ဇွန်လ (၂၀)ရက်။
ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရေစကြိုတပ်ဆီပြန်လာတဲ့ ခွေးစစ်ကြောင်းကို ပကဖရဲဘော်တွေက အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာ။ အဲ့ဒီတိုက်ပွဲက (၁)နာရီနီးပါးကြာတယ်။ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိတယ်” လို ဆိုပါတယ်။
အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ မြိုင်မြိုနယ် လင်းကလောနယ်မြေရဲစခန်းမှာ (၁)လနီးပါး ရောက်ရှိခဲ့ပြီး ရေစကြိုတပ်ဆီ ပြန်လာချိန်မှာ တိုက်ခိုက်ခံရတာပါ။
အဲ့ဒီတိုက်ခိုက်ခံရတာကြောင့် စစ်တပ်လက်က (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဇီးတောပျူရွာထဲ ဝင်ရောက်သွားခဲ့တယ်လို ဆိုထားပါတယ်။
တိုက်ပွဲထဲ စစ်တပ်ဆီကနေ ၅.၅၆ကျည် (၄၅၀)တောင့်၊ ၆၀မမ ဗုံးသီး(၂)လုံး၊ MA ကျည်ဘောက်ဝိုင်း တခုတိုကို သိမ်းဆည်းရမိခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို ရေစကြိုမြိုနယ်ပကဖ၊ ပခုက္ကူခရိုင်တပ်ရင်း(၉)နဲ့ မြိုင်မြိုနယ်ပကဖတို ပူးပေါင်းလုပ်ဆောင်ခဲ့တာလို သိရပါတယ်။







