နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ဘက်ပြောင်းခိုလှုံလာတယ်လို့ KNDF ပြော

ဖေဖော်ဝါရီလ (၁၈)ရက်။

ကရင်နီ-ရှမ်းတောင် နယ်စပ်ဖြစ်တဲ့ မိုးဗြဲတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား တော်လှန်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံလာတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီထိုးစစ်တွေနဲ့အတူ မိုးဗြဲမြို့မှာ ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေပြီး ပြည်သူ့စစ်မှုထမ်းတွေနဲ့ ရှေ့တန်းစစ်မြေပြင်ကနေ ထွက်ပြေးလာတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို လက်ခံရရှိပြီး ကောင်းမွန်စွာ ထားရှိတယ်လို့ အသိပေးထားပါတယ်။

အခုလထဲ KNDF အမှတ်(၃) လှုပ်ရှားနယ်မြေထဲမှာ စစ်ကောင်စီဘက်က လက်နက်နဲ့အတူ ခိုလှုံလာသူ (၅)ဦးနဲ့ ရှေ့တန်းစစ်မြေပြင်မှာ လက်နက်မဲ့ ခိုလှုံလာသူ (၈)ဦးကို သက်ဆိုင်ရာဗဟိုဌာနတွေမှာ လုံခြုံစွာ ထားရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်တွေနဲ့အတူ ရှေ့တန်းစစ်မြေပြင်မှာ လူအင်အားချည့်နဲ့လာသော စစ်ကောင်စီဟာ ၂၀၂၄ခုနှစ်နောက်ပိုင်းကစပြီး အဓမ္မစုဆောင်းထားတဲ့ ပြည်သူ့စစ်မူထမ်းတွေကို စစ်မြေပြင်ရဲ့ ရှေ့ဆုံးထိုးစစ်နေရာတွေမှာ ထုတ်သုံးလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

နောက်ပြီး ပြည်သူ့စစ်မူထမ်းတွေ အားလုံးနီးပါးဟာ တပ်ထဲဝင်ဖို့ ဆန္ဒမရှိဘဲ စစ်ကောင်စီနဲ့ သူ့ရဲ့လက်ကိုင်တုတ် အုပ်ချုပ်ရေးမှူးတွေကနေ ပူးပေါင်းပြီး အတင်းအဓမ္မ စုဆောင်းခံရသူတွေဖြစ်ကာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေရဲ့ ပြောဆိုချက်ကို ဖော်ပြထားပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်ထဲ စစ်မြေပြင်တွေကို ပို့ဆောင်ခံရသူအများစုဟာ  စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဖားအံမြို့၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း အစရှိတဲ့နေရာတွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး (၃)လကြာအခြေခံစစ်သင်တန်းပေးကာ ရှေ့တန်းစစ်မျက်နှာပြင်ကို စေလွတ်ခံရသူတွေလို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေနဲ့ လူငယ်တွေအနေနဲ့  စစ်ကောင်စီရဲ့ ဖမ်းဆီးတာ၊ တပ်သားသစ်အနေနဲ့ အတင်းအဓမ္မ စုဆောင်းတာတွေ မခံရစေဖို့အတွက် အထူးသတိပြုနေထိုင်ကြဖို့နဲ့ စုဆောင်းခံပြီး ရှေ့တန်းစစ်မျက်နာပြင်ကို ပို့ခံရပါက နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက်ပြီး ဘက်ပြောင်းခိုလုံကြဖို့ KNDF က အကြံပြုပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ အရာရှိကစပြီး အောက်ခြေစစ်သားတွေအနေနဲ့ စစ်ကောင်စီရဲ့ အာဏာရှင်စနစ်ဆိုးကို အမြန်ဖြုတ်ချပြီး ပိုမိုကောင်းမွန်တဲ့ စနစ်သစ်၊ နိုင်ငံသစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ပြည်သူတွေနဲ့အတူရပ်တည်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သက်ငယ်မုဒိန်းမှုအပါအဝင် ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 21 Views
BNRA တပ်ဖွဲ့ဝင် (၁၅၀)ခန့် အဖမ်းခံတာ၊ ပူးပေါင်းတာနဲ့ လက်နက်အပ်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၁၈)ရက်။ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့
မြန်မာသတင်း

ရေစကြိုမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူပိုင်နေအိမ် (၃၄)လုံး ပြာကျခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ရေစကြိုမြို့နယ် သမန္တပို့ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ခင်ဦးနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်မှာ ခင်ဦးနယ်အနောက်တောင်ဘက်ခြမ်းရှိ ညောင်ပင်ကြီးစုရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade ထံက သိရပါတယ်။ “ ခင်ဦးနယ်အနောက်တောင်ဘက်ခြမ်းက ညောင်ပင်ကြီးစုရွာ စာသင်ကျောင်းနဲ့ ရွာထဲကို Yak-130
မြန်မာသတင်း

NUG နဲ့ BNRA တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်တပ် ဗုံးကြဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့က ပုလဲနယ်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတွေနဲ့ BNRA တို့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို စစ်တပ်က ဗုံးလာကြဲသွားတယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ခရိုင်ရင်းတွေ လာတိုက်သွားတဲ့ ပုပ္ပါးဂိတ်ကိုပဲ စစ်တပ်က
မြန်မာသတင်း

ထားဝယ်မှာ စစ်တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ် တပြိုင်ထဲ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၉)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၆)နာရီအချိန်ခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာရှိ (GTC) စစ်တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ DNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်တာ (၄)နာရီကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား(ဖားဆောင်း) ဒီကနေ့ နံနက်ပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သံလွင်တံတား ဖျက်ဆီးခံရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ သေချာမသိရဘူး။ အခုဖျက်ဆီးခံရတာက ဖားဆောင်းဘက်အခြမ်းမှာဖြစ်တာ” လို့
မြန်မာသတင်း

ရွှေဘိုခရိုင်ထဲ PDF နဲ့ ပကဖတွေရဲ့ ဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ ညွှန်ကြားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ရွှေဘိုခရိုင်စစ်ဌာန နယ်မြေထဲက PDF တွေ၊ Local PDF တွေနဲ့ ပကဖတွေ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေအားလုံးကို ‌ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနနဲ့ ခရိုင်ပကဖတွေ ပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့
မြန်မာသတင်း

ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်ကစပြီး ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီကနေ့