နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်အား “တောင်းပန်ဖို့” မလိုအပ်ဟု ဇလန်းစကီးပြော

မတ်လ (၁) ရက်။

ယူကရိန်းသမ္မတ ဇလန်းစကီးက ဖေဖော်ဝါရီ ၂၈ ရက် အစောပိုင်း အိမ်ဖြူတော်မှာ အမေရိကန်သမ္မတထရမ့်နအစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့စဉ် စကားအခြေတင် ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတကို “တောင်းပန်ဖို့” မလိုအပ်ဘူးလို့ ယူဆတယ်လို့ Fox News ရဲ့ တိုက်ရိုက်ထုတ်လွှင့်အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီနေ့က စကားအခြေတင် ဖြစ်ပွားခဲ့တာကြောင့် မူလက ကျင်းပရန် စီစဉ်ထားတဲ့ နေ့လည်စာစားပွဲနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒါ့အပြင် အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးဖို့ မပြုလုပ်တော့ပါဘူး။ စလန်းစကီးက ညပိုင်းမှာတော့ မူလစီစဉ်ထားတဲ့အတိုင်း အမေရိကန် Fox News ရဲ့ တိုက်ရိုက်ထုတ်လွှင့်အစီအစဉ်ကို တက်ရောက်ခဲ့ပြီး မေးမြန်းမှုကို လက်ခံဖြေကြားခဲ့ပါတယ်။

ထရမ့်အား “တောင်းပန်” မလားလို့ သတင်းတင်ဆက်သူက မေးမြန်းခဲ့ရာမှာ ဇလန်းစကီးက “မတောင်းပန်ပါဘူး၊ ကျွန်တော် သမ္မတ (ထရမ့်) ကို လေးစားပါတယ်၊ အမေရိကန်ပြည်သူတွေကိုလည်း လေးစားပါတယ်။ ကျွန်တော့်အနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ပြောတာပဲရှိပါတယ်၊ ကျွန်တော်အနေနဲ့ ဘာမှမကောင်းတာ လုပ်ခဲ့တယ်လို့ မထင်ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ယူကရိန်းသမ္မတကို ရာထူးက နုတ်ထွက်ဖို့နဲ့ ပတ်သက်တဲ့ မေးခွန်း ထွက်ပေါ်လာပြီးနောက် သောကြာနေ့တွင် အထက်လွှတ်တော်အမတ် လင်းဆေး ဂရေဟမ် (Lindsey Graham) က သူနှင့် သမ္မတ ထရမ့်တို့ အကြား စကားအခြေတင် ဖြစ်ပွားပြီးနောက် ဇလန်းစကီး ရာထူးက နုတ်ထွက်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဇလန်းစကီးကတော့ သူ့နိုင်ငံက နေတိုးဝင်ခွင့်နဲ့ လုံခြုံရေးအာမခံချက်ရရင် သူနှုတ်ထွက်ပေးဖို့ အဆင်သင့်ပဲလို့ ပြန်ဖြေခဲ့ပါတယ်။

ရီပတ်ဘလီကန်ပါတီက ဇလန်းစကီးကို နှုတ်ထွက်ဖို့ ပြောဆိုတာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ထရမ့်တို့အကြား ဖုန်းပြောခဲ့ပြီးနောက် အခုလအစောပိုင်းမှာ စတင်ပြောဆိုလာတာ ဖြစ်ပါတယ်။

ထရမ့်က ဇလန်းစကီးဟာ ယူကရိန်းပြည်သူရဲ့ ၄ ရာခိုင်နှုန်းသာ ထောက်ခံမှုရတယ်လို့ လိမ်လည်ပြောဆိုပြီးနောက် ရွေးကောက်ပွဲတွေ ကျင်းပသင့်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်းရဲ့ ဖွဲ့စည်းပုံဥပဒေအရ စစ်ပွဲကာလအတွင်း စစ်အုပ်ချုပ်ရေးအာဏာတည်တဲ့အချိန်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ပါဘူး။

ယူကရိန်းအနေနဲ့ သံတမန်လမ်းကြောင်းနဲ့ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းသွားမှာဖြစ်ပေမဲ့ စေ့စပ်ညှိနှိုင်းမှု ရည်ရွယ်ချက်ဟာ “တရားမျှတမှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး” ဖော်ဆောင်မှု ဖြစ်သင့်ကြောင်းနဲ့ ယူကရိန်းအနေနဲ့ ခိုင်မာအားကောင်းတဲ့ အနေအထားနဲ့ စေ့စပ်ညှိနှိုင်းမှုစားပွဲမှာ ပါဝင်ရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ဘက်ကတော့ ယူကရိန်းနိုင်ငံကို ထောက်ပံ့တာတွေကို ရပ်ဆိုင်းဖို့ စဉ်းစားနေကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

သတင်းရင်းမြစ်။ FOX NEWS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 26 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 35 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 37 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 45 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 48 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်