နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့ရဲ့ ဒရုန်းဗုံးကြဲတာကြောင့် ‌ပြည်သူ (၂)ဦးသေဆုံးခဲ့

ဖေဖော်ဝါရီလ (၇)ရက်။

မနေ့က နေ့လယ် (၂)နာရီအချိန်က ဆီဆိုင်မြို့မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စကစနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဆီဆိုင်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် တောင်ယာစပါးသယ်ပြီးပြန်လာတဲ့ ဒေသခံလင်မယား(၂)ဦး သေဆုံးခဲ့ရတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လွယ်ချယ်-တပူးရွာလမ်းခွဲအနီး တောင်ယာစပါးသယ်ပြီးပြန်လာတဲ့ ပအိုဝ်းဒေသခံလင်မယား (၂)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒရုန်းနဲ့ဗုံးကြဲခံရတာကြောင့် သေဆုံးခဲ့ရတဲ့ လင်မယား (၂)ဦးဟာ ကောင်းထိုရွာနေ ခွန်ဖာလိန်နဲ့ နန်းဆွေတို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ပအိုဝ်းပြည်သူကို ရန်သူလိုမျိုးသတ်မှတ်ပြီး တိုက်ခိုက်သတ်ဖြတ်နေတာလို့ PNLA က ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့ဟာ ပအိုဝ်းဒေသနဲ့ ပအိုဝ်းပြည်သူတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်ဖျက်ဆီး သတ်ဖြတ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပွင့်ဖြူမြို့နယ်မှာ အင်အား (၃၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 15 Views
စစ်ကောင်စီဘက်က (၁၅)ဦးကျော်သေဆုံးပြီး (၂၀)ဦးကျော် ဒဏ်ရာရရှိခဲ့ ဖေဖော်ဝါရီလ (၈)ရက်။ ဖေဖော်ဝါရီလ (၁)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်က ပွင့်ဖြူမြို့နယ်မှာ အင်အား
မြန်မာသတင်း

စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေ ဟောင်ဝှစ်ဇာတွေ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၈)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို AA က ဟောင်ဝှစ်ဇာတွေ၊ အတွဲလိုက်ဒုံးတွေနဲ့ တပြိုင်ထဲ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

အကျဉ်းထောင်တွေမှာ နိုင်/ကျဉ်းမိသားစုဝင်တွေဆီကနေ ထောင်ဝန်ထမ်းတွေက ငွေလိမ်တောင်းတာတွေ ဆိုးရွာစွာကျူးလွန်နေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၈)ရက်။ အခုနှစ် အစပိုင်းကစပြီး အကျဉ်းထောင်တွေက ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီကနေ ငွေလိမ်တောင်းတာတွေ ဆိုးရွားစွာကျူးလွန်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အိုးဘိုထောင်၊ ဒိုက်ဦးထောင်နဲ့ မြိတ်ထောင်တို့က ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့
မြန်မာသတင်း

အမျိုးသမီးစစ်မှုထမ်း မခေါ်သေးဘူးဆိုပြီး စစ်ကောင်စီထပ်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၈)ရက်။ အမျိုးသမီးစစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ထပ်မံပြောဆိုထားချက်အရ သိရပါတယ်။ “ အတိအလင်းပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးတွေ စစ်မှုထမ်းဖို့အတွက် အကျုံးဝင်ပေမယ့် အမျိုးသမီးပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူး”
မြန်မာသတင်း

မိုင်းရယ်မှာ ကျားဖြန့်လုပ်ငန်း ဖမ်းဆီးချိန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၈)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့က မိုင်းရယ်မြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကို ဖမ်းဆီးရာ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မိုင်းရယ်မြို့ရဲ့ အရှေ့တောင်ဘက်ဝန်းကျင်မှာ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်း ဆောင်ရွက်နေတာကို သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ရာ
မြန်မာသတင်း

အခုနှစ်ထဲ မြေပြန့်ဒေသတွေမှာ ပိုမိုကျယ်ပြန့်တဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ MDY-PDF ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၇)ရက်။ အခု ၂၀၂၅ခုနှစ်ထဲ မြေပြန့်ဒေသတွေမှာ ပိုမိုကြီးမားကျယ်ပြန့်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ၂၀၂၅ခုနှစ်ထဲ မြေပြန့်ဒေသတွေမှာ ကြီးမားကျယ်ပြန့်တဲ့ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာမယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ပြီး စစ်ကောင်စီဘက်ကလဲ
မြန်မာသတင်း

ထီးလင်းမြို့ရှိ ရုပ်သံကုန်းက စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဇန်နဝါရီလ (၃၁)ရက်နေ့က ထီးလင်းမြို့ရှိ ရုပ်သံကုန်းက စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ ဗျူဟာအမှတ်(၈၁)ယောဗျူဟာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရုပ်သံကုန်းမှာ တာဝန်ကျနေတဲ့ စကစတပ်သားတစ်ဦး ဂန့်ဂေါခရိုင်အမှတ်(၂၊၄၊၁၀)တပ်ရင်းဆီ လက်နက်ခဲယမ်းတွေနဲ့ ခိုလှုံလာတာပါ။
မြန်မာသတင်း

စစ်အာဏာရှင်ချုပ်ငြိမ်းရေး လက်တွဲဆောင်ရွက်ဖို့ ရှမ်းတိုင်းရင်းသားတွေကို NUG ဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၇)ရက်။ စစ်အာဏာရှင်ချုပ်ငြိမ်းရေး လက်တွဲဆောင်ရွက်ဖို့ ရှမ်းတိုင်းရင်းသားတွေကို NUG က ဒီကနေ့မှာကျရောက်တဲ့ (၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ ခေတ်အဆက်ဆက် အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေဖြစ်တဲ့ တောင်တန်းဒေသတွေရဲ့ နယ်ထဲ အုပ်ချုပ်ရေးမှာ