နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် ဝါရှင်တန်ပြည်နယ်ဖဒရယ်တရာရုံးက ထရန့်၏ ဖက်ဒရယ်ထောက်ပံ့ကြေး ယာယီဆိုင်းငံ့ရန် ကြိုးပမ်းမှုကို အတည်မပြုမီ မိနစ်ပိုင်းအတွင်း ယာယီပိတ်ပင်

ဇန်နဝါရီလ (၂၉) ရက်။

ဖက်ဒရယ်ထောက်ပံ့ငွေများ၊ ချေးငွေများနှင့် အခြားဘဏ္ဍာရေးအကူအညီများကို ဆိုင်းငံ့ထားရန် ထရန့်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အသစ်ကို ဗဟိုတရားသူကြီးတစ်ဦးဖြစ်သည့် လော်ရင်အာလီခန်းက ယာယီပိတ်ဆို့ထားသည်။

ဝါရှင်တန်ရှိ အမေရိကန်ဖက်ဒရယ်တရားရုံးမှ တရားသူကြီး လော်ရင် အာလီခန်းသည် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အဆိုပါအမိန့် အသက်မဝင်မီ မိနစ်ပိုင်းအလိုတွင် တားမြစ်ချက်ထုတ်ပြန်ခဲ့သည်။ ယင်းသို့ယာယီ တားမြစ်ခြင်းသည် ယင်းအမှုကို အကျိုးရှိမရှိ စီရင်ဆုံးဖြတ်ခြင်း မဟုတ်ကြောင်းနှင့် ယင်းအမှုကို ရေရှည် ဆိုင်းငံ့ရန် အမိန့်ထုတ်ပြန်သင့်မသင့် ဆုံးဖြတ်ရန်အတွက် ဖေဖော်ဝါရီ ၃ ရက်တွင် ထပ်မံကြားနာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တားမြစ်ချက်သည် ဖက်ဒရယ်အေဂျင်စီများအား ပေးအပ်ထားပြီးဖြစ်သည့် အကူအညီအတွက်သာ အကျုံးဝင်ပြီး ထရန့် အစိုးရ၏ ရန်ပုံငွေအသစ်ကို ဆိုင်းငံ့ခြင်းမှ တားဆီးထားခြင်းမရှိပါ။

ထောက်ပံ့ကြေးများနှင့် အခြားငွေပေးချေမှုများကို ဆိုင်းငံ့ခြင်းအား အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၏ ညွန့်ပေါင်းအဖွဲ့မှ ကန့်ကွက်တရားစွဲဆိုထားပြီး ယာယီဆိုင်းငံ့မှုပင်လျှင် “ကျွန်ုပ်တို့၏ နိုင်ငံသားများနှင့် လူမှုအသိုင်းအဝိုင်းများအတွက် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ အသေးစား အလတ်စား လုပ်ငန်းများအတွက် ပံ့ပိုးကူညီမှုများ၊ LGBTQ အသိုက်အဝန်းအတွက် ပရိုဂရမ်များစသည့် “နိုင်ငံသားများနှင့် အသက်ကယ်သည့် ဝန်ဆောင်မှုများ” ချက်ချင်းဆုံးရှုံးသွားစေနိုင်သည်ဟု ပြောဆိုခဲ့သည်။

စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံး (OMB) မှ ယာယီညွှန်ကြားရေးမှူး Bass က ဇန်နဝါရီလ ၂၇ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့သော စာရွက်စာတမ်းအရ ထောက်ပံ့ကြေးအား ရပ်ဆိုင်းထားမှုသည် ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် စတင်အကျုံးဝင်မည်ဖြစ်သည်။

သမ္မတထရန့်၏ ယခင်သမ္မတအမိန့်များတွင် ပစ်မှတ်ထားခဲ့သည့် “ဖက်ဒရယ်ဘဏ္ဍာရေးအကူအညီ” နှင့် အခြားအစီအမံများကို ယာယီရပ်ဆိုင်းရန် အစိုးရအေဂျင်စီများအား တောင်းဆိုခဲ့သည်။ ၎င်းတို့တွင် နိုင်ငံခြားအကူအညီများအပေါ် ကန့်သတ်ချက်များအပြင် မတူကွဲပြားမှု၊ သာတူညီမျှမှုနှင့် ပါဝင်မှု (DEI) ပရိုဂရမ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကျားမရေးရာနှင့်ပတ်သက်သော အစီအစဉ်များနှင့် အစိမ်းရောင်စွမ်းအင်ဆိုင်ရာ ပံ့ပိုးကူညီမှုများလည်း ပါဝင်သည်။

ယခုအကြိမ် အစိုးရ၏ညွှန်ကြားချက်များနှင့်ပတ်သက်ပြီး ဇန်နဝါရီလ (၂၈) ရက်နေ့ ညနေပိုင်းတွင် ပြည်နယ် ၂၀ ကျော်မှရှေ့နေချုပ်များသည် Rhode Island ရှိ ဖက်ဒရယ်တရားရုံးတွင် ပူးတွဲတရားစွဲဆိုခဲ့သည်။ အမှုနှစ်ခုစလုံးတွင် တရားလိုများသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ပင်ရန် ကြိုးပမ်းနေပါသည်။

အိမ်ဖြူတော်၏တုံ့ပြန်မှု

အိမ်ဖြူတော်က ဖက်ဒရယ်တရားသူကြီး၏ အမိန့်ကို ချက်ချင်း မှတ်ချက်မပေးဘဲ အခွန်ထမ်းငွေကို ထိန်းချုပ်ခြင်းအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပဋိပက္ခ ဖြစ်နိုင်ချေကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေကြောင်း အေပီသတင်းအရ သိရသည်။

ဓာတ်ပုံ

ဝါရှင်တန်ရှိ အမေရိကန်ဖက်ဒရယ်တရားရုံးမှ တရားသူကြီး လော်ရင်အာလီခန်း

အချက်အလက်။

လော်ရင်အာလီခန်း (Loren AliKhan) ဆိုသည်မှာ ဘယ်သူလဲ။

မူလမျိုးရိုးမှာ ပါကစ္စတန်မှဖြစ်ပြီး ဖခင်မှာ ဗြိတိသျှအစိုးရလက်ထက် အိန္ဒိယနိုင်ငံတွင် မွေးဖွားခဲ့ပြီး အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ခွဲထွက်ခဲ့သည့် ပါကစ္စတန်နိုင်ငံတွင် နေထိုင်ခဲ့သည်။ ဖခင်သည် နှလုံးအထူးကုဆရာဝန် ဖြစ်ပြီး မိခင်မှာ သူနာပြုဆရာမ ဖြစ်သည်။

သူမကို မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးတွင် မွေးဖွားခဲ့ပြီး၊ သူမသည် ၂၀၀၃ ခုနှစ်တွင် Simon’s Rock ရှိ Bard ကောလိပ်မှ ဝိဇ္ဇာဘွဲ့နှင့် ၂၀၀၆ ခုနှစ်တွင် Georgetown University Law Center မှ ဥပဒေပါရဂူဘွဲ့ကို ရရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော