NUG စစ်အနိုင်တိုက်မှာလား ဘာတွေပြင်ဆင်ထားပြီးပြီလဲ?
မြန်မာ့နွေဦး တော်လှန်ရေး၄နှစ်ထဲ ဝင်ရောက်လာပြီးနောက် တိုင်းရင်းသားတောင်ပေါ်နဲ့ ကမ်းရိုးတန်းညီနောင်တွေ နယ်မြေစိုးမိုးမှုတွေ ရရှိလာခဲ့ပြီး စစ်အုပ်စုဟာ တိုက်တိုင်းရှုံးဘဝကို ရင်ဆိုင်လာခဲ့ရပါတယ်၊ တိုက်စစ်ထက် ခံစစ်ကိုဦးစားပေးလာခဲ့ရပြီး သူတို့အဓိက အားကိုး ရတာက လေတပ်ကနေလေယဥ်နဲ့ အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ် နေခဲ့တာဘဲ ဖြစ်ပါတယ်။
NUGအနေနဲ့တောင်ပေါ်သားညီနောင်တွေနဲ့ကမ်းရိုးတန်းညီနောင်တွေလိုဘာကြောင့်မစွမ်းဆောင်နိုင်သလဲဆိုတာကို ရှေ့နေကြီးဦးကြီးမြင့်နဲ့ ဦးထွန်းအောင်ကျော်တို့က ဝေဖန်ထောက်ပြ ထားပါတယ်။
ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့