနောင် ထုတ်ပြန်ထားတဲ့ မင်းတပ်မြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ကြေညာချက်မှာလည်း အာရက္ခတပ်တော် (AA) ဘက်က လက်နက်ခဲယမ်းအပြင် စစ်ရေးဆိုင်ရာအကြံဉာဏ်တွေလည်း ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ။ AA Info Desk

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီ ဂွမြို့ကို မကြာခင် လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ AA ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၂)ရက်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျား ထွက်ပြေးနေတာတွေနဲ့အတူ ဂွမြို့ကို မကြာခင်ရက်တွေထဲ လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ AA ရဲ့ ဒီကနေ့မှာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

နပခဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ AA အောင်ပွဲအတွက် NUG သမ္မတရုံးက ဝမ်းမြောက်သဝဏ်လွှာပေးပို့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 13 Views
ဒီဇင်ဘာလ (၂၂)ရက်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အာရက္ခတပ်တော်(AA)ရဲ့ အောင်ပွဲအတွက် NUG သမ္မတရုံးက မနေ့က ဂုဏ်ပြုဝမ်းမြောက်သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့နဲ့ နပခစစ်ဌာနချုပ်ကို အပြီးသတ်သိမ်ပိုက်နိုင်ခဲ့ပြီလို့ AA အတည်ပြုထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၁)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်မှာ နပခစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အမ်းမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA အနေနဲ့ နပခစစ်ဌာနချုပ်ထဲက နောက်ဆုံးကျန်တဲ့ တိုင်းစစ်ရုံးထဲရှိ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

နပခကနေ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လေကြောင်းနဲ့ လက်နက်ကြီးတွေကြားက AA ကယ်ထုတ်ပေးနေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 18 Views
ဒီဇင်ဘာလ (၂၀)ရက်။ နပခဌာနချုပ်ကနေ လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ကြားက ကယ်ထုတ်ပေးနေတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နပခကနေ ကယ်ထုတ်ပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ ထိခိုက်ဒဏ်ရာရသူတွေလဲ ပါဝင်ကာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်း နပခဌာနချုပ်မကျစေဖို့ တိုင်းစစ်ရုံးထဲကနေ စစ်ကောင်စီရာနဲ့ချီက အသည်းအသန် ခုခံကာကွယ်နေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၉)ရက်။ အမ်းမြို့ နပခဌာနချုပ်မကျစေဖို့ တိုင်းစစ်ရုံးထဲကနေ စစ်ကောင်စီ ရာနဲ့ချီက အသည်းအသန် ခုခံကာကွယ်နေတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုးစစ်ဆင်နေတဲ့ နပခဌာနချုပ်ရှိရာ အမ်းဒေသထဲက စစ်ကောင်စီစခန်းတွေ အားလုံးထဲမှာ နပခဌာနချုပ် တိုင်းစစ်ဌာနချုပ်ဂွင်(တိုင်းစစ်ရုံး)ထဲက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးဖို့ ကြိုးစားတဲ့ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အသေဖမ်းမိ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 25 Views
ဒီဇင်ဘာလ (၁၉) ရက်။ ဘားအံအခြေစိုက် တပ်မ (၂၂) ယာယီတပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို မောင်တော ရှေ့တန်း နေရာတခုဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၅) ကနေ ဆုတ်ခွာထွက်ပြေးစဉ် အာရက္ခတပ်တော် (AA) က
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်း နပခက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချတဲ့အခြေအနေ AA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 26 Views
ဒီဇင်ဘာလ (၁၇)ရက်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချတဲ့အခြေအနေ ရုပ်သံဖိုင်တစ်ခုကို AA က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီရုပ်သံဖိုင်ထဲ နပခဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား အလံဖြူထောင် လက်နက်ချလာတာကို ဖော်ပြထားပြီး
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA အတည်ပြုပြောဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 38 Views
ဒီဇင်ဘာလ (၁၆)ရက်။ မနေ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အာရက္ခတပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခရဲ့ အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။ “ တောင်ကုတ်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စကခ(၅)တပ်မဌာနချုပ်ကို အပြီးသတ်ရှင်းလင်းစိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်”