နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

တစ်နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား (၁၈၀၀)ကျော် သေဆုံးခဲ့

ဇန်နဝါရီလ (၁၀)ရက်။

၂၀၂၄ခုနှစ် တစ်နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားသေဆုံးသူ (၁၈၂၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူတွေထဲ လိင်စိတ်ခံယူမှုကွဲပြားသူ (၁)ဦး၊ အမျိုးသမီး (၆၈၂)ဦးနဲ့ အမျိုးသား (၁၁၉၄)ဦးဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့သူတွေထဲ အသက် (၁၈)နှစ်အောက် ကလေးငယ် (၂၄၈)ဦးပါဝင်ကာ လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ (၆၄၁)ဦးနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ (၅၂၅)ဦးရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တနှစ်တာကာလထဲ နိုင်ငံတဝန်းမှာ စစ်အုပ်စုက လိင်စိတ်ခံယူမှုကွဲပြားသူ (၁)ဦးအပါအဝင် အမျိုးသမီး (၂၁၅)ဦးနဲ့ အမျိုးသား (၅၅၀)ဦး ဖမ်းဆီးခဲ့ပြီး အဲ့ဒီအထဲမှာ ရန်ကုန်က (၂၀၈)ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး (၁၂၆)ဦးနဲ့ အမျိုးသား (၅၀၇)ဦးရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အဲ့ဒီထောင်ဒဏ်ချမှတ်ခံရသူတွေထဲ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရသူ (၄၈)ဦးနဲ့ သေဒဏ်ချမှတ်ခံထားရသူ (၆)ဦးပါဝင်ကာ ပြစ်ဒဏ်ချမှတ်ခံရသူ (၆၃၃)ဦးထဲ စစ်ကိုင်းက (၄၈၂)ဦးနဲ့ အများဆုံးလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ပြီး အောင်ပွဲရရယူဖို့ အချိန်ကောင်းလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 1 Views
ဇန်နဝါရီလ (၁၀)ရက်။ တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်မြှင့်တင်ကာ အောင်ပွဲရရှိဖို့ အချိန်အခါကောင်းလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မန္တလေးမှာ စစ်ကောင်စီရဲ့ တိုင်းအကူရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းခန်းတွေ မီးလောင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 5 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၅၀)မိနစ်က မန္တလေး ချမ်းအေးသာဇံမြို့နယ် ပါတ်ကုန်းပျော်ဘွယ်ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ တိုင်းအကူရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းခန်းမှာ
မြန်မာသတင်း

ဘယ်လာရုစ်နဲ့ စစ်ကောင်စီတို့ ဖွံ့ဖြိုးမှု ပူးတွဲဆောင်ရွက်ဖို့ ရည်ရွယ်တဲ့ စာလွှာ လက်မှတ်ရေးထိုး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 6 Views
ဇန်နဝါရီလ (၁၀)ရက်။ မနေ့က နေပြည်တော်မှာ ဘယ်လာရုစ်နဲ့ စစ်ကောင်စီတို့အကြား ဖွံ့ဖြိုးမှု ပူးတွဲဆောင်ရွက်ဖို့ ရည်ရွယ်တဲ့ စာလွှာကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စာလွှာကို စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစောနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး
မြန်မာသတင်း

စစ်မှုထမ်းဥပဒေနဲ့ တပ်သားဖြစ်လာသူ (၂)ဦး KNLA ထံ လက်နက်ချအလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 4 Views
ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၅)ရက်နေ့က စစ်ကောင်စီတပ်ရဲ့ မဖြစ်မနေ စစ်မှုမထမ်းမနေရဥပဒေနဲ့ တပ်သားဖြစ်လာသူ (၂)ဦး KNLA ထံ လက်နက်ချ အလင်းဝင်လာတယ်လို့ KNU ရဲ့ မ‌နေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ မဖြစ်မနေ
မြန်မာသတင်း

ချင်းပြည်မှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG ခေါ်ယူ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 6 Views
ဇန်နဝါရီလ (၁၀)ရက်။ ချင်းပြည်ရှိ ဆေးရုံနဲ့ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG ကျန်းမာရေးဝန်ကြီးဌာနက ခေါ်ယူနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်း ခေါ်ယူတာဟာ ချင်းပြည်အစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့
မြန်မာသတင်း

ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းကြဖို့ စစ်ခေါင်းဆောင် တိုက်တွန်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 8 Views
ဇန်နဝါရီလ (၁၀)ရက်။ တိုင်းရင်းသားတွေအကြား ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းကြဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ ကချင်ပြည်နယ်နေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးအတွက် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာမှာ သဘောထားကွဲလွဲတာတွေ လျော့နည်းပပျောက်စေပြီး ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီနဲ့ လွှတ်တော်လမ်းကြောင်းပေါ်ကို
မြန်မာသတင်း

ဗန်းမော်လေဆိပ်ကို KIA ပူးပေါင်းတပ် သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 15 Views
ဇန်နဝါရီလ (၉) ရက်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ဒီနေ့ ဇန်နဝါရီလ ၉ရက်နေ့မှာ ဗန်းမော်လေဆိပ်က စစ်ကောင်စီတပ်က ဆုတ်ခွာသွားလို့ ဗန်းမော်လေယာဉ်ကွင်းကို သိမ်းပိုက်နိုင်ပြီ ဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ
မြန်မာသတင်း

လယ်ဒိုမြို့နယ်ထဲက စစ်ကောင်စီရဲ့ မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 13 Views
ဇန်နဝါရီလ (၉)ရက်။ ဇန်နဝါရီလ (၅)ရက်နေ့က လယ်ဒိုမြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီ ကျူးကျော်တပ်စွဲထားတဲ့ မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းကို