နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

နယ်ခြားကြီးကြပ်ရေးအထူးမင်းကြီး ( “ Border czar” ) တွမ်ဟိုမန် (Tom Homan) က လိုအပ်ပါက မက္ကဆီကိုဂိုဏ်းများကို စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်

ဖေဖော်ဝါရီလ (၇) ရက်။

“အကြမ်းဖက်မှုတွေ တိုးလာဖို့ ကျွန်တော် မျှော်လင့်ထားသလား၊ လုံးဝမှန်ပါတယ်” ဟု တွမ်ဟိုမန်က ပြောကြားခဲ့သည်။

မက္ကဆီကိုဂိုဏ်းများသည် တောင်ပိုင်းနယ်စပ်တွင် အမေရိကန်တပ်များကို ပစ်မှတ်ထားပါက အမေရိကန်စစ်တပ်ကို အသုံးပြုရန် သမ္မတ ‌ဒေါ်နယ်ထရန့်က တုံ့ဆိုင်းမည်မဟုတ်ကြောင်း နယ်ခြားကြီးကြပ်ရေးအထူးမင်းကြီး တွမ်ဟိုမန်က ပြောကြားခဲ့သည်။

“ မူးယစ်ဂိုဏ်းတွေက အမေရိကန် စစ်တပ်ကို တိုက်ခိုက်မယ်ဆိုရင် မိုက်မဲတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့် အရင်က မက္ကဆီကိုစစ်တပ်ကို သူတို့ တိုက်ခိုက်ခဲ့ တယ်ဆိုတာ ငါတို့သိပါတယ်၊ ဒါပေမယ့် အခု ငါတို့မှာ အမေရိကန်စစ်တပ်ရှိနေတယ်” ဟု သူက ABC News Live ကို ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါသည်။

“မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေက စံချိန်တင် ငွေတွေ ရနေတာ အခုသူတို့ အိတ်ကပ်ထဲကိုဝင်မဲ့ ပိုက်ဆံတွေ ကျွန်တော်တို့က ပိတ်နေတာကြောင့် အကြမ်းဖက်မှုတွေ တိုးလာဖို့ ကျွန်တော်က မျှော်လင့်ထားသလားလို့မေးရင် ၊ဟုတ်တယ် လုံးဝ မျှော်လင့် ထားတယ်”ဟု နယ်စပ်ကို ဆက်ပြီး လုံခြုံအောင် ထိန်းထားကြောင်း ဟိုမန်ကပြောသည်။

ဟိုမန်က တပ်ဖွဲ့ဝင်များသည် “မိမိကိုယ်ကို ကာကွယ်ရန် လိုအပ်သည်” ဟု ဆိုပြီး အမေရိကန်စစ်သားများ ထိခိုက်နစ်နာပါက “သမ္မတ ထရန့်၏ အမျက်ဒေါသသည် သူတို့အပေါ် ကျရောက်လာမည်” ဟု မူးယစ်ဆေးဝါးဂိုဏ်းများသို့ သတိပေးချက် ပေးပို့မည်ဖြစ်ကြောင်း ဟိုမန်က ပြောကြားခဲ့သည်။ “သူတို့ကို ကမ္ဘာမြေပြင်ကနေ သုတ်သင်ဖယ်ရှား နိုင်တဲ့ အစွမ်းရှိတယ်” ဟု ၎င်းက ဆိုသည်။

၎င်း၏ ပထမဆုံး သမ္မတရာထူး စတင်သည့်နေ့တွင် ထရန့်သည် တောင်ပိုင်းနယ်စပ်ကို အမျိုးသားရေး အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ကာကွယ်ရေးဌာနအား ဒေသတွင်းတွင် လက်နက်ကိုင် တပ်ဖွဲ့များကို ချထားရန်ခွင့်ပြုခဲ့သည်။

မူးယစ်ဆေးဝါးဂိုဏ်းများနှင့် အခြားသော ရာဇ၀တ်ဂိုဏ်းများကို ပြည်ပအကြမ်းဖက်အဖွဲ့များ သို့မဟုတ် အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ရန် အမှုဆောင်အမိန့်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေးတပ်ဖွဲ့သည် ထရန့် အစိုးရ၏ တင်းမာသော လူဝင်မှုကြီးကြပ်ရေး မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးရန်အတွက် နိုင်ငံအနှံ့ စီးနင်းမှုများ ပြုလုပ်နေပါသည်။

အဆိုပါစီးနင်းမှုတွင် ပထမဦးစားပေးမှာ အကြမ်းဖက်ရာဇ၀တ်ကောင်များကို ပစ်မှတ်ထားရန် ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ယခုအချိန်အထိ ဖမ်းဆီးခံထားရသော ရွှေ့ပြောင်းနေထိုင်သူ ၁၄,၀၀၀ ၏ ၇၆% လေးပုံသုံးပုံခန့်မှာ ရာဇ၀တ်ကောင်များဖြစ်ကြောင်း ဟိုမန်က ABC News Live သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“ဆက်စပ်မှုတွေက ဘယ်ကရလာတာလဲ။ လူဆိုးတွေကို လိုက်ရှာတဲ့အခါ သူတို့နဲ့ တခြားသူတွေကို တွေ့တဲ့အခါ ဒီလူတွေဆက်စပ်မှုအနေနဲ့ ဖမ်းတာ” ဟု ၎င်းက ဆိုသည်။

“ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးဖို့ နေ့စဉ် ခွဲတမ်းမရှိဘူး” ဟု ဟိုမန်ကဆိုပြီး “ကျွန်တော် ဖမ်းနိုင်သလောက် ဖမ်းချင်ပါတယ်” ဟု ပြောသည်။

“ ခင်ဗျားတို့က နိုင်ငံတွင်းမှာ တရားမဝင် ရောက်နေရင် ခင်ဗျားကို လွှတ်ပေးထားမှာ မဟုတ်သလို ခင်ဗျားကို ဦးစားပေးအနေနဲ့လည်း စဥ်းစားမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

အန္တရာယ်ရှိသောနိုင်ငံများသို့ မိသားစုများကို ပြန်ပို့ခြင်းနှင့်ပတ်သက်ပြီး အစိုးရက မည်သို့မည်ပုံ ဖြေရှင်းပြနိုင်မလဲဟု မေးမြန်းရာတွင် ဟိုမန်က “ ဘယ်နိုင်ငံက အန္တရာယ်ရှိလဲ” ဟု တုံ့ပြန်မေးခဲ့သည်။

အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူ အများအပြားသည် ဟေတီနှင့် ဗင်နီဇွဲလားကဲ့သို့သော နိုင်ငံများမှ ဖြစ်ကြပြီး အကြမ်းဖက်မှုကြောင့် အမေရိကန်နိုင်ငံခြားရေးဌာနမှ ထိုနိုင်ငံများသို့ “ခရီးမသွားရန်” အပြင်းထန်ဆုံး သတိပေးချက် ထုတ်ပြန်ထားသည်။

“ လူတွေဟာ ခိုလှုံခွင့်ပေးတယ်ဆိုတာ ဘာလဲဆိုတာကို နားလည်ဖို့ လိုပါတယ်။ ခိုလှုံခွင့်ပေးတယ် ဆိုတာ လူမျိုး၊ ဘာသာရေး၊ နိုင်ငံရေးအရဆက်နွယ်မှုနဲ့ သီးခြား လူမှုရေးအုပ်စုမှာ ပါဝင်တာကြောင့် ခင်ဗျားတို့အစိုးရဆီက ရနိုင်တဲ့ အကြောက်တရားနဲ့ နှိပ်စက်ညဉ်းပန်းမှုကနေ လွတ်မြောက်ဖို့ တောင်းခံတာပဲဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဟိုမန်က လိမ်လည်လှည့်ဖြာပြီး ခိုလှုံခွင့်တောင်းဆိုမှုများ အများအပြား ရှိကြောင်း ထောက်ပြခဲ့ပြီး ထိုသူများသည် စနစ်တခုလုံးအား လွှမ်းခြုံထားပြီး တရားဝင်ခိုလှုံခွင့်တောင်းသူများသည် “ နောက်တွင် ရောက်နေကြရသည်” ဟု ဟိုမန်က ပြောဆိုခဲ့သည်။

“ခိုလှုံခွင့်တောင်းဖို့မလုပ်ဘဲ နိုင်ငံတွင်းကို ဝင်ခြင်းဟာ တရားမ၀င် ဝင်ရောက်ခြင်းပါပဲ” ဟု ၎င်းက ဆိုသည်။ “ တရားဝင်နိုင်ငံရဲ့ ဝင်ပေါက်ဆီကို ခင်ဗျား သွားရမယ်” ဟု သူကဆိုသည်။

နယ်ခြားကြီးကြပ်ရေးအထူးမင်းကြီး ( “ Border czar” ) တွမ်ဟိုမန် (Tom Homan)

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 30 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ