နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန်တုံမှာ KIA တပ်ဖွဲ့ဝင်တွေကို TNLA ရာနဲ့ချီက ဝိုင်းပိတ်ရိုက်နှက်မှုဖြစ်ပွား၊ ရိုက်နှက်ခံရတဲ့ KIA တပ်ဖွဲ့ဝင်တွေကို ဆေးရုံတင်ထားပြီး TNLA တွေ့ခွင့်မပေး

ဖေဖော်ဝါရီလ (၂၈)ရက်။

မနေ့က နေ့လယ် (၁၂)နာရီခွဲဝန်းကျင်က မန်တုံမြို့ မန်မောက်ကျေးရွာမှာ KIA တပ်ဖွဲ့ဝင်တွေကို အင်အား (၄၀၀)ခန့်ရှိတဲ့ TNLA တပ်ဖွဲ့ဝင်တွေက ဝိုင်းပတ်ရိုက်နှက်ခဲ့ကြတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။

“ မန်မောက်ရွာမှာ KIA တပ်ရင်း (၃၄)က တပ်ဖွဲ့ဝင် (၁၆၀)လောက်ကို မန်တုံနဲ့ ဟိုမိန်းဘက်ကနေ အင်အားအလုံးအရင်းနဲ့တက်လာတဲ့ TNLA တပ်ဖွဲ့ဝင် (၄၀၀)လောက်က ဝိုင်းပိတ်ရိုက်နှက်တာပါ၊ အံ့ဒီဖြစ်စဉ်မှာ KIA ဘက်က (၁၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။

KIA တပ်မဟာ (၄)လက်အောက်ခံ တပ်ရင်း(၃၄)က တပ်ဖွဲ့ဝင် (၁၆၀)ကျော်ကို မန်တုံနဲ့ ဟိုမိန်းဘက်ကနေ အင်အားအလုံးအရင်းနဲ့ တက်လာတဲ့ TNLA တပ်ဖွဲ့ဝင် (၄၀၀)ကျော်က ဝိုင်းပိတ်ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

“ မန်မောက်မှာရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေကို စစ်ရေးအရဖိအားပေးတဲ့ပုံစံမျိုး ရိုက်နှက်ခဲ့တာပါ။ KIA အရာရှိဘက်က ဆွေးနွေးဖို့ပြောလဲ မရဘူး။ နောက်ဆုံး ရိုက်နှက်တဲ့အဆင့်အထိရောက်သွားတာ။ ပြင်းထန်ဒဏ်ရာရတဲ့ KIA တပ်ဖွဲ့ဝင် (၁၂)ဦးကို မန်တုံဆေးရုံကို တင်သွားတယ်။ တွေ့ခွင့်မရတော့ အခြေအနေမသိရသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီရိုက်နှက်မှုဖြစ်စဉ်ထဲ KIA တပ်ဖွဲ့ဝင် (၁၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့ကာ သူတို့ကို မန်တုံဆေးရုံကို ပို့ဆောင်ခဲ့ပြီး TNLA ဘက်က တွေ့ခွင်မပေးဘဲ သတင်းဖုံးဖိထားတာကြောင့် အခြေအနေအသေးစိတ်ကို မသိရဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ KIA နဲ့ TNLA တို့အကြား မကြာခဏဆိုသလို နယ်မြေအငြင်းပွားတာတွေ ဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်မှုတွေရှိနေတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလဲ KIA တပ်ရင်း (၃၄)နယ်မြေရှိ တိုက်နယ်ရုံး (၂)ခု၊ ဂိတ်စခန်း (၄)ခုနဲ့ ပြည်သူ့စစ်စခန်းတစ်ခုတို့ကို TNLA က အင်အားအလုံးအရင်းနဲ့ သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ဖို နိုင်ငံတကာကို အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ (၆)ဖွဲ တိုက်တွန်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 48 Views
အောက်တိုဘာလ (၁၃)ရက်။ စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ရောက်ဖို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF၊
မြန်မာသတင်း

မိတ္ထီလာမှာ ကင်းလှည့်နေတဲ့ ရဲကားတစီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 20 Views
အောက်တိုဘာလ (၁၃)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က မိတ္ထီလာမြိုအနောက်ဘက်ကနေ ကင်းလှည့်ပြီးပြန်လာတဲ့ ရဲကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို Satan UG
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံမြိုကို စစ်တပ်က (၂)ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 23 Views
အောက်တိုဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ (၂)ရက်တာထဲ မိုင်းလုံမြိုနယ်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က
မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 22 Views
အောက်တိုဘာလ (၁၃)ရက်။ စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၆)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 42 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “လျှို့ဝှက်မှုမဲ့တဲ့လွင်ကိုလတ် မဲစာရင်းအမှားများနဲ့ဘူးလက် အာဆီယံအတွက် NUG ရဲ့ကြိုးပမ်းချက်” တို့ဖြစ်ပါတယ်။ ဒီအပတ် အောက်တိုဘာလ ၁၂ရက်နေ့ မှာ ပစ်မှတ်ဆိုင်ရာ အထူး ထောက်လှမ်းရေး သင်တန်းကို (လွင်ကိုလတ်)က အွန်လိုင်းကနေ သင်တန်းပေးမှာ ဖြစ်သင့်သလားဆိုတာနဲ့
မြန်မာသတင်း

တိုင်းဗဟိုသင်တန်းကျောင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 60 Views
အောက်တိုဘာလ (၁၁)ရက်။ အခုလထဲ စစ်တပ်ရဲ့ တိုင်းဗဟိုအမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်သား (၄)ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်မူးလားမြို့နယ်ထဲ စစ်တပ်ရဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းကနေ အောက်တိုဘာလ (၅)ရက်နေ့က
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်း(၁၇)ဦး လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ခံထားရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 42 Views
အောက်တိုဘာလ (၁၁)ရက်။ ‌ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို ထောင်ထဲ လူစုလူဝေးပြုလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို အောက်တိုဘာလ (၂)ရက်နေ့ကစပြီး (၅)ယောက်တစုနှုန်း လူခွဲကာ
မြန်မာသတင်း

ဘီးလင်းမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသား (၅)ဦးသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 37 Views
အောက်တိုဘာလ (၁၁)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဘီးလင်းမြို့ ပျဉ်းမပင်ဆိပ်ရွာရှိ ကဘောယူပလောနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ ည(၈)နာရီ (၁၀)မိနစ်မှာ