နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

‌YPDF နဲ့ ယောတပ်တော်(YA)တို့ တပ်ပေါင်းစုအနေနဲ့ ပေါင်းစည်းတိုက်ပွဲဝင်သွားမယ်လို့ဆို

‌မတ်လ (၄)ရက်။

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)နဲ့ ယောတပ်တော်(YA)တို့ တပ်ပေါင်းစုတခုအနေနဲ့ ပေါင်းစည်းပြီး အတူတိုက်ပွဲဝင်သွားမယ်လို့ YA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုအခါ စစ်အာဏာရှင်ပြုတ်ကျဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် တိုင်းရင်းသားပြည်သူတရပ်လုံး ကြိုးပမ်းနေတဲ့အချိန်ဖြစ်ကာ ဖက်ဒရယ်ဆိုတဲ့ အနှစ်သာရကို နားလည်သဘောပေါက်ပြီး တန်းတူညီမျှစွာ ရပ်တည်ပူးပေါင်းနိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

ယောဒေသထဲနေ ယောလူမျိုး၊ တောင်သားလူမျိုး၊ ချင်းပုံလူမျိုးတွေဟာ ယောဆိုတဲ့ ဝိသေသလက္ခဏာကို ဘယ်လိုအချိန် ဘယ်လိုနေရာမှာမဆို အတူရပ်တည်ကြတဲ့ လူမျိုးတွေဖြစ်ကာ ယောဒေသထဲ နှစ်ကာလများစွာ အတူနေထိုင်ခဲ့ပြီး တော်လှန်ရေးမှာ တသားထဲ တိုက်ပွဲဝင်နေတာလို့ ဖော်ပြထားပါတယ်။

အခုအခါ တော်လှန်ရေးရဲ့ ခက်ခဲကြမ်းတမ်းလာတဲ့ စိန်ခေါ်တာတွေကို ရင်ဆိုင်ဖြေရှင်းပြီး လွတ်မြောက်မှုကို လက်တွေ့ကျကျ ဖော်ဆောင်ဖို့ ယောဒေသထဲ တော်လှန်ရေးတပ်တွေ ရင်ဘတ်ချင်းနီးကာ ကျောချင်းကပ်ကြရမယ့် အချိန်ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် YPDF နဲ့ ယော‌တပ်တော်(YA)တို့ ပေါင်းစည်းဖို့အတွက် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အခုအချိန်မှာ တပ်တခုထဲအနေနဲ့ အတူတည်ဆောက် တိုင်ပွဲဝင်သွားမှာဖြစ်တယ်လို့ အသိပေးထားတာပါ။

အခုလို စုပေါင်းနိုင်တာဟာ ယောအမျိုးသားတည်ဆောက်ဖို့နဲ့ ညီညွတ်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတခုဖြစ်ပြီး စစ်အာဏာရှင်ကို ပိုမိုထိရောက်စွာ ထိုးနှက်တိုက်ခိုက်ဖို့ အင်အားတစ်ခုလဲဖြစ်တယ်လို့ YA က ပြောဆိုထားပါတယ်။

ယောတပ်တော်(YA)အနေနဲ့ နွေဦးတော်လှန်ရေးရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချဖို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ ယောတို့ရဲ့ တန်းတူညီမျှစွာ ပါဝင်ရပ်တည်ဖို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂)ရက်ကစပြီး ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)ကို ဖျက်သိမ်းတယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက်မှာ ယောတပ်တော်(YA)နဲ့ တပ်ပေါင်းစုအနေနဲ့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာစစ်ပြေးဒုက္ခသည်တွေကို စစ်ကောင်စီထံ ပြန်ပို့်မယ်ဆိုပြီး အိန္ဒိယက ခြိမ်းခြောက်နေ

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 1 Views
မတ်လ (၄)ရက်။ အိန္ဒိယရှိ ပြည်နယ်အချို့မှာ မြန်မာစစ်ပြေးဒုက္ခသည်တွေကို ဖမ်းဆီးပြီး စစ်ကောင်စီထံ ပြန်ပို့မယ်ဆိုကာ ခြိမ်းခြောက်တာတွေ ခံ‌နေရတယ်လို့ India for
မြန်မာသတင်း

မြိုင်မှာ အညာဒူဘိုင်းကိစ္စအပြီး အရေးယူကန့်သတ်ချက်‌တွေ မြိုင်ပကဖ ညွှန်ကြား

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 1 Views
မတ်လ (၄)ရက်။ မြိုင်မြို့နယ်ထဲ အညာဒူဘိုင်းသတင်းကိစ္စ ပေါ်ပေါက်လာပြီးနောက် ပြည်သူတွေအပေါ် အရေးယူကန့်သတ်တဲ့ ညွှန်ကြားချက်တွေကို ‌မနေ့ကစပြီး မြိုင်ပကဖက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

ရုရှားနဲ့ မြန်မာစစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့ဖို့ နိုင်ငံတကာကို Justice for Myanmar တောင်းဆို

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 2 Views
မတ်လ (၄)ရက်။ ရုရှားနဲ့ မြန်မာစစ်အုပ်စုရဲ့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ အဆုံးသတ်ဖို့ နိုင်ငံတကာအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ဖို့ Justice for Myanmar က ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။ မနေ့က မတ်လ (၃)ရက်နေ့ကစပြီး စစ်ခေါင်းဆောင်
မြန်မာသတင်း

ကြို့ပင်ကောက်မြို့မှာ စစ်မှုထမ်းကြေးကောက်တဲ့ စစ်ကောင်စီအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 20 Views
မတ်လ (၃)ရက်။ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ညနေ (၄)နာရီအချိန်က ကြို့ပင်ကောက်မြို့ ရွှေပန်းတောကျေးရွာနေ ကျွန်းနက်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး သောင်းကြည်ကို ပစ်ခတ်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်မှုထမ်းကြေးကောက်ဖို့ဆိုပြီး သူ့တပည့်နဲ့
မြန်မာသတင်း

(၄)ရက်တာ တံတားဦးနဲ့ နွားထိုးကြီးမြို့ တိုက်ပွဲထဲ စစ်ကောင်စီ (၂၀)ထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 22 Views
မတ်လ (၃)ရက်။ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ကနေ မတ်လ (၂)ရက်နေ့အထိ တံတားဦးနဲ့ နွားထိုးကြီးမြို့က တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က (၂၀)ဦးထက်မနည်း သေဆုံးပြီး (၈)ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ
မြန်မာသတင်း

KTV အတူသွားရာက စစ်ကောင်စီအရာရှိ မူးနေချိန် စစ်သားစုဆောင်းခံရသူ (၂)ဦး ခဲယမ်းတွေယူပြီး ထွက်ပြေးအလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 12 Views
‌မတ်လ (၃)ရက်။ ‌ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်မ (၁၀၁)က စစ်မှုထမ်းစုဆောင်းခံရသူ (၂)ဦး အလင်းဝင်လာခဲ့တယ်လို့ Burma Revolution Rangers ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့
မြန်မာသတင်း

မြိုင်နဲ့ ပေါက်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၈)ကြိမ်တိုက်ခိုက်၊ ပြည်သူ (၁၂)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 13 Views
‌မတ်လ (၃)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က မြိုင်မြို့နဲ့ ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ (၈)ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ မြိုင်အနောက်ပိုင်းက ကျေးရွာတွေနဲ့ ပေါက်မြို့က ကျေးရွာတွေကို စကစက ‌Y-12
မြန်မာသတင်း

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ် ဒီကနေ့စတင်

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 11 Views
မတ်လ (၃)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် စစ်တပ်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှရှားနိုင်ငံကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီခရီးစဉ်ထဲ ရဲဝင်းဦးအပြင် ညိုစော၊ မိုးအောင်နဲ့ ဝန်ကြီးတွေဖြစ်တဲ့ ဦးသန်းဆွေ၊