နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ဇလန်းစကီး စည်းဝိုင်းအပြင် ထုတ်ခံရတော့မလား။

+++++++++++++++++++

ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးဟာ လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်း အခန်းရဲ့ဗဟိုမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဇလန်းစကီးဟာ အခန်းထဲမှာ ရှိသေးရဲ့လား ဆိုတာတောင် မသေချာတော့ပါဘူး။

ဇလန်းစကီးဟာ အခုအချိန်ထိ အာဏာရှင် ရုရှားကို ဆန့်ကျင်တဲ့ အနောက်နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှု သင်္ကေတတစ်ခု ဖြစ်ခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီကို အောက်မေ့သတိရလောက်အောင် ဥရောပကို ကြိမ်းမောင်းခဲ့ကာ ဥရောပကို ခွဲထုတ်ခဲ့ပြီး ငွေကြေးနဲ့ ဝယ်ယူခဲ့တဲ့ ကရင်မလင်ခေါင်းဆောင်ရဲ့ ကျင့်ဝတ်သိက္ခာပိုင်းကို ဆန့်ကျင်ဖို့ တိုက်တွန်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြို့တော်ကိယက်ဗ်မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဘင့်ဆင့်နဲ့အတူ ရပ်နေတဲ့အချိန်မှာတော့ ဇလန်းစကီးရဲ့တည်ရှိမှုဟာ မှေးမှိန်သွားပါတော့တယ်။ အမေရိကန်သမတ ထရန့်ဟာ ၇ ရက်နေ့က ဇလန်းစကီးနဲ့ မကြာမီ တိုက်ရိုက်တွေ့ဆုံစကားပြောနိုင်ဖွယ် ရှိတယ်လို့ ပြောထားပါတယ်။ ဇလန်းစကီးကလည်း ထရန့်နဲ့ လူချင်းတွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် ကျယ်ပြန့်တဲ့ သဘောထားအမြင်ကို လူကိုယ်တိုင် ဆွေးနွေးဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအစား ဇလန်းစကီးဆီ လာရောက် လည်ပတ်ခဲ့သူကတော့ ဘီလျံနာတစ်ဦးဖြစ်တဲ့ ဘင့်ဆင့် ဖြစ်ခဲ့ပါတယ်။ ဘီလျံနာတစ်ဦးကနေ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ပြောင်းလဲသွားတဲ့ ဘင့်ဆင့်က အဆိုပြုတာကတော့ ငွေပေးငွေယူ ဘဏ္ဍာရေး သဘောတူညီချက် ဖြစ်ပါတယ်။ ဒါပေမယ့် ဇလန်းစကီးကတော့ လက်မှတ်မထိုးခဲ့ပါဘူး။

ဘင့်ဆင့်ရဲ့ ယူကရိန်း အကျဉ်းချုံး ခရီးစဉ်အတွင်း ထရန့်ဟာ ပူတင်နဲ့ ဒုတိယအကြိမ် ဖုန်းခေါ် ဆိုမှု ပြုလုပ်ခဲ့ပြီး ပူတင်ဘက်က အလုပ်များနေလို့ဆိုပြီး တယ်လီဖုန်းကို အမြန်ဖြတ်ချလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ကရင်မလင်ကတော့ ဒီကိစ္စကို တရားဝင် အတည်ပြုခဲ့တာ မရှိပါဘူး။

ရုရှားမှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား Mark Fogel (61 နှစ်) ကို မမျှော်လင့်ဘဲ လွှတ်ပေးလိုက်တာဟာ ဆွေးနွေးပွဲအတွက် ခွန်အားဖြစ်စေပါတယ်။ ထရန့် က အမေရိကန်အလံကို ကိုယ်မှာ ပတ်ထားတဲ့ Vogel ကို ကြိုဆိုနှုတ်ဆက်နေတာကို ရုပ်မြင်သံကြားကြည့်နေကြတဲ့ သာမန်အမေရိကန် ပြည်သူတွေအတွက်ကတော့ ကရင်မလင်နန်းတော်ကနေ ဖြည့်ဆီးပေးတဲ့ ပြီးပြည့်စုံတဲ့ ပုံစံနဲ့ ရှုမြင်နေကြတယ်။ တကယ်လို့သာ ရုရှားတွေက အမေရိကန်တွေကို အိမ်ပြန်ပို့ပေးတဲ့ လူကောင်းတွေဆိုရင် ရုရှားအစိုးရနဲ့ မျှတတဲ့ သဘောတူညီချက်ကို ဘာကြောင့် မလုပ်တာလဲ။

ဇလန်းစကီးအတွက် လွန်ခဲ့တဲ့ ၄၈ နာရီဟာ အလွန် စိတ်တုန်လှုပ်နေရတဲ့အချိန် ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဥရောပခေါင်းဆောင်တွေဟာ ဇလန်းစကီးနဲ့ ဓာတ်ပုံရိုက်ခွင့်ရဖို့အတွက် ဟောင်းနွမ်းနေတဲ့ ရထားစီးပြီး တစ်ရက်တာကြာတဲ့ခရီးစဉ်ကို ခရီးထွက်လေ့ရှိပါတယ်။

အခုတော့ ဇလန်းစကီးဟာ ထရန့်ရဲ့ ဖုန်းစာရင်းမှာတော့ ပူတင်ရဲ့နောက် ဒုတိယ ဖြစ်လာပါတယ်။ ယူကရိန်းအပေါ် စစ်ရာဇ၀တ်မှု ကျူးလွန်ထားလို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က တရားဆွဲထားသူ၊ ကိုယ့်နိုင်ငံသားကို အဆိပ်ကျွေး သတ်ဖြတ်သူ သိက္ခာမရှိတဲ့ ပူတင်ရဲ့နောက်မှာ ဇလန်းစကီး ရောက်သွားပါပြီ။

ထရန့်နဲ့ ပူတင် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာအသေးစိတ်ကို သိရရှိဖို့ နည်းလမ်းမရှိပါဘူး။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း သိရတာကတော့ ပူတင်ဟာ ဒီအခိုက်အတန့်ကို သုံးနှစ်ကြာအောင် စောင့်ဆိုင်းနေခဲ့ရတာ ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ရုရှားနိုင်ငံသားတွေ နေ့စဉ်သေဆုံးနေတာကို ထိုင်ကြည့်နေတဲ့ ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရပ်တည်ချက်ဟာ အနောက်နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုကို တွန်းအားပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန် ကျောထောက်နောက်ခံကနေ ကင်းကွာစေဖို့ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ပူတင်ဟာ ဒီအခိုက်အတန့်ကို စောင့်မျှော်နေခဲ့တာပါ။

ဒီအခြေအနေကို ဖန်တီးခဲ့တာကတော့ ထရန့် နဲ့ ပူတင်တို့ဖြစ်ပြီး ဇလန်းစကီးကတော့ နောက်ပိုင်းမှ အသိပေးခံရတဲ့ အဆင့်ဖြစ်သွားပါပြီ။ ထရန့် ရဲ့ သမ္မတမဲဆွယ်စည်းရုံးရေး ဆောင်ပုဒ်ဖြစ်တဲ့ “Common Sense ယေဘူယျအသိအမြင်” ဆိုတဲ့စကားစုကို အသုံးပြုခဲ့တယ်လို့ ထရန့်က ကျေကျေနပ်နပ်နဲ့ မှတ်ချက်ချခဲ့ပါတယ်။ ပူတင်က ထရန့်ကို အနီးကပ် စောင့်ကြည့်နေပြီး မျက်နှာသာရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ထရန်ကတော့ ဇလန်းစကီးနဲ့ စကားပြောဖို့နဲ့ ပတ်သက်ပြီး နှစ်ကြိမ်မြောက်တင်တဲ့ပို့စ်မှာ “ရုရှားနဲ့ ယူကရိန်းပြည်သူတွေကို ဘုရားသခင် ကောင်းချီးပေးပါစေ!” လို့ ရေးသားခဲ့ပါတယ်။

အစောပိုင်းနာရီပိုင်းအတွင်း ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ အဓိကအစိတ်အပိုင်းနဲ့ ပတ်သက်ပြီး ဇလန်းစကီးရဲ့ မျှော်လင့်ချက်တွေဟာ အသစ်ခန့်အပ်ခံရတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟက်ဆက်ကြောင့် ပျက်ပြယ်သွားခဲ့ရပါတယ်။ ယူကရိန်းဟာ နေတိုးအဖွဲ့မှာ ပါဝင်ရမှာ မဟုတ်ဘူး၊ ယူကရိန်းနယ်စပ်နဲ့ပတ်သက်ပြီး အရင် ၂၀၁၄ ခုနှစ် အခြေအနေကို ပြန်လည်ရောက်ရှိမှာ မဟုတ်ဘူး။ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွေဟာ အမေရိကန်နိုင်ငံကတပ်ဖွဲ့တွေ မဟုတ်ဘဲ ဥရောပနဲ့ အခြားတပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ဥရောပဟာ မိမိလက်နဲ့ မိမိကိုယ်ကို ကာကွယ်ရမှာဖြစ်တယ်လို့ ဟက်ဆက်က ပြောကြားထားပါတယ်။

ပထမအချက်နှစ်ချက်ကို သိရှိထားပြီး ဖြစ်ပါတယ်။ ယူကရိန်းဟာ ၂၀၂၃ ခုနှစ် တန်ပြန်ထိုးစစ်မှာ နယ်မြေပြန်လည်သိမ်းယူဖို့ ရှုံးနိမ့်ခဲ့ပြီး လက်ရှိ ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေဟာ လာမယ့်ဆယ်စုနှစ်အတွင်း နေတိုးရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှာ မဟုတ်ပါဘူး။

ဒါပေမယ့် အနာဂတ် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ရဲ့ ဖွဲ့စည်းမှုက အလွန်အရေးကြီးပါတယ်။ ဇလန်းစကီးက ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမှာ အမေရိကန်ပါဝင်ဖို့ အရင်ကတည်းက ပွင့်ပွင့်လင်းလင်း တောင်းဆိုထားခဲ့ပါတယ်။ အမေရိကန်မပါတဲ့ လုံခြုံရေးအာမခံဟာ အဓိပ္ပါယ်မရှိဘူးလို့ ဆိုပါတယ်။ ဟက်ဆက်က ဒီလို ထင်ယောင်ထင်မှားဖြစ်နေတာတွေကို ဖြိုခွဲဖို့ အချိန်မဖြုန်းခဲ့ပါဘူး။ ကမ္ဘာ့ရန်အလိုဆုံး စစ်မြေပြင်ကို အမေရိကန်နိုင်ငံသားတွေကို စေလွှတ်ဖို့ လုပ်မှာမဟုတ်ပါဘူးလို့ ဆိုပါတယ်။

အခု မြင်နေရတဲ့ ငြိမ်းချမ်းရေးအစီအစဉ် အကြမ်းဖျင်းဟာ ပြီးခဲ့တဲ့ ဧပြီလက အငြိမ်းစားဗိုလ်ချုပ်ကြီး ကိ့ကဲလော့ဂ် (Keith Kellogg) တင်ပြခဲ့တဲ့ အဆိုနဲ့ ပိုမိုနီးစပ်ပါတယ်။ အဲ့ဒီအချိန်က ကဲလော့ဂ်ဟာ အရပ်သားတစ်ဦးသာဖြစ်ပြီး ယူကရိန်းနဲ့ ရုရှားအတွက် အမေရိကန်သံတမန် မဟုတ်ပါဘူး။ ကဲလော့ဂ်က ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့တွေအတွက် ဥရောပတပ်ဖွဲ့တွေကို အသုံးပြုဖို့ အဆိုပြုခဲ့ပါတယ်။ နေတိုးအဖွဲ့ဝင်ဖြစ်ရေး စွန့်လွှတ်ဖို့ ယူကရိန်းကို တိုက်တွန်းခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကိုလည်း အဆိုပြုခဲ့ပါတယ် (နောက်ပိုင်း အင်တာဗျုးတစ်ခုမှာ အပစ်အခတ်ရပ်စဲပြီးနောက် ယူကရိန်းမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ အကြံပြုထားပါတယ်)။ အရေးကြီးတဲ့အချက်က ယူကရိန်းအစိုးရကို ကူညီထားတာကို နောက်ပိုင်းမှာ ယူကရိန်းက ချေးငွေတွေအဖြစ် ပြန်ဆပ်ရမယ်လို့ သူက ပြောပါတယ်။ ဒီအချက်က ဇလန်းစကီး ကို ပြသခဲ့တဲ့ စကော့ဘင့်ဆင့်ရဲ့ အဆိုပြုချက်မှာ ထည့်သွင်းနိုင်ဖွယ် ရှိပါတယ်။

မြေရှားသတ္တုတွေနဲ့ပတ်သက်ပြီး ၁၂ ရက်နေ့က ကိယက်ဗ်မှာ ဆွေးနွေးခဲ့ကြပေမဲ့ အရင်ကရှိတဲ့ ထုံးတမ်းစဉ်လာတွေအရ သေချာပေါက် ကောင်းမွန်တဲ့ သတင်းမျိုးတော့ မဟုတ်လောက်ပါဘူး။ ထရန့်က ၂၀၁၇ ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ တွင်းထွက်ပစ္စည်း ကြွယ်ဝမှုဟာ ဒေါ်လာ ထရီလျံနဲ့ ထိုက်တန်တယ်လို့ ခန့်မှန်းပြီး အာဖဂန်နစ္စတန်ကို ထောက်ပံ့ကူညီဖို့ စဉ်းစားခဲ့ပေမဲ့ နှစ်နှစ်အကြာမှာတော့ အစ္စလာမ္မစ် တာလီဘန်တွေ အာဏာရလာစေဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ထရန့် နဲ့ သူ့အဖွဲ့ဟာ နောက်ကွယ်က ဆွေးနွေးမှုတွေမှာ ပါဝင်နေပုံရပြီး ကိ့ကဲလော့ဂ် အရင်က ချမှတ်ထားတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖွယ်ရှိပါတယ်။ ဒီအစီအစဥ်မှာ သတ်မှတ်ချက်အချို့ လိုအပ်ပေမဲ့ ပြီးမြောက်ဖို့ ကြိုးစားမှု၊ လိမ္မာပါးနပ်မှုနဲ့ ဇွဲလုံ့လတို့လည်း လိုအပ်ပါတယ်။ ပူတင်မှာ အဲ့ဒီလိုအပ်ချက်တွေ အပြည့်အဝ ရှိနေပြီး ယူကရိန်းစစ်အောင်ပွဲက သူ့ကိုယ်ပိုင် ရှင်သန်မှု၊ သူ့ရဲ့အမွေအနှစ်နဲ့ ကမ္ဘာ့အာဏာ ချိန်ခွင်လျှာကို လာမယ့် ဆယ်စုနှစ်တွေအတွင်း ဆုံးဖြတ်ပေးနိုင်ပါတယ်။ ထရန့်အတွက်ကတော့ ယူကရိန်းစစ်ပွဲဟာ သူတာဝန်ယူပြီး ၂၄ နာရီအတွင်း ဖြေရှင်းနိုင်မယ်လို့ သူထင်ထားတဲ့ ပြဿနာ ဖြစ်ပါတယ်။

ဒီကိစ္စဟာ ထရန့် အတွက် ဦးစားပေး မဟုတ်ပါဘူး။ ထရန့်ရဲ့ ဖုန်းစာရင်းမှာ ထိပ်ဆုံးက ရှိနေသူက ပူတင်ပါ။ အမေရိကန်ဟာ ယူကရိန်းမှာ စစ်တိုက်နေတဲ့အခြေအနေ မဟုတ်ပေမဲ့ ထရန့်က ငြိမ်းချမ်းရေးရဖို့ ချိတ်ဆက်မယ့်သူက ပူတင်ပဲ ဖြစ်ပါတယ်။

မှတ်ချက်။

ဒီဆောင်းပါးဟာ CNN Nick Paton Walsh ရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ ဂျပန်ဘာသာကနေ မြန်မာဘာသာကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော