နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန်တုံမှာ KIA တပ်ဖွဲ့ဝင်တွေကို TNLA ရာနဲ့ချီက ဝိုင်းပိတ်ရိုက်နှက်မှုဖြစ်ပွား၊ ရိုက်နှက်ခံရတဲ့ KIA တပ်ဖွဲ့ဝင်တွေကို ဆေးရုံတင်ထားပြီး TNLA တွေ့ခွင့်မပေး

ဖေဖော်ဝါရီလ (၂၈)ရက်။

မနေ့က နေ့လယ် (၁၂)နာရီခွဲဝန်းကျင်က မန်တုံမြို့ မန်မောက်ကျေးရွာမှာ KIA တပ်ဖွဲ့ဝင်တွေကို အင်အား (၄၀၀)ခန့်ရှိတဲ့ TNLA တပ်ဖွဲ့ဝင်တွေက ဝိုင်းပတ်ရိုက်နှက်ခဲ့ကြတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။

“ မန်မောက်ရွာမှာ KIA တပ်ရင်း (၃၄)က တပ်ဖွဲ့ဝင် (၁၆၀)လောက်ကို မန်တုံနဲ့ ဟိုမိန်းဘက်ကနေ အင်အားအလုံးအရင်းနဲ့တက်လာတဲ့ TNLA တပ်ဖွဲ့ဝင် (၄၀၀)လောက်က ဝိုင်းပိတ်ရိုက်နှက်တာပါ၊ အံ့ဒီဖြစ်စဉ်မှာ KIA ဘက်က (၁၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။

KIA တပ်မဟာ (၄)လက်အောက်ခံ တပ်ရင်း(၃၄)က တပ်ဖွဲ့ဝင် (၁၆၀)ကျော်ကို မန်တုံနဲ့ ဟိုမိန်းဘက်ကနေ အင်အားအလုံးအရင်းနဲ့ တက်လာတဲ့ TNLA တပ်ဖွဲ့ဝင် (၄၀၀)ကျော်က ဝိုင်းပိတ်ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

“ မန်မောက်မှာရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေကို စစ်ရေးအရဖိအားပေးတဲ့ပုံစံမျိုး ရိုက်နှက်ခဲ့တာပါ။ KIA အရာရှိဘက်က ဆွေးနွေးဖို့ပြောလဲ မရဘူး။ နောက်ဆုံး ရိုက်နှက်တဲ့အဆင့်အထိရောက်သွားတာ။ ပြင်းထန်ဒဏ်ရာရတဲ့ KIA တပ်ဖွဲ့ဝင် (၁၂)ဦးကို မန်တုံဆေးရုံကို တင်သွားတယ်။ တွေ့ခွင့်မရတော့ အခြေအနေမသိရသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီရိုက်နှက်မှုဖြစ်စဉ်ထဲ KIA တပ်ဖွဲ့ဝင် (၁၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့ကာ သူတို့ကို မန်တုံဆေးရုံကို ပို့ဆောင်ခဲ့ပြီး TNLA ဘက်က တွေ့ခွင်မပေးဘဲ သတင်းဖုံးဖိထားတာကြောင့် အခြေအနေအသေးစိတ်ကို မသိရဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ KIA နဲ့ TNLA တို့အကြား မကြာခဏဆိုသလို နယ်မြေအငြင်းပွားတာတွေ ဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်မှုတွေရှိနေတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလဲ KIA တပ်ရင်း (၃၄)နယ်မြေရှိ တိုက်နယ်ရုံး (၂)ခု၊ ဂိတ်စခန်း (၄)ခုနဲ့ ပြည်သူ့စစ်စခန်းတစ်ခုတို့ကို TNLA က အင်အားအလုံးအရင်းနဲ့ သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီ ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 2 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁ရက် ရိုက်တာသတင်းဌာန —ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင်
မြန်မာသတင်း

ရေးမြိုမှာ DKBA ခေါင်းဆောင်တဦးကို ရေးဘီလူးတပ်ရင်း ဝင်ရောက်ပစ်ခတ်၊ လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 25 Views
ဧပြီလ (၃၀)ရက်။ ရေးမြိုနယ်မှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီဆိုသူကို ပစ်ခတ်ခဲ့တယ်လို ရေးဘီလူးတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကဆုန်လပြည့်ဗုဒ္ဓနေ့ အကျဉ်းသား (၁၅၀၀)ကျော်ကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင် လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 20 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၁၅၀၈)ဦးကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်က ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အပါအဝင် လူသားစာနာမှုနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်စေဖို့ဆိုပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (၁၅၀၈)ဦးကို လွတ်ငြိမ်းခွင့်ပေးတာလို့
မြန်မာသတင်း

ပုလဲနယ်ထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက်အကျအဆုံး များပြားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
ဧပြီလ (၃၀)ရက်။ ဖေဖော်ဝါရီလ (၂၂ရက်နေ့ကစပြီး ပုလဲနယ် ချင်ပစ်-မုံသွင်ဘက်မှာ အင်အား (၄၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင်ခရိုင်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား (၁)လကျော်ကြာ
မြန်မာသတင်း

မြိုင်မြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 32 Views
ဧပြီလ (၂၉)ရက်။ ဒီကနေ့ မြိုင်မြို့နယ်အရှေ့မြောက်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကော်မရှင်ဂိတ်စခန်းကို ပခုက္ကူခရိုင် အမှတ်(၂၊၆၊၇)တပ်ရင်းတွေ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်တော်(MGY) အညာမြေတပ်ပေါင်းစုနဲ့ မြိုင်(ပ.က.ဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲဟာ (၁)နာရီနီးပါး ကြာမြင့်ခဲ့ပြီး အဲ့ဒီဂိတ်နေရာမှာ
မြန်မာသတင်း

“ The Low-Class Intellectuals”

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 28 Views
By U Tin Nyunt (April 16, 2026) Note: The Author was arrested after he published the article and his whereabout
မြန်မာသတင်း

ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက် ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 37 Views
စစ်တပ်ဘက်က လက်နက်မျိုးစုံ (၂၀၀)ခန့် ပျက်စီးခဲ့ပြီး (၄)ဦးသေဆုံးခဲ့ ဧပြီလ (၂၉)ရက်။ ဧပြီလ (၁၉)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ(၃၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အရောတော်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဒဏ်ရာရတဲ့ ပျူစောထီးမိသားစုကို ပကဖက ကယ်ဆယ်စောင့်ရှောက်ထား

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 26 Views
ဧပြီလ (၂၉)ရက်။ အရာတော်ဒေသမှာ ဒဏ်ရာရတဲ့ စစ်တပ်ဒေါက်တိုင် ပျူစောထီးမိသားစုကို မြို့နယ်ပကဖက တိုက်ပွဲကနေ ကယ်ဆယ်စောင့်ရှောက်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သလဲဘာရွာ ပြည်သူ့စစ်ရဲဘော် ငလင်းရဲ့ ဇနီးနဲ့ ကလေးငယ်တဦးဟာ အရာတော်ဒေသ တိုက်ပွဲထဲ စစ်တပ်ရဲ့