နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သား (၇)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

ဖေဖော်ဝါရီလ (၂၀)ရက်။

မနေ့က တနင်္သာရီမြို့ ဒေါနတပ်ရင်း ဗျူဟာ (၃၃)နယ်မြေထဲကို စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သား (၇)ဦး အလင်းဝင်လာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတပ်သား (၇)ဦးဟာ စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေဖြစ်ပြီး အမှတ်(၁၂)စစ်တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ သထုံအမှတ်(၉)လေ့ကျင့်ရေးကျောင်းနဲ့ ရွှေမြှင့်တင်(ပုသိမ်)လေ့ကျင့်ရေးကျောင်းတွေကနေ သင်တန်းအပတ်စဉ် (၅)နဲ့(၆)တို့ဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေထဲ တပ်ကြပ်တစ်ဦးနဲ့ ဒုတပ်စိတ်မှူးတစ်ဦးတို့ပါဝင်ပြီး သူတို့နဲ့အတူ MA-1 (၃)လက်၊ MA-2 (၁)လက်၊ MA-3 (၁)လက်နဲ့ MA-4 (၂)လက်အပြင် ၄၀မမ (၁၇)လုံး၊ နင်းမိုင်း(၄)လုံး၊ ဗုံးသီး(၁)လုံး၊ လက်ပစ်ဗုံး (၄)လုံးနဲ့ ဆက်စပ်ကျည်တွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

သူတို့ဟာ တနင်္သာရီမြို့ ကမ္မလိုင်းရွာအခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၅၅၈)မှာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်ကာ လမ်းကင်းချိန်မှာ လက်နက်တွေယူလာပြီး အလင်းဝင်လာခဲ့ကာ ဒေါနတပ်ရင်းက ဆုကြေးငွေတွေပေးအပ်ပြီး နွေးထွေးစွာ ကြိုဆိုထားတယ်လို့ သိရပါတယ်။

“ ကျနော်တို့က ရပ်ရွာထဲမှာ အလှည့်ကျလို့၊ မဲနှိုက်တာပေါက်လို့ ပါသွားတာမဟုတ်ဘူး၊ အတင်းအဓမ္မ ဖမ်းဆီးခံရပြီး ပါလာကြတာပါ။ ကျနော်တို့ကတော့ စစ်ကောင်စီကို ပြန်ချမှာပါ” လို့ အလင်းဝင်လာတဲ့ တပ်သားတွေရဲ့ ပြောဆိုတာကို ထည့်သွင်းထုတ်ပြန်ထားပါတယ်။

ဒေါနတပ်ရင်းအနေနဲ့ အလင်းဝင်လာသူတွေကို ကောင်းမွန်စွာ လက်ခံထားပြီး အခုအချိန်အထိ တပ်ရင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဘက်တော်သား (၁၈)ဦးရှိတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှု့ထမ်းအမိန့်ကြေညာချက်တွေကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ တေယ်လှန်ရေးတပ်တွေဆီ ချိတ်ဆက်အလင်းဝင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ ကုလသံအမတ် ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 12 Views
အောက်တိုဘာလ (၁၄)ရက်။ စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ မနေ့က ကုလသမဂ္ဂမှာပြုလုပ်တဲ့ အပြန်အလှန်ဆွေးနွေးပွဲမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

နမ့်ဆန်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသူ (၁)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 18 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က နမ့်ဆန်မြို့ အုမ်းစွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

လွိုင်လင်လေးမြို့တိုက်ပွဲထဲ စစ်တပ်ဘက်က (၁၀)ဦးကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာများပြားခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 13 Views
အောက်တိုဘာလ (၁၄)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ကစပြီး လွိုင်လင်လေးမြို့ လင်ဖုန်ကြီးရွာဖက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လင်ဖုန်းကြီးရွာက စစ်တပ်က အင်အား (၆၀)ကျော်နဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ဖို နိုင်ငံတကာကို အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ (၆)ဖွဲ တိုက်တွန်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 49 Views
အောက်တိုဘာလ (၁၃)ရက်။ စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ရောက်ဖို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF၊ ABSDF၊ PNLO၊ NMSP(AD)နဲ့ LDU တိုက ဒီကနေ့မှာ တိုက်တွန်းထားတယ်လို သိရပါတယ်။
မြန်မာသတင်း

မိတ္ထီလာမှာ ကင်းလှည့်နေတဲ့ ရဲကားတစီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 20 Views
အောက်တိုဘာလ (၁၃)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က မိတ္ထီလာမြိုအနောက်ဘက်ကနေ ကင်းလှည့်ပြီးပြန်လာတဲ့ ရဲကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို Satan UG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာအနောက်ဘက်ကနေ ကင်းလှည့်ပြီး ပြန်ဝင်လာတဲ့ ရဲကားကို
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံမြိုကို စစ်တပ်က (၂)ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 24 Views
အောက်တိုဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ (၂)ရက်တာထဲ မိုင်းလုံမြိုနယ်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က
မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 23 Views
အောက်တိုဘာလ (၁၃)ရက်။ စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၆)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 43 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “လျှို့ဝှက်မှုမဲ့တဲ့လွင်ကိုလတ် မဲစာရင်းအမှားများနဲ့ဘူးလက် အာဆီယံအတွက် NUG ရဲ့ကြိုးပမ်းချက်” တို့ဖြစ်ပါတယ်။ ဒီအပတ် အောက်တိုဘာလ ၁၂ရက်နေ့ မှာ ပစ်မှတ်ဆိုင်ရာ အထူး ထောက်လှမ်းရေး သင်တန်းကို (လွင်ကိုလတ်)က အွန်လိုင်းကနေ သင်တန်းပေးမှာ ဖြစ်သင့်သလားဆိုတာနဲ့