နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထိုင်းက ဖမ်းဝရမ်းထုတ်တဲ့အပေါ် ဘာပြစ်မှုကျူးလွန်ထားလို့လဲဆိုပြီး စောချစ်သူ ပြန်မေးခွန်းထုတ်

ဖေဖော်ဝါရီလ (၁၈)ရက်။

ထိုင်းနိုင်ငံက ဖမ်းဝရမ်ူထုတ်တဲ့ကိစ္စအပေါ် ဘာပြစ်မှုကျူးလွန်ထားတာ ရှိလို့လဲဆိုပြီး BGF ခေါင်းဆောင် စောချစ်သူက မနေ့က မြဝတီမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ထိုင်းနိုင်ငံကို ကျနော် ဘာများ ပြစ်မှုကျူးလွန်တာရှိသလဲ၊ ထိုင်းနိုင်ငံကို ကျနော် ဘာများပုန်ကန်တာရှိလို့လဲဆိုတာ မေးချင်ပါတယ်။ ၁၉၉၄ခုနှစ်ကထဲက ဒီနယ်စပ်မှာနေလာတာ၊ ထိုင်းနဲ့မြန်မာဆိုတာ မြစ်တစ်ခုဘဲ ခြားတယ်။ ညီအကိုတွေလို နေလာတာ” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ကစပြီး ထိုင်းနိုင်ငံရဲ့ အတိုက်အခံပါတီ လွတ်တော်အမတ်က ကျားဖြန့်ကိစ္စနဲ့ပတ်သက်ပြီး စောချစ်သူအပါအဝင် BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ တိုက်တွန်းခဲ့တာပါ။

အဲ့ဒီလိုသတင်းတွေ ထွက်ပေါ်လာပြီးနောက် BGF ခေါင်းဆောင် စောချစ်သူက သတင်းဌာနအများအပြားမှာ ပေါ်ထွက်လာပြီး  မေးခွန်းထုတ်ပြောဆိုခဲ့သလို မနေ့ကလဲ မြဝတီနဲ့ ထိုင်းအခြေစိုက် သတင်းမီဒီယာတွေကို ခေါ်ယူကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

နောက်ပြီး BGF အနေနဲ့ သူ့ရဲ့နယ်မြေ‌ထဲက ကျားဖြန့်လုပ်ငန်းနဲ့ လူမှောင်ခိုလုပ်ငန်းတွေကို တိုက်ဖျက်သွားမှာဖြစ်ပြီး ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသား (၁၀၀၀)ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်ပို့သွားမယ်လို့ သိရပြီး ဖမ်းဝရမ်းထုတ်မယ့်အပေါ် နားမလည်နိုင်ဘူးလို့လဲ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သူ့အနေနဲ့ ရွှေကုက္ကိုလ်နယ်မြေမှာ တရားဝင်ခွင့်ပြုချက်နဲ့ ၂၀၁၈ခုနှစ်ကစပြီး ဆောက်လုပ်ရေး၊ အိမ်ယာစီမံကိန်းနဲ့ ဟိုတယ်လုပ်ငန်းတွေသာ ဆောင်ရွက်ခဲ့ပြီး ကျားဖြန့်လုပ်ငန်း လုပ်ကိုင်တာမရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါသေးတယ်။

မနေ့ကလဲ မြဝတီမြို့ကို ရောက်ရှိလာတဲ့ စစ်ကောင်စီအပါအဝင် တရုတ်နဲ့ ထိုင်းတို့ (၃)နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေနဲ့ BGF ခေါင်းဆောင်အချို့ တွေ့ဆုံခဲ့ပြီး ပြည်ပနိုင်ငံသားတွေ ပြန်လွှဲပြောင်းဖို့ ပြောဆိုခဲ့တာရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 28 Views
နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး” မင်းအောင်လှိုင်ကအတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းတယ်လို့ ပြီးပြည်နယ်တွေ တိုင်းတွေကို ဗုံးတွေကြဲနေတယ်၊ နောက်သူသမတတက်လုပ်ပြီးတဲ့နောက် မတရား ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးမယ်ပြောပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အများစုကိုလွှတ်မပေးဘူး။
မြန်မာသတင်း

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေပြော

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 29 Views
ဧပြီလ (၂၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်မှာ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားတယ်လို့ သိရပါတယ်။ ချင်းပူးပေါင်းတပ်တွေ
မြန်မာသတင်း

ဘိုဒါးရွာထဲ (၂)နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 28 Views
ဧပြီလ (၂၅)ရက်။ ဘိုဒါးရွာထဲ စစ်တပ်က တပ်စွဲထားတဲ့စခန်းကို ‌တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ ဘိုဒါးစခန်းဟာ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးရွာထဲမှာ စစ်တပ်က (၂)နှစ်ကျော်ကြာ
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အပေါ် NUCC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 26 Views
ဧပြီလ (၂၅)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်ပေါင်း (၁၀၀)ထဲ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး NUCC က ဒီကနေ့မှာ သဘောထားထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖိတ်ခေါ်တာဟာ စစ်အာဏာသိမ်းတာကြောင့် ပျက်ပြယ်ပြီးဖြစ်တဲ့ ၂၀၀၈ခြေ/ဥနဲ့ NCA လမ်းကြောင်းကနေတဆင့် တော်လှန်ရေးအင်အားစုတွေကို သက်လျှိုသွေးခွဲဖို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ကပစ(၂၄) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 35 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၀)ရက်နေ့က ပေါက်မြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၂၄)ကို ရှော့တိုက်ဒုံးတွေ၊ လက်လုပ် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကပစ(၂၄)ကို MGY–30 Special Operations Unit–3
မြန်မာသတင်း

ဝက်လက်နယ်ရှိ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 35 Views
အရပ်သားတဦးသေဆုံးပြီး စာသင်နေတဲ့ ကျောင်းသားကျောင်းသူတွေ ထိခိုက်ဒဏ်ရာရခဲ့ ဧပြီလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၁)နာရီခွဲအချိန်က ဝက်လက်မြို့ မုဆိုးခြုံ(ရွာမ)ရွာ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။ “ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မုဆိုးခြုံ(ရွာမ)ရွာစာသင်ကျောင်းကို
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုတယ်ဆိုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတယ်လို့ MNDAA ပြော

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 32 Views
ဧပြီလ (၂၄)ရက်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ကြိုဆိုဂုဏ်ပြုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတာကြောင့် သတိပြုကြဖို့ ကိုးကန့်တပ်(MNDAA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုအခါ လူမှုကွန်ရက်စာမျက်နှာတွေမှာ “ The Kokang” နဲ့ တရုတ်ဘာသာနဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံ‌ခြားရေးဝန်ကြီးပြောတယ်ဆိုပြီး စစ်လော်ဘီတွေဖြန့်ဝေနေ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 31 Views
ဧပြီလ (၂၄)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ရေးသားဖြန့်ဝေနေကြတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ နေပြည်တော်ကို ရောက်ရှိလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ထည့်သွင်းပြောဆိုခဲ့တာလို့