နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းကို ရုရှား ကျူးကျော်ပြီး သုံးနှစ်အကြာ အမေရိကန်သည် ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂကို အဆိုပြုသော်လည်း ယူကရိန်းနှင့် ဥရောပတို့က ယင်းအဆိုပြုချက်ကို ဆန့်ကျင်

ဖေဖော်ဝါရီလ (၂၃) ရက်။

ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ သုံးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမေရိကန် ပြည်ထောင်စုက ၎င်း၏ ကိုယ်ပိုင် ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂထံ တင်သွင်းခဲ့ပါတယ်။ ဥရောပကျောထောက်နောက်ခံပြု ယူကရိန်းက အဲ့ဒီဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ညသန်းခေါင်အချိန်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ “ရှင်းလင်းပြီး သဘောပေါက်လွယ်တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုပါ။ ငြိမ်းချမ်းရေးအတွက် လမ်းခင်းပေးတဲ့အတွက် နိုင်ငံအားလုံးကို ထောက်ခံပေးဖို့ တောင်းဆိုပါတယ်။” လို့ ဖော်ပြခဲ့ပါတယ်။

CNN က ဖတ်ရှုခဲ့ရတဲ့ အမေရိကန် ဆုံးဖြတ်ချက်မူကြမ်းမှာ ရုရှားရဲ့ ကျူးကျော်ရန်လိုမှုကို ရှုတ်ချခြင်း ဒါမှမဟုတ် ယူကရိန်း၏ နယ်မြေစိုးမိုးရေးကို ဖော်ပြတဲ့ စကားလုံးတွေ မပါဝင်ပါဘူး။ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ “ကြေကွဲဖွယ် အသက်ဆုံးရှုံးခြင်း” ကို ဝမ်းနည်းကြေကွဲခဲ့ပြီး “ကုလသမဂ္ဂရဲ့ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့နဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး” လို့ အတည်ပြုခဲ့ပြီး “ပဋိပက္ခကို စောစီးစွာ အဆုံးသတ်ရန်” နဲ့ “ယူကရိန်းနဲ့ ရုရှားအကြား ထာဝရငြိမ်းချမ်းရေး” ကို တောင်းဆိုထားပါတယ်။

“ကုလသမဂ္ဂဟာ စတင်ဖွဲ့စည်းခဲ့စဉ်က မူလရည်ရွယ်ချက်ကို ပြန်သွားသင့်တယ်” လို့ သမ္မတထရန့် ရဲ့ ထည့်သွင်းစဉ်းစားချက်နဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်မူကြမ်းဖြစ်တယ်” လို့ ရူဘီယိုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီ မူကြမ်းနဲ့ပတ်သက်ပြီး ယူကရိန်းရဲ့ဆုံးဖြတ်ချက်မူကြမ်းဟာ “ယူကရိန်းအပေါ် ရုရှားရဲ့ လုံးလုံးလျားလျား ကျူးကျော်ရန်လိုမှု” ကို ရည်ညွှန်းပြီး “ယူကရိန်းအပေါ် ကျူးကျော်ရန်စမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ချမှတ်ထားတဲ့ အရင်ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း” ထောက်ပြခဲ့ပါတယ်။

မကြာသေးမီက ထရမ့်က ရုရှားနဲ့ စစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့ ကြိုးပမ်းနေစဉ် ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးအား တိုက်ခိုက်မှုကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

ဒီအတောအတွင်း ရူဘီယိုဟာ ၂၁ ရက်နေ့မှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တယ်လီဖုန်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ ထရမ့်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သူ့ရဲ့လုပ်ဆောင်မှုတွေ အပါအဝင် စစ်ပွဲကို အဆုံးသတ်ဖို့ ထရမ့်ရဲ့ ကတိကဝတ်ကို အတည်ပြုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်တာ သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် G7 ပူးတွဲကြေညာချက်မှာ ထရမ့်အစိုးရဟာ “ရုရှားကျူးကျော်မှု” ဆိုတဲ့ အသုံးအနှုန်းကို ဆန့်ကျင်ခဲ့ပါတယ်။

ဓာတ်ပုံ။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ၊ ယူကရိန်းနိုင်ငံကို ရုရှားလေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံတစ်ခု။ / Stringer/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော