နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဂျာနယ်လစ် ဖရီးဒ်ဇာကာရီးယား (Fareed Zakaria) ရဲ့ လက်ရှိ အမေရိကန်နိုင်ငံရေး သုံးသပ်ချက်

အမေရိကန် နိုင်ငံခြားရေးမူဝါဒကို အံ့သြသင့်ဖွယ်ရာ ပြောင်းပြန်လှန်လိုက်ခြင်း

ဖရီးဒ်ဇာကာရီးယား (Fareed Zakaria) က ဇလန်းစကီးအပေါ် ထရန့်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ဝေဖန်လိုက်ပါတယ်။

ဒါကို ဘယ်သူကမှ မမျှော်လင့်ထားဘူး။ ဒီလိုလုပ်တာဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒကို အံ့သြဖွယ်ရာ ပြောင်းပြန်လှန်မှုပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာအတွင်း အမေရိကန်နိုင်ငံခြားရေးမူဝါဒကို အကြီးကျယ်ဆုံး ပြင်ဆင်မှုလို့ ယူဆရပါတယ်။

၁၉၄၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းကတည်းကအမေရိကန်ပြည်ထောင်စုဟာ အနောက်ကမ္ဘာကို တည်ဆောက်ကာ လွတ်လပ်တဲ့ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မိမိအချုပ်အခြာအာဏာကို ထိန်းသိမ်းကာ မိမိကြွယ်ဝမှုကိုထိန်းသိမ်းကာ ငြိမ်းချမ်းမှုကို ထိန်းသိမ်းခြင်းနဲ့ အာဏာရှင်တွေရဲ့ ရန်လိုမှုတွေကို ဖယ်ရှားပစ်ခဲ့ပါတယ်။

အမေရိကန်ဟာ မိမိအနေအထားကို‌ ပြောင်းပြန်လှန်လိုက်ပြီး ရန်လိုတဲ့ အာဏာရှင်ဖက်မှာ ရပ်တည်ကာ သားကောင်ဖြစ်နေတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့နိုင်ငံကို ဆန့်ကျင်ခဲ့တဲ့အတွက် ဥရောပခေါင်းဆောင်တွေသာမက ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

ကမ္ဘာတဝှမ်းက လူတွေနဲ့ အာရှခေါင်းဆောင်တွေက အမေရိကန်နိုင်ငံဟာ ဥရောပမှာရှိတဲ့ ဒီမိုကရက်တစ်နိုင်ငံလေးကို ကာကွယ်ပေးပါ့မလားလို့ စူးစမ်းမှုတွေ ရှိနေခဲ့တယ်။ ဥရောပမဟာမိတ်တွေက သူတို့ဟာ အလွန်အန္တရာယ်ကြီးတဲ့ ခြိမ်းခြောက်မှုကြီးနဲ့ ကြုံနေရတယ်လို့ ယုံကြည်နေတဲ့အချိန်မှာ အမေရိကန်က ကာကွယ်မပေးတော့ဘူးဆိုရင် ဒီနိုင်ငံတွေကို ဘယ်သူက ကာကွယ်ပေးမှာလဲ။

အမေရိကန်ရဲ့ အာမခံချက်တွေကို အလေးအနက်ထားနိုင်ပါသလား။ အမေရိကန် နိုင်ငံခြားရေးပေါ်လစီကို အလေးအနက်ထားနိုင်ပါသလား။ အခုအချိန်မှာ ကျွန်တော်တို့ဟာ သမိုင်းလမ်းကြောင်းမှာ ဝမ်းနည်းဖွယ်ကောင်းလောက်တဲ့အချက်ကို မြင်တွေ့နေရတယ်လို့ ထင်ပါတယ်။

သတင်းထောက်။ ရှင်က ကမ္ဘာကြီးအတွက် ဒါကဘာကိုဆိုလိုသလဲဆိုတာကို ပြောနေခဲ့တာ ဆိုတော့ ကမ္ဘာ့အာဏာစဥ်အရ ယူကရိန်းမျက်နှာစာမှာ ဇလန်းစကီးအတွက် ဘယ်လို လက်တွေ့ကျတဲ့ ရွေးချယ်စရာတွေ ရှိသလဲ။ အခုပြောနေတာက အမေရိကန်အကူအညီမပါဘဲနဲ့ စစ်ရှုံးမယ်လို့ လွန်ခဲ့တဲ့ တစ်နှစ်က အင်တာဗျူးမှာ ရှင်ပြောခဲ့တယ်။ အခု အချိန်မှာ သူ့မှာ ဘာရွေးချယ်ခွင့်တွေရှိမလဲ။

ဖရီးဒ်ဇာကာရီးယား။ သူ့(ဇလန်းစကီး) မှာ ရွေးချယ်စရာများစွာ မရှိဘူးလို့ မြင်ပါတယ်။ ဥရောပသားတွေက သူ့ကို ထောက်ပံ့ရေးပစ္စည်းတွေကို တိုးမြှင့်ပေးနိုင်ဖို့ ကြိုးစားနိုင်ပေမဲ့ အမှန်တရားကတော့ အမေရိကန်ကပဲ အဓိကအချက် ဖြစ်တယ်ဆိုတဲ့ အယူအဆနဲ့အနောက်တိုင်း ကာကွယ်ရေး စနစ်တစ်ခုလုံးကို တည်ဆောက်ထားပြီး အမေရိကန်က အဓိကအာမခံချက်ပေးသူ ဖြစ်ပါတယ်။

ဥရောပက သူတို့ရဲ့ စစ်ရေးအသုံးစရိတ်ကို မြှင့်တင်လိုက်ရင်တောင် အမေရိကန် ကုန်ပစ္စည်းတွေကိုပဲ ဝယ်ရတယ်။ ဒါဟာ အမေရိကန်ကိုအာမခံထားတဲ့ သဘောတူညီချက်ပါ။ ဥရောပတိုက်သားတွေက အမေရိကန် ကာကွယ်ရေးသုံးပစ္စည်းတွေနဲ့ ကာကွယ်ရေးထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူကြရပါတယ်။ ဒါ့ကြောင့် စနစ်တစ်ခုလုံးရဲ့ အရေးအကြီးဆုံးဝန်ဆောင်ပေးနေမှုကို ရုတ်တရက် ရုတ်သိမ်းလိုက်မယ်ဆိုရင် ဇလန်းစကီး ဘယ်လိုရှင်သန်နိုင်မယ်ဆိုတာကို ပြောရန်မှာ အလွန်ခက်ခဲပါတယ်။

ခင်ဗျား သိနေသလို ဒါက ဗီယက်နမ်ပြီးရင် အကြီးမားဆုံး အမေရိကန်က လက်နက်ချမှုမျိုးအဖြစ် ခံစားရပါတယ်။ ငြိမ်းချမ်းရေးကို ဆိုးဆိုးရွားရွား လိုချင်တယ်လို့ အမေရိကန်က ဆုံးဖြတ်ခဲ့တဲ့နောက် ဒီတိုက်ပွဲကို လက်နက်ချဖို့ပဲ ဖြစ်ပါတယ်။

မှတ်ချက်။

ဂျာနယ်လစ် ဖရီးဒ်ဇာကာရီးယားက အိန္ဒိယနွယ်ဖွား အမေရိကန် နိုင်ငံသားဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံရေး သုံးသပ်သူတွေထဲမှာ နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ သုံးသပ်ချက်တွေဟာ အလွန်သဘာဝကျလှတယ်လို့ ဆိုကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော