နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

နယ်ခြားကြီးကြပ်ရေးအထူးမင်းကြီး ( “Border czar”) တွမ်ဟိုမန် (Tom Homan) က လိုအပ်ပါက မက္ကဆီကိုဂိုဏ်းများကို စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်

ဖေဖော်ဝါရီလ (၇) ရက်။

“အကြမ်းဖက်မှုတွေ တိုးလာဖို့ ကျွန်တော် မျှော်လင့်ထားသလား၊ လုံးဝမှန်ပါတယ်” ဟု တွမ်ဟိုမန်က ပြောကြားခဲ့သည်။

မက္ကဆီကိုဂိုဏ်းများသည် တောင်ပိုင်းနယ်စပ်တွင် အမေရိကန်တပ်များကို ပစ်မှတ်ထားပါက အမေရိကန်စစ်တပ်ကို အသုံးပြုရန် သမ္မတ ‌ဒေါ်နယ်ထရန့်က တုံ့ဆိုင်းမည်မဟုတ်ကြောင်း နယ်ခြားကြီးကြပ်ရေးအထူးမင်းကြီး တွမ်ဟိုမန်က ပြောကြားခဲ့သည်။

“ မူးယစ်ဂိုဏ်းတွေက အမေရိကန် စစ်တပ်ကို တိုက်ခိုက်မယ်ဆိုရင် မိုက်မဲတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့် အရင်က မက္ကဆီကိုစစ်တပ်ကို သူတို့ တိုက်ခိုက်ခဲ့ တယ်ဆိုတာ ငါတို့သိပါတယ်၊ ဒါပေမယ့် အခု ငါတို့မှာ အမေရိကန်စစ်တပ်ရှိနေတယ်” ဟု သူက ABC News Live ကို ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါသည်။

“မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေက စံချိန်တင် ငွေတွေ ရနေတာ အခုသူတို့ အိတ်ကပ်ထဲကိုဝင်မဲ့ ပိုက်ဆံတွေ ကျွန်တော်တို့က ပိတ်နေတာကြောင့် အကြမ်းဖက်မှုတွေ တိုးလာဖို့ ကျွန်တော်က မျှော်လင့်ထားသလားလို့မေးရင် ၊ဟုတ်တယ် လုံးဝ မျှော်လင့် ထားတယ်”ဟု နယ်စပ်ကို ဆက်ပြီး လုံခြုံအောင် ထိန်းထားကြောင်း ဟိုမန်ကပြောသည်။

ဟိုမန်က တပ်ဖွဲ့ဝင်များသည် “မိမိကိုယ်ကို ကာကွယ်ရန် လိုအပ်သည်” ဟု ဆိုပြီး အမေရိကန်စစ်သားများ ထိခိုက်နစ်နာပါက “သမ္မတ ထရန့်၏ အမျက်ဒေါသသည် သူတို့အပေါ် ကျရောက်လာမည်” ဟု မူးယစ်ဆေးဝါးဂိုဏ်းများသို့ သတိပေးချက် ပေးပို့မည်ဖြစ်ကြောင်း ဟိုမန်က ပြောကြားခဲ့သည်။ “သူတို့ကို ကမ္ဘာမြေပြင်ကနေ သုတ်သင်ဖယ်ရှား နိုင်တဲ့ အစွမ်းရှိတယ်” ဟု ၎င်းက ဆိုသည်။

၎င်း၏ ပထမဆုံး သမ္မတရာထူး စတင်သည့်နေ့တွင် ထရန့်သည် တောင်ပိုင်းနယ်စပ်ကို အမျိုးသားရေး အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ကာကွယ်ရေးဌာနအား ဒေသတွင်းတွင် လက်နက်ကိုင် တပ်ဖွဲ့များကို ချထားရန်ခွင့်ပြုခဲ့သည်။

မူးယစ်ဆေးဝါးဂိုဏ်းများနှင့် အခြားသော ရာဇ၀တ်ဂိုဏ်းများကို ပြည်ပအကြမ်းဖက်အဖွဲ့များ သို့မဟုတ် အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ရန် အမှုဆောင်အမိန့်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေးတပ်ဖွဲ့သည် ထရန့် အစိုးရ၏ တင်းမာသော လူဝင်မှုကြီးကြပ်ရေး မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးရန်အတွက် နိုင်ငံအနှံ့ စီးနင်းမှုများ ပြုလုပ်နေပါသည်။

အဆိုပါစီးနင်းမှုတွင် ပထမဦးစားပေးမှာ အကြမ်းဖက်ရာဇ၀တ်ကောင်များကို ပစ်မှတ်ထားရန် ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ယခုအချိန်အထိ ဖမ်းဆီးခံထားရသော ရွှေ့ပြောင်းနေထိုင်သူ ၁၄,၀၀၀ ၏ ၇၆% လေးပုံသုံးပုံခန့်မှာ ရာဇ၀တ်ကောင်များဖြစ်ကြောင်း ဟိုမန်က ABC News Live သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“ဆက်စပ်မှုတွေက ဘယ်ကရလာတာလဲ။ လူဆိုးတွေကို လိုက်ရှာတဲ့အခါ သူတို့နဲ့ တခြားသူတွေကို တွေ့တဲ့အခါ ဒီလူတွေဆက်စပ်မှုအနေနဲ့ ဖမ်းတာ” ဟု ၎င်းက ဆိုသည်။

“အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးဖို့ နေ့စဉ် ခွဲတမ်းမရှိဘူး” ဟု ဟိုမန်ကဆိုပြီး “ကျွန်တော် ဖမ်းနိုင်သလောက် ဖမ်းချင်ပါတယ်” ဟု ပြောသည်။

“ခင်ဗျားတို့က နိုင်ငံတွင်းမှာ တရားမဝင် ရောက်နေရင် ခင်ဗျားကို လွှတ်ပေးထားမှာ မဟုတ်သလို ခင်ဗျားကို ဦးစားပေးအနေနဲ့လည်း စဥ်းစားမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

အန္တရာယ်ရှိသောနိုင်ငံများသို့ မိသားစုများကို ပြန်ပို့ခြင်းနှင့်ပတ်သက်ပြီး အစိုးရက မည်သို့မည်ပုံ ဖြေရှင်းပြနိုင်မလဲဟု မေးမြန်းရာတွင် ဟိုမန်က “ဘယ်နိုင်ငံက အန္တရာယ်ရှိလဲ” ဟု တုံ့ပြန်မေးခဲ့သည်။

အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူ အများအပြားသည် ဟေတီနှင့် ဗင်နီဇွဲလားကဲ့သို့သော နိုင်ငံများမှ ဖြစ်ကြပြီး အကြမ်းဖက်မှုကြောင့် အမေရိကန်နိုင်ငံခြားရေးဌာနမှ ထိုနိုင်ငံများသို့ “ခရီးမသွားရန်” အပြင်းထန်ဆုံး သတိပေးချက် ထုတ်ပြန်ထားသည်။

“လူတွေဟာ ခိုလှုံခွင့်ပေးတယ်ဆိုတာ ဘာလဲဆိုတာကို နားလည်ဖို့ လိုပါတယ်။ ခိုလှုံခွင့်ပေးတယ် ဆိုတာ လူမျိုး၊ ဘာသာရေး၊ နိုင်ငံရေးအရဆက်နွယ်မှုနဲ့ သီးခြား လူမှုရေးအုပ်စုမှာ ပါဝင်တာကြောင့် ခင်ဗျားတို့အစိုးရဆီက ရနိုင်တဲ့ အကြောက်တရားနဲ့ နှိပ်စက်ညဉ်းပန်းမှုကနေ လွတ်မြောက်ဖို့ တောင်းခံတာပဲဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဟိုမန်က လိမ်လည်လှည့်ဖြာပြီး ခိုလှုံခွင့်တောင်းဆိုမှုများ အများအပြား ရှိကြောင်း ထောက်ပြခဲ့ပြီး ထိုသူများသည် စနစ်တခုလုံးအား လွှမ်းခြုံထားပြီး တရားဝင်ခိုလှုံခွင့်တောင်းသူများသည် “နောက်တွင် ရောက်နေကြရသည်” ဟု ဟိုမန်က ပြောဆိုခဲ့သည်။

“ခိုလှုံခွင့်တောင်းဖို့မလုပ်ဘဲ နိုင်ငံတွင်းကို ဝင်ခြင်းဟာ တရားမ၀င် ဝင်ရောက်ခြင်းပါပဲ” ဟု ၎င်းက ဆိုသည်။ “တရားဝင်နိုင်ငံရဲ့ ဝင်ပေါက်ဆီကို ခင်ဗျား သွားရမယ်” ဟု သူကဆိုသည်။

နယ်ခြားကြီးကြပ်ရေးအထူးမင်းကြီး ( “Border czar”) တွမ်ဟိုမန် (Tom Homan)

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော