နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်ကုမ္ပဏီ DeepSeek က တန်ဖိုးနည်း AI မော်ဒယ်လ်ကို ထုတ်ပြန်ကြေညာပြီးနောက် အမေရိကန်စတော့ဈေးကွက် ထိုးကျသွား

ဇန်နဝါရီလ (၂၈) ရက်။

အမေရိကန်စတော့ရှယ်ယာစျေးနှုန်းများသည် ဇန်နဝါရီလ (၂၇) ရက် အင်္ဂါနေ့တွင် ကျဆင်းသွားပြီး ဉာဏ်ရည်တု (AI) တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီကြီး Nvidia သည် စျေးကွက်အရင်းအနှီးမှ ဒေါ်လာ ၆၀၀ ဘီလီယံနီးပါး ဆုံးရှုံးသွားခဲ့သည်။ တရုတ် AI ကုမ္ပဏီ Deepseek ၏ အံ့အားသင့်ဖွယ် တိုးတက်မှုများသည် ပြိုင်ဘက်မရှိဟု ယုံကြည်ရသော အမေရိကန် နည်းပညာလုပ်ငန်းကို ခြိမ်းခြောက်လာနေသည်ဟု ရှုမြင်ကြသည့်အတွက်ဖြစ်သည်။

လွန်ခဲ့သော ရက်သတ္တပတ်က သက်တမ်းတစ်နှစ်သာရှိသေးသည့် တရုတ်ကုမ္ပဏီဖြစ်သည့် Deepseek သည် “ R1” ဟုခေါ်သော “ ChatGPT” ကဲ့သို့သော မျိုးဆက်သစ် AI မော်ဒယ်ကို ထုတ်ဖော်ပြသခဲ့သည်။ ဤမော်ဒယ်တွင် ရင်းနှီးပြီးသား အင်္ဂါရပ်များ ပါရှိပြီး OpenAI၊ Google နှင့် Meta တို့မှ နာမည်ကြီး AI မော်ဒယ်များနှင့်နှိုင်းယှဉ်လျင် ကုန်ကျစရိတ် အနည်းငယ်ဖြင့် လုပ်ဆောင်ပါသည်။ အခြေခံမော်ဒယ်အတွက် ကွန်ပြူတာစွမ်းအင်အတွက် အမေရိကန်ဒေါ်လာ ၅.၆ သန်းသာ သုံးစွဲခဲ့သည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။ ဤအချက်သည် AI နည်းပညာအတွက် အမေရိကန် ကုမ္ပဏီများ သုံးစွဲနေသည့် ဒေါ်လာဘီလီယံပေါင်းများစွာနှင့် နှိုင်းယှဉ်စရာ မလိုအောင် နည်းလှသည်။

ဇန်နဝါရီလ (၂၇) ရက်တွင် Deepseek ၏ကြေညာချက်သည် စျေးကွက်များ အထူးသဖြင့် နည်းပညာကဏ္ဍကို တုန်လှုပ်ချောက်ချားစေခဲ့ပါသည်။

နည်းပညာကုမ္ပဏီ အများအပြားပါတွင်သည့် Nasdaq သည် 3.1% ကျဆင်းခဲ့ပြီး S&P 500 သည် 1.5% ကျဆင်းခဲ့သည်။

သမ္မတထရန့်ကို ထောက်ခံသူ၊ ကမ္ဘာ့ထိပ်တန်း အိုင်တီရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ဦးဖြစ်သူ Marc Andreessen က Deepseek က “ကျွန်တော်မြင်ဖူးသမျှ အံ့ဩစရာအကောင်းဆုံး တိုးတက်မှုတွေထဲက တစ်ခု” ဖြစ်သည်ဟု ၎င်း၏ X (ယခင် Twitter) အကောင့်တွင် ပြောဆိုထားပါသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ကိုးကား၍ အမေရိကန်သည် တရုတ်နိုင်ငံသို့ အဆင့်မြင့် AI ချစ်ပ်များ ထောက်ပံ့မှုကို ကန့်သတ်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည့်အတွက် လူသိများသော AI startup မှ ဤအောင်မြင်မှုသည် ပို၍ထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် DeepSeek သည် စွမ်းဆောင်ရည်နည်းသော AI ချစ်ပ်ကို အသုံးပြု၍ တန်ဖိုးနည်းမော်ဒယ်ကို ဖန်တီးနိုင်သည်ကို ပြသနိုင်သောကြောင့်ဖြစ်သည်။

အဆိုပါ ကြေညာချက်သည် နည်းပညာမဟုတ်သော ကုမ္ပဏီများတွင် Wall Street ၏ ရင်းနှီးမြုပ်နှံမှုတွင် ကြီးမားသော အပြောင်းအလဲတစ်ခုအဖြစ် အမှတ်အသားပြုခဲ့သည်။

AI ဒေတာစင်တာများသည် လျှပ်စစ်ဓာတ်အား အမြောက်အမြား လိုအပ်သောကြောင့် စွမ်းအင်ကုမ္ပဏီများ၏ ရှယ်ယာများသည် မကြာသေးမီနှစ်များအတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်။ သို့သော် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကုမ္ပဏီအားလုံးအတွက် စတော့ရှယ်ယာဈေးများလည်း သိသိသာသာ ကျဆင်းသွားသည်။

ဓာတ်အားပေးစက်များတွင် အသုံးပြုသည့် သဘာဝဓာတ်ငွေ့၏ အနာဂတ်ဈေးနှုန်းသည် ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရေနံစိမ်းမှာလည်း ၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။

အမေရိကန်သာ AI ကဏ္ဍတွင် အမေရိကန်ကုမ္ပဏီများသာ ဦးဆောင်နိုင်သည်ဆိုသည့်အမြင်ဖြင့် ရင်းနှီးမြှပ်နှံသူများက အမေရိကန် ကုမ္ပဏီများသို့ အမြောက်အများ ရင်းနှီးမြှုပ်နှံကြပါသည်။ DeepSeek တန်ဖိုးနည်းမော်ဒယ်ကို မိတ်ဆက်လိုက်သည့်အခါ ရင်းနှီးမြှုပ်နှံသူများက အမေရိကန်ကုမ္ပဏီများတွင် ရင်းနှီမြှုပ်နှံမှုများမှ ပြန်ဆုတ်လိုက်သည့်အတွက် ဈေးကွက်ပြုတ်ကျသွားရခြင်း ဖြစ်သည်။

အမေရိကန်သမတထရန့်ကိုယ်တိုင် တရုတ်နည်းပညာကုမ္ပဏီ DeepSeek ကြောင့် အမေရိကန်နည်းပညာကုမ္ပဏီများ ပြိုင်ဆိုင်မှုတွေကို အာရုံစိုက်ရန် နိုးထဖို့လိုပြီဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်၏ ထိပ်တန်းရှေ့နေဖြစ်သူ အမျိုးသမီးစစ်ဗိုလ်ချုပ် အီဖက်တိုမီယူဆလာမီ (Maj Gen Yifat Tomer-Yerushalmi) အရေးယူခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 23 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၄ရက်။ ပါလက်စတိုင်းအကျဥ်းသားများကိုလိင်မှုဆိုင်ရာအစ္စရေးစစ်တပ်မှကျူးလွန်မှုကိုဖွင့်ချလိုက်ခြင်းကြောင့် ဟုဆို။ CNN နှင့် အခြားသတင်းဌာနများမှ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည့် သတင်းအချက် အလက်များကို
နိုင်ငံတကာသတင်း

 အမေရိကန်နိုင်ငံရေး၊ အစ္စရေး-ဟားမတ်စ်စစ်ပွဲနှင့် ရုရှား-ယူကရိန်းစစ်ပွဲတို့နှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို အကျဉ်းချုပ် တင်ပြပေး လိုက်ပါတယ်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 24 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၄ရက် အမေရိကန်နိုင်ငံရေး (US Politics) အစိုးရလုပ်ငန်း ရပ်ဆိုင်းမှုနှင့် တရားရုံးစီရင်ချက်များ: လက်ရှိတွင် အမေရိကန်အစိုးရ၏ လုပ်ငန်းများ (Government
နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက ဖီလီဘက်စတာကို အပြီးသတ်ဖျက်သိမ်းရန် ထရန့်ဖ်၏ တောင်းဆိုမှုကို ပယ်ချ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 36 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် သမ္မတ ဒေါ်နယ်လ် ထရန့်ဖ်က အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းနေသည်ကို အဆုံးသတ်ရန် အတွက် ဆီးနိတ်လွှတ်တော် ဖီလီဘက်စတာ(Filibuster) (ဥပဒေကြမ်းအပေါ် အချိန် ကြာမြင့်စွာ ငြင်းခုန်ခြင်း)
နိုင်ငံတကာသတင်း ဗြိတိန်

ဗြိတိသျှမင်းသား အင်ဒရူး (Prince Andrew)မင်းသား ဘွဲ့မှ ဖယ်ရှားခံရခြင်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 36 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၁ရက် သုံးယောက်မြောက်ချားလ်ဘုရင်(King Charles III) သည် ညီတော် မင်းသား အင်ဒရူး(Prince Andrew) ၏ မင်းသားဘွဲ့ (Prince title) အပါအဝင် တော်ဝင်ဘွဲ့များအားလုံးကို ဖယ်ရှားကာ ၎င်းနေထိုင်ရာ တော်ဝင်စံအိမ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့တွေ့ကြပြီ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 70 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၀ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ဟာ ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ ကြာသပတေးနေ့ မှာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန်

 အစ္စရေး၏ ဂါဇာတိုက်ခိုက်မှုများတွင် လူ ၁၀၄ ဦး သေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောကြား၊ ဟားမတ်စ်အား စစ်သားသတ်မှုဖြင့် အစ္စရေးကစွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 69 Views
BBC- ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အလယ်ပိုင်း ဂါဇာရှိ နူစိုင်ရတ် ဒုက္ခသည်စခန်းတွင် လူ လေးဦး သေဆုံးခဲ့သည်။ အင်္ဂါနေ့ညက ဂါဇာတွင် အစ္စရေးတို့၏ လှိုင်းလုံးလိုက် လေကြောင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထရန့်တို့ တွေ့ဆုံမည့် အစီအစဉ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 49 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တွေ့ဆုံမည့်ရက်: သမ္မတ ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အောက်တိုဘာလ ၃၀ ရက်နေ့ (ကြာသပတေးနေ့) တွင် တောင်ကိုရီးယား၌ ပြုလုပ်သည့် APEC ထိပ်သီး အစည်းအဝေး ဘေးပန်းနေရာတခုတွင် တွေ့ဆုံရန်
တောင်ကိုးရီးယား နိုင်ငံတကာသတင်း အမေရိကန်

တောင်ကိုရီးယားသမ္မတ လီမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော လောင်စာအတွက် ထရန့်ဖ်အား တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 47 Views
CNN ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနှင့် တရုတ်တို့၏ ရေငုပ်သင်္ဘောများကို ယှဉ်ပြိုင်နိုင်ရန် တည်ဆောက်လိုသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ အတွက် လောင်စာ ရရှိရေးအတွက် အမေရိကန်၏ ခွင့်ပြုချက်ကို ထပ်မံတောင်းဆိုခဲ့ပါသည်။ တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်