နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဆော်ဒီအာရေးဗီးယားတွင် အမေရိကန်နှင့် ရုရှားတို့ တွေ့ဆုံဆွေးနွေးနေခြင်းသည် အလွန်အပြုသဘောဆောင်သည်ဟု ကရင်မလင်ပြော

ဖေဖော်ဝါရီလ (၁၇) ရက်။

မော်စကို-ဝါရှင်တန် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်နှင့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် အမေရိကန်နှင့် ရုရှားတာဝန်ရှိသူများက ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်တွင် တွေ့ဆုံဆွေးနွေးကြမည်မှာ အလွန်ကောင်းမွန်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က CNN သို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပေါင်းစည်းစကားပြောရတာ အရမ်းကောင်းပြီး အပြုသဘောဆောင်ပါတယ်။ ဒါပေမယ့် ကြိုတင်ခန့်မှန်းမှုတစ်ခုလုပ်ဖို့ နည်းနည်းစောသေးတယ်။ အင်္ဂါနေ့အထိ စောင့်ကြည့်ရအောင်၊ ဆွေးနွေးပွဲရဲ့ အစက ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရအောင်” လို့ ပက်စ်ကော့ဗ်က ပြောပါသည်။

ဆွေးနွေးပွဲများကို ဆော်ဒီမြို့တော်၌ အင်္ဂါနေ့တွင် စတင်ရန် စီစဉ်ထားသည်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီရို၊ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝ့ါလ်ဇ် (Mike Walz) နှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် စတီဗ် ဝစ်ကော့ဖ် (Steve Witkof) တို့ ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းတွင် အတည်ပြုခဲ့သည်။

ရုရှားကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် (Sergey Lavrov) နှင့် သမ္မတလက်ထောက် ယူရီ ဦရှကော့ဗ် (Yury Ushakov) တို့ ပါဝင်မည်ဖြစ်ကြောင်း ကရင်မလင်ထံမှ သိရသည်။ ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာ ကြွယ်ဝမှုရန်ပုံငွေအဖွဲ့၏ အကြီးအကဲ ကီရီးလ် ဒီမီထရီဗ် (Kirill Dmitriev) သည် ဆွေးနွေးပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း အခြေအနေကို သိရှိသည့် သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။

(ဓာတ်ပုံ)

ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) သည် ဒီဇင်ဘာလတွင် မော်စကို၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဒရုန်းဟု သံသယရှိသော တိုက်ခိုက်မှုကြောင့် အီရတ်ရှိ အမေရိကန်သံတမန်ရေးရာ အဆောက်အအုံ ထိမှန်ကြောင်း သတင်းရင်းမြစ်များ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 16 Views
CNN-၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက် အီရန်ဒရုန်းဟု သံသယရှိရသော တိုက်ခိုက်မှုတစ်ခုသည် အီရတ်နိုင်ငံရှိ အမေရိကန် သံတမန်ရေးရာ အဆောက်အအုံတစ်ခုကို အင်္ဂါနေ့က ထိမှန်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 21 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 20 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို ဩစတြေးလျက ခိုလှုံခွင့်မပေးပါက အမေရိကန်က လက်ခံသွားမည်ဟု ပြောကြားခဲ့ပြီး၊ ၎င်းတို့ကို အီရန်သို့ ပြန်လွှတ်ခြင်းသည်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 35 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 52 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်