နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လေယာဉ်မတော်တဆမှု ဖြစ်ပွားချိန်မှာ လေကြောင်းထိန်းချုပ်ရေးမှူးတစ်ဦးသာရှိတဲ့ ဝန်ထမ်းမလုံမလောက် ဖြစ်နေတဲ့ လေကြောင်းထိန်းချုပ်ရေးမှူးတွေကို စောစီးစွာ အငြိမ်းစားယူဖို့ ထရန့်အစိုးရက တောင်းဆိုထား

ဖေဖော်ဝါရီလ (၁) ရက်။

အင်္ဂါနေ့က ဝါရှင်တန်ဒီစီမြို့တော်မှာ ခရီးသည်တင်လေယာဉ်နဲ့ စစ်တပ် ရဟတ်ယာဉ်နဲ့ တိုက်မိမှု ဖြစ်ပွားပြီးနောက် ထရန့် အစိုးရက ပြည်ထောင်စု ၀န်ထမ်းတွေကို အဆိုပြုထားတဲ့ စောစီးစွာအငြိမ်းစားယူဖို့ တောင်းဆိုထားတဲ့ အစီအစဉ်မှာ လေကြောင်းထိန်းချုပ်ရေးမှူတွေလည်း ပါဝင်ကြောင်း လေကြောင်းထိန်းချုပ်ရေးအဖွဲ့က ပြောပါတယ်။

အိမ်ဖြူတော်က ဇန်နဝါရီလ ၂၉ ရက်နေ့ကနေ စောစီးစွာ အငြိမ်းစားယူလိုတဲ့ ဝန်ထမ်းတွေကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းသွင်းဖို့နဲ့ အလုပ်မဆင်းခဲ့ရင်တောင် စက်တင်ဘာလ ၃၀ ရက်နေ့အထိ လစာပေးမယ်လို့ ကြေညာခဲ့ပါတယ်။

လေကြောင်းထိန်းချုပ်ရေးမှူးတွေ မလုံမလောက်ဖြစ်နေပြီး ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေး (Federal Aviation Administration (FAA)) ထိန်းချုပ်ရေးဌာနလည်း ပုံမှန်အားဖြင့် ဝန်ထမ်းမလုံမလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

လေယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ၂၉ ရက်ညမှာ ထိန်းချုပ်ရေးမျှော်စင်မှာ ထိန်းချုပ်ရေးမှူးတစ်ဦးတည်းက ခရီးသည်တင်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် ၂ စီးလုံးရဲ့ ထိန်းချုပ်မှုနှစ်ခုလုံးကို ကိုင်တွယ်ဆောင်ရွက်ခဲ့ရတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြနေပြီး ဒီလိုအခြေအနေမျိုးဟာ မကြာခဏ ဖြစ်နေကြလို့ ဆိုပါတယ်။ ပုံမှန်အခြေအနေအရ ထိန်းချုပ်ရေးမှူးတစ်ဦးက ခရီးသည် လေယာဉ်ကို ကိုင်တွယ်ရမှာဖြစ်ပြီး နောက်တစ်ဦးက ရဟတ်ယာဉ်ကို ကိုင်တွယ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေရဲ့ အဆိုအရ ရေဂင်အမျိုးသားလေဆိပ်ရဲ့ ထိန်းချုပ်ရေးမျှော်စင်ဟာ ဝန်ထမ်း ၈၅ ရာခိုင်နှုန်းနဲ့သာ လည်ပတ်နေရပြီး ၂၈ ရာထူးနေရာမှာ ၂၄ ဦးနဲ့ အလုပ်လုပ်နေရယ်လို့ သိရပါတယ်။

မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှု စတင်နေပြီဖြစ်ပြီး လေကြောင်းထိန်းချုပ်ရေးဝန်ထမ်း မလုံလောက်မှုးက အကြောင်းအရင်းတစ်ခု ဖြစ်မဖြစ်တော့ မသိရသေးပါဘူး။

ဒါပေမယ့် ထရန့်အစိုးရရဲ့ အဆိုပြုချက်အတိုင်း လေကြောင်းထိန်းချုပ်ရေးမှူးတွေနဲ့ ဝန်ထမ်းတွေက အစောပိုင်းအငြိမ်းစားယူတာကို လက်ခံလိုက်မယ်ဆိုရင် ဝန်ထမ်းရှားပါးမှု ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ဆိုပါတယ်။ လေကြောင်းထိန်းချုပ်ရေးမှူးအသစ်တွေကို လေ့ကျင့်သင်ကြားဖို့ အချိန်ယူရတာကြောင့် ဝန်ထမ်းအလုံအလောက်ရဖို့ ချက်ချင်းအကောင်အထည် ဖော်နိုင်မယ့် အလားအလာမရှိဘူးလို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော