နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်နှင့် ဇလန်းစကီးတို့စစ်ရပ်စဲရေးအတွက်တွေ့ဆုံမှုဘယ်လိုပြိုကွဲသွားသလဲ။

အမေရိကန်သမတဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေရှေ့မှာ ယူကရိန်းသမတဇလန်းစကီးနဲ့ တွေ့ဆုံကြသည့်အခါ –

ထရန့်- “ငါက အမေရိကန်အတွက် လိုက်လျောညီထွေရှိမယ်။ ငါက ဥရောပအတွက် လိုက်လျော ညီထွေရှိမယ် ခေါင်းမာရမယ်ဆိုရင် ဘယ်လူသားနဲ့မဆို ငါမာနိုင်တယ်။ မာကြောလွန်းရင် ဘယ်လို သဘောတူညီမှုကိုမှ မရနိုင်ဘူး” ဟု အစချီပြောပြီး ဇလန်းစကီးကို သဘောတူညီချက်ရဖို့ ခေါင်းမမာဖို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ဗန့်- “အမေရိကားဟာ ၄ နှစ်တာကာလမှာ ပူတင်ဟာ ယူကရိန်းကို ဝင်ရောက်ကျူးကျော်ပြီး နိုင်ငံရဲအစိတ်အပိုင်းတွေကို သိမ်းယူခဲ့တယ်။ ငြိမ်းချမ်း‌ရေးလမ်းကြောင်းနဲ့ ဖွံဖြိုးတိုးတက်ရေးရဖို့အတွက် သံတမန်ရေးအရသာ စွမ်းဆောင်နိုင်တယ်။ ဂျိုးဘိုင်ဒင်လက်ထက်မှာ ကျွန်တော်တို့ဟာ လက်နက်ခဲယမ်းတွေ ငွေကြေးတွေ ပုံအောပေးခဲ့တယ်။ သံတမန်ရေး လုပ်ဆောင်မှုမရှိခဲ့ဘူး အမေရိကန် သမတတယောက်ရဲ့စကားထက် သမတရဲ့ လုပ်ဆောင်ချက်က ပိုအ‌ရေးကြီးတယ်။ အမေရိကားကို ကောင်းမွန်တဲ့ နိုင်ငံဖြစ်စေတာက ကောင်းမွန်တဲ့ သံတမန်ရေး နည်းလမ်းကို အသုံးချလို့သာဖြစ်တယ်” လို့ ဆိုတယ်။

ဇလန်းစကီးက ဗန့်စ်ကို- “ကျွန်တော် ခင်‌ဗျားကို မေးလို့ရမလား။ ပူတင်က ယူကရိန်းရဲ့ကြီးမားတဲ့ အပိုင်း ခရိုင်းမီးယားကို သိမ်းယူခဲ့တယ်။ သူက ၂၀၁၄ ခုနှစ်မှာ သိမ်းခဲ့တယ်၊ ကျွန်တော်က ဘိုင်ဒင်တုံးကအချိန်ကို ပြောနေတာမ မဟုတ်ဘူး။ အိုးဘားမားလက်ထက်၊ နောက်သမတထရန့် ၊ နောက်သမတဂျိုးဘိုင်ဒင် နောက် သမတထရန့်အခုပြန်ဖြစ်တယ် အခုသမတထရန့်က သူ့ (ပူတင်စစ်ဆင်နေတာ) ကို ရပ်ပစ်မယ်။ သူကဝင်သိမ်းပိုက်တယ် လူတွေကိုသတ်ဖြတ်တယ်” လို့ ပြောနေစဥ်

ထရန့်က ဝင်မေးတယ် “၂၀၁၅ ခုနှစ်လား” “မဟုတ်ဘူး” လို့ ဇလန်းစကီးကဖြေပြီး ထရန့်က “ဒါဆို ငါ့အစိုးရ လက်ထက်မဟုတ်ဘူး” လို့ ပြောခဲ့တယ်။

ဇလန်းစကီး- “၂၀၁၄ ကနေ ၂၀၂၂ အထိ အခြေအနေက မပြောင်းလဲခဲ့ဘူး အဲဒီအတိုင်းဘဲ ရှိနေခဲ့တယ် စစ်သားတွေ ပြည်သူတွေကဟာ နှစ်ဖက်ထိတွေ့နေတဲ့နေရာမှာ သေဆုံးနေခဲ့ကြရတယ်။ အဲ့ဒီအချိန်က ဘယ်သူမှ ဝင်မတားခဲ့ကြဘူး။

ခင်ဗျားသိဖို့က ကျွန်တော်တို့မှာ သူနဲ့စကားပြောဆိုမှုတွေ ရှိခဲ့တယ်။ အများကြီး ရှိခဲ့ပါတယ်။ နှစ်ဖက်သဘောတူစကားတွေပြောခဲ့ကြတယ်။ ကျွန်တော်တို့ သဘောတူ လက်မှတ်တွေထိုးခဲ့ကြတယ်၊ ၂၀၁၉ မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်။ ကျွန်တော်မက်ခရွန်နဲ့ မာကဲလ်တို့နဲ့အတူ လက်မှတ်ရေးထိုးခဲ့ကြတယ်၊ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးခဲ့ကြတယ် အားလုံးပါဝင်လက်မှတ်ရေးထိုးခဲ့ကြတယ် ဓါတ်ငွေ့ကန်ထရိုက်ကို လက်မှတ်ရေးထိုးခဲ့တယ်၊ သူကချိုးဖောက်ခဲ့တယ် ကျွန်တော်တို့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ် အကျဥ်းသားလဲ လှယ်ရေးကို သဘောတူ လက်မှတ်ရေးထိုး ခဲ့ပေမဲ့သူက အကျဥ်းသားလဲလှယ်ရေးကိုမလုပ်ခဲ့ဘူး။ ဘယ်လို ဒီပလိုမေစီ(သံခင်းတမန်ခင်း) ကို ဂျေဒီ(ဗန့်စ်)က ဆိုလိုနေတာလဲ? ခင်ဗျား ဘာကို ဆိုလိုနေတာလဲ?”

ဇလန်းစကီးက အဲဒီလိုမေးလိုက်တဲ့အခါ ချက်ချင်းအခြေအနေတွေတင်းမာသွားတယ်-

ဗန့်စ်- “ကျွန်တော်ပြောနေတဲ့ ဒီပလိုမေစီဆိုတာက ခင်‌ဗျားနိုင်ငံပျက်စီးယိုယွင်းနေတာကို ရပ်ဖို့ပဲ သမတကျေးဇူးပြုပြီးဒီရုံးခန်းကိုလေးစားမှုရှိစေချင်တယ် သတင်းသမားတွေ ရှေ့မှာ ငြင်းခုန် နေတာကို ဆင်ခြင်ပြီး စကားပြောစေချင်တယ်။ အခုအချိန်မှာရှေ့တန်းမှာသင့်အတွက် လူအင်အား လိုအပ်တဲ့ပြဿနာတွေရှိနေတယ် ခင်‌ဗျားအနေနဲ့သမတကိုကျေးဇူးတင်သင့်တယ်”

ဇလန်းစကီးက ပြန်မေးလိုက်တယ် “ကျွန်တော်တို့နိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတာ ခင်ဗျားမြင် လို့လား ခင်ဗျားကျွန်တော်တို့နိုင်ငံကို တခေါက်လောက်လာကြည့်ဘူးလား။”

ဗန့်စ်- “ကျွန်တော် သတင်းတွေမှာကြည့်တယ်ဇတ်လမ်းတွေကိုကြည့်တယ် ဘာတွေဖြစ်နေလဲ ဆိုတာသိတယ် ခင်‌ဗျားက ဝါဒဖြန့်ချီရေးတွေ လာလုပ်နေတယ်။ သမတ(ဇလန်းစကီး) ခင်‌ဗျား ခင်ဗျားမှာပြဿနာရှိနေတယ်ဆိုတာ ခင်ဗျား လက်ခံလား”

ဇလန်းစကီး- “ဟုတ်တယ်ရှိတယ်”

ဗန့်စ် – “လူတွေကို စစ်မှုမထမ်းမနေရနဲ့ စစ်ထဲခေါ်သွင်းနေတဲ့ပြဿနာ ခင်ဗျားငြင်းမလား၊ ခင်ဗျားအနေနဲ့ သမတရုံးခန်းကိုလာပြီးတော့ မလေးမစားလုပ်တာ အစိုးရအဖွဲ့ကို တိုက်ခိုက်တာ လုပ်သင့်သလား။ ခင်ဗျားတိုင်းပြည်ပျက်မှာကို ကာကွယ်ပေးမဲ့သူတွေကို စော်ကားတာဖြစ်သင့်သလား”

ဇလန်းစကီး- “မေးခွန်းတွေက အများကြီးပါပဲ။ အစကနေပြန်ကောက်ကြရအောင်။ စစ်စဖြစ်ဖြစ်ခြင်းမှာကမ္ဘာက လူတိုင်းမှာပြဿနာရှိပါတယ်။ ခင်‌ဗျားမှာလဲရှိမှာပဲ ဒါပေမဲ့ ခင်ဗျားတို့မှာက ကောင်းမွန်တဲ့ သမုဒ္ဒရာကြီးက ခြားနေတယ်။ ခင်ဗျားအခု မခံစားရပေမဲ့ လာမဲ့အနာဂါတ်မှာခံစားရလိမ့်မယ် ဘုရားသခင်ကကောင်းချီးပေးပါစေ။”

ထရန့်က ဝင်ပြောတယ် “မင်းဒါကိုမသိပါဘူး အနာဂါတ်မှာ ငါတို့ဘယ်လိုခံစားရမယ်ဆိုတာကို လာမပြောနဲ့ ငါတို့ကပြဿနာကိုဖြေရှင်းပေးဖို့လုပ်နေတာ”

ဇလန်းစကီး- “ကျွန်တော်ကပြောနေတာမဟုတ်ပါဘူး”။

ထရန့်- “မင်းမှာငါတို့ဘယ်လိုခံစားရမယ်ဆိုတာကိုပြောနိုင်တဲ့ အနေအထားမရှိပါဘူး ငါတို့ပြင်းထန်စွာခံစားသိရှိတယ် မင်းဟာအခုအချိန်မှာ သိပ်ကောင်းတဲ့ အနေအထားမှာ ရှိမနေဘူး အလွန်ဆိုးဝါးတဲ့အနေအထားမှာရှိနေတယ် မင်းမှာအောက်ဖဲမရှိဘူး နိုင်ဖို့ဖဲချပ်မရှိဘဲနဲ့ မင်းဟာ တတိယကမ္ဘာစစ်ကိုလောင်းကြေးထပ်နေတာဖြစ်တယ်”။

ဇလန်းစကီး- “ကျွန်တော်ဟာစစ်ဖြစ်နေတဲ့နိုင်ငံကသမတတယောက်ပါ”

ထရန့်- “သင်အခုလိုပြောနေတာက ဒီနိုင်ငံကိုမလေးမစားပြုမူနေတာဖြစ်တယ် အခြားသူတွေပြောနေတာထက်ပိုပြီးမလေးမစားပြုနေတာဖြစ်တယ်”

ဗန့်စ်- “ခင်ဗျားကကျေးဇူးတင်ပါတယ်လို့ တခွန်းပြောဘူးသလား” လို့ ဝင်မေးလိုက်တယ်။

ဇလန်းစကီးက -“ အကြိမ်ပေါင်းများစွာပဲ ပြောခဲ့တယ်” လို့ တုံ့ပြန်တယ်။

ဗန့်စ်- “မဟုတ်ဘူး အခုဒီမှာကိုပြောနေတာ မင်းပင်ဆယ်ဗေးနီးယားကိုသွားပြီး ငါတို့အတိုက်အခံတွေကို သမတကမင်းတို့နိုင်ငံကို ကယ်တင်ဖို့လုပ်နေတာကို ကျေးဇူးတင်တယ်လို့ ပြောခဲ့လား။”

ဇလန်းစကီး- “ခင်ဗျားက ကစစ်အကြောင်းကို ကျယ်ကျယ်လောင်လောင် ပြောဆိုနေတာနဲ့ပတ်သက်ပြီး……

ထရန့်ကကြားဖြတ်၍ သူက ကျယ်ကျယ်လောင်လောင် ပြောမနေပါဘူးလို့ ဝင်ပိတ်လိုက်တယ်။”

စလန်းစကီး- “ကျွန်တော်ရှင်းပြ”

ထရန့်-“တော်တော်မင်းပြောနေတာများနေပြီ မင်းနိုင်ငံဟာ ပြဿနာ အကြီးအကျယ် တက်နေတာ”

ဇလန်းစကီး- “ကျွန်တော် သိတယ်”

ထရန့်- “မင်းဒီစစ်ပွဲကိုနိုင်မှာမဟုတ်ဘူး မင်းမှာငါတို့ကြောင့် အိုကေလို့ပြောနိုင်တဲ့ အခြေအနေ ရှိနေတယ်”

ဇလန်းစကီး “သမတကြီးကျွန်တော်တို့ဟာမူလပထမကစပြီး ခိုင်မာအားကောင်းစွာ ရပ်တည်နေတုံးဖြစ်ပါတယ် ကျွန်တော်တို့ဟာအထီးကျန်တိုက်ပွဲဝင်နေကြတယ် ဒီကက်ဘီနက် အစိုးရအဖွဲ့ကို ကျေးဇူးတင်ပါတယ်”။

ထရန့်- “မင်းကိုညံ့ဖျင်းတဲ့သမတက ၃၅၀ဘီလီယံပေးခဲ့တယ် မင်းအတွက် စစ်လက်နက် ပစ္စည်းတွေမရရင် ဒီစစ်ပွဲဟာ ၂ပတ်အတွင်း ပြီးသွားမှာဖြစ်တယ်”

ဇလန်းစကီး- “၃ရက်အတွင်းပြီးသွားမယ်လို့ ပူတင်ကလဲပြောခဲ့တာဘဲ” လို့ ပြန်ပက်လိုက်ပါတယ်။

ထရန့်- “ဒီလိုအခြေအနေမျိုးမှာ စီးပွားရေး(ဆွေးနွေးမှု)လုပ်ဖို့အလွန်ခက်ပါတယ်။”

ဗန့်စ်- “ခင်ဗျားကကျေးဇူးတင်ပါတယ်လို့တခွန်းမှမဆိုဘူး”

ဇလန်းစကီး- “အများကြီးပြောခဲ့တယ်”

ဗန့်စ်- “ဒီအငြင်းအခုန်ဖြစ်တာကို အမေရိကန်ပြည်သူတွေနဲ့ သတင်းဌာနတွေရှေ့မှာ ခင်ဗျားဟာ မှားနေပြီဆိုတာသိကြမယ် ခင်ဗျားမှားနေတာကို ငါတို့လဲသိတယ်။”

ထရန့်- “ငါထင်တယ်ဘာမှားနေလဲဆိုတာ အမေရိကန်တွေ သိမြင်ဖို့လိုတယ်။ ဒါကကောင်းတယ် ဒါကသိပ်အ‌ရေးကြီးတယ်ဒါကြောင့်ဒါကိုဆက်သွားနေဖို့ငါကခွင့်ပြုထားတာ ခင်ဗျားအနေနဲ့ကျေးဇူးတင်သင့်တယ်။” (ဇလန်းစကီး- ကျွန်တော်ကျေးဇူးတင်ပါတယ်)

“လူတွေသေနေကြတယ် စစ်သားတွေက လျော့နည်းနေပြီ စစ်ပွဲကိုရပ်ဖို့ကောင်းပြီ ဒါပေမဲ့ မင်းကငါစစ်ပွဲကို မရပ်ချင်ဘူး။ မင်းက ငါစစ်ပွဲကိုမရပ်ချင်ဘူးလို့ဆိုတယ် ငါဆက်တိုးသွား ချင်တယ်လို့ ဆိုတယ် မင်းအနေနဲ့စစ်ရပ်စဲ‌ရေးကို ယူနိုင်တုံး ရရင်ယူလိုက်ပါ ဒီလိုဆိုရင် ကျဥ်ဆံတွေပျံသန်းနေတာတွေရပ်တန့်သွားမယ် လူတွေသေနေတာတွေရပ်သွားမယ်”

ဇလန်းစကီး- “မှန်တာပေါ့ ရပ်ချင်တာပေါ့ ဒါပေမဲ့ အာမခံချက်ပါဖို့လိုပါတယ်” ။

ထရန့်- “အိုဘာမားကမင်းကိုစာရွက်တွေပဲပေးခဲ့တယ်။ ငါကမင်းကိုဂျယ်ဗလင်တွေပေးပြီး တင့်ကားတွေကိုဖျက်နိုင်စေခဲ့တယ်။ မင်းအနေနဲ့ပိုကျေးဇူးတင်သင့်တယ် မင်းကိုပြောချင်တယ် မင်းမှာနိုင်ဖဲကဒ် မရှိဘူး ငါတို့နဲ့အတူဆိုရင်မင်းမှာနိုင်ဖဲကဒ်ရှိတယ် ဒါဟာသူ့အမူအကျင့်ကြောင့် သဘောတူညီမှုရဖို့ ခက်ခဲခဲ့တယ် သူ့အမူအကျင့်ကို ပြောင်းလဲဖို့ လိုတယ်။”

သတင်းထောက်- “တကယ်လို့ ရုရှားက အပစ်အခပ်ရပ်စဲရေးကို ဖျက်လိုက်ရင် ဘယ်လိုလုပ်မလဲ?”

ထရန့်- “ဘာမဆိုဖြစ်နိုင်တယ် မင်းခေါင်းပေါ်ကိုဗုံးကျလာတာလဲဖြစ်နိုင်တယ် ဘာကြောင့်သူတို့ချိုးဖောက်ခဲ့သလဲ ဘိုင်ဒင်ကိုသူတို့မလေးစားလို့နေမှာပေါ့ သူတို့အိုဘားမားကိုလဲမလေးစားဘူး ၊ သူတို့ကငါ့ကိုတော့ လေးစားတယ် ပူတင်ကငါ့လိုပဲ အများကြီး ဖြတ်ကျော်ခဲ့ရတယ် သူ့ကို မတော်မတရားစွပ်စွဲခဲ့တယ်။ ရုရှား ရုရှား ရုရှားဆိုပြီး ဂျိုးဘိုင်ဒင်က အတုအယောင်တိုက်ခိုက်ခဲ့တယ် ဟယ်လာရီ ကလင်တန်က တိုက်ခိုက်ခဲ့တယ် အဒမ်ရှစ်က တိုက်ခိုက်ခဲ့တယ် ဒီမိုကရက်တွေရဲ့ လိမ်လည်လုပ်ကြံမှုတွေ လုပ်ခဲ့တယ် နောက်သူကစစ်ဖြစ်တဲ့အထိရောက်သွားတယ် သူက ဒါတွေကို ကျော်လွှား နိုင်ခဲ့တယ်။ သူဟာအိုဘားမား ၊ ဘွတ်ရှ်တို့နဲ့သဘောတူညီချက်တွေ ချိုးဖောက်ချင် ဖောက်ဖျက်လိမ့်မယ် ဘိုင်ဒင်နဲ့လည်းဖြစ်ချင်ဖြစ်လိမ့်မယ်။ ငါမသိဘူး ဒါပေမဲ့ သူကငါနဲ့တော့ ဖောက်ဖျက်လိမ့်မယ်မဟုတ်ဘူး၊ သူကအပေးအယူငါနဲ့လုပ်ချင်တယ်၊ ပြဿနာက ငါက မင်း (ဇလန်းစကီး) ကို ခိုင်မာတဲ့သူဖြစ်စေချင်တယ် အမေရိကန်မပါဘဲ မင်းအနေနဲ့ ခိုင်မာနိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်။ မင်းတို့လူမျိုးတွေဟာ အလွန်သတ္တိကောင်းကြတယ် (ဇလန်းစကီး- ကျေးဇူးတင်ပါတယ်)။ မင်းက အပေးအယူ လုပ်တာကို လက်ခံမလား။ ငါတို့ထွက်သွားတာကို လုပ်မလား ငါတို့ ထွက်သွားခဲ့ရင် မင်းဘာဖြစ်မလဲဆိုတာကြည့်ပေါ့။ ငါ့အနေနဲ့ ဒါဟာ သိပ်ကောင်းမှာ တော့မဟုတ်ဘူး။ မင်းမှာနိုင်ဖဲမရှိဘူး။ ဒီအပေးအယူလုပ်မှုကို မင်းလက်မှတ်ထိုးလိုက်ရင်တော့ မင်းမှာပိုကောင်းတဲ့ အနေအထားကို ရလာမှာဖြစ်တယ် မင်းက ဒီလုပ်ဆောင်ပေးမှုကို ကျေးဇူးတင်ပုံမရဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါကတော့ သိပ်မကောင်းဘူးပေါ့။ ကဲကဲ ဒါလောက်ဆိုရင်တော်လောက်ပါပြီ။ ဒီနေ့ဟာ အလွန်ကောင်းတဲ့ တယ်လီဗေးရှင်းအစီအစဥ်ဖြစ်မှာပဲလို့ ငါပြောချင်တယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော