ဇန်နဝါရီလ (၁၆)ရက်။
ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေအနေနဲ့ ဥပဒေစည်းကမ်းချက်တွေ ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ တရားစွဲမယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပုံနှိပ်တာနဲ့ ထုတ်ဝေတဲ့လုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ထုတ်ဝေစာတွေကို ဖတ်ရှုလေ့လာစိစစ်ပြီး ကြပ်မတ်စိစစ်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဆိုပါတယ်။
ဒါ့ကြောင့် ဥပဒေစည်းကမ်းချက်တွေကို ဖောက်ဖျက်ကျူးလွန်သူတွေကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ်တွေ ရုပ်သိမ်းတာ၊ တရားမဝင်ထုတ်ဝေစာအနေနဲ့ ထုတ်ပြန်တာနဲ့ တရားစွဲတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ညစ်ညမ်းစာတွေကို ပုံနှိပ်၊ ထုတ်ဝေခဲ့တာကြောင့် လုပ်ငန်းပိတ်သိမ်းထားတဲ့ ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၃)ဦးစာရင်းကို ထုတ်ပြန်အသိပေးကြေညာထားတာပါ။
စစ်ကောင်စီဟာ ပုံနှိပ်တာနဲ့ ထုတ်ဝေတဲ့လုပ်ငန်းတွေကို ဟီရိဩတ္တပ္ပကင်းတဲ့ လူ့အဖွဲ့အစည်းက လက်မခံတဲ့ ခံစားနားလည်တာကို လွဲမှားစေနိုင်တာကြောင့်ဆိုပြီး လုပ်ငန်းပိတ်သိမ်းတာနဲ့ တရားစွဲတာတွေ ပြုလုပ်နေတာပါ။
စစ်ကောင်စီလက်ထက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့် ကန့်သတ်ထိန်းချုပ်တာတွေ ပိုမိုပြုလုပ်လာပြီး ပုံနှိပ်တိုက်နဲ့ စာပေတိုက် (၁၅)ခုအထိ ပိတ်သိမ်းခံထားရတယ်လို့ သိရပါတယ်။