နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“အမေရိက ပြန်လာပြီ” ဆိုတဲ့ ဒေါ်နယ်ထရန့်ရဲ့ မိန့်ခွန်းမှာ ဘာတွေထူးခြားလဲ ?

အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ်တာဝန်ယူပြီး ရက်သတ္တပတ် ၆ ပတ်တာ ကာလအတွင်း နိုင်ငံခြားရေး မူဝါဒကို ပြင်ဆင်ခြင်း၊ ကုန်သွယ်ရေးစစ်ပွဲကို စတင်ခြင်း၊ သောင်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေကို ထုတ်ပယ်ခြင်းစတာတွေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က “အမေရိက ပြန်လာပြီ” လို့ ကွန်ဂရက်စ်မှာပြောဆိုခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

ဒါဟာ အမေရိကန်သမ္မတရာထူးကို ပြန်လည်ထမ်းဆောင်ခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့နောက်ပိုင်း ကွန်ဂရက်စ်မှာ ဒေါ်နယ်ထရန့် ပထမဆုံးအကြိမ်မိန့်ခွန်းပြောဆိုခဲ့တာဖြစ်ပြီး မက္ကဆီကို၊ ကနေဒါနဲ့ တရုတ်နိုင်ငံတွေအပေါ် အခွန်စည်းကြပ်ခွန်တွေတိုးမြှင့်လိုက်လို့ စတော့စျေးကွက်တွေ မတည်မငြိမ်ဖြစ်နေတဲ့ ဒုတိယနေ့လည်းဖြစ်ပါတယ်။

၉၉ မိနစ်ကြာမြင့်ခဲ့တဲ့ ဒေါ်နယ်ထရန့်ရဲ့ မိန့်ခွန်းဟာ ခေတ်သစ်အမေရိကန်သမိုင်းမှာ ကွန်ဂရက်လွှတ်တော်ထဲ အမေရိကန်သမ္မတတစ်ဦးပြောဆိုတဲ့ အရှည်ကြာဆုံးမိန့်ခွန်းလည်း ဖြစ်ပါတယ်။ ယူကရိန်းအပေါ် စစ်ရေးအကူအညီတွေအားလုံး ရပ်တန့်လိုက်ပြီး နောက်တစ်ရက်အကြာမှာ မိန့်ခွန်းပြောဆိုခဲ့တာဖြစ်လို့ ထရန့်ရဲ့ မိန့်ခွန်းအပေါ် ဥရောပနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း စောင့်ကြည့်ခဲ့ကြပါတယ်။

ယူကရိန်းအပေါ်ပေးအပ်နေတဲ့ စစ်ရေးအကူအညီတွေကို ရပ်တန့်လိုက်တာကြောင့် ဥရောပခေါင်းဆောင်တွေဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းအရေးအပေါ် စိုးရိမ်နေကြတာပါ။

မိန့်ခွန်းမှာ ဒေါ်နယ်ထရန့်က အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်ပြီး အနည်းအကျဉ်းသာပြောဆိုခဲ့ပြီး ယူကရိန်းနိုင်ငံက တွင်းထွက်သတ္တုလုပ်ငန်းသဘောတူညီချက်ကို ဆက်လက်လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

“တချိန်တည်းမှာပဲ ရုရှားနဲ့ကျတော်တို့ ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့သလို ငြိမ်းချမ်းရေးအတွက် သူတို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သတင်းစကားကိုလည်း ရရှိခဲ့ပါတယ်။ ဒါက ကောင်းမွန်လှပတဲ့ တိုးတက်မှုမဟုတ်လား”လို့ ဒေါ်နယ်ထရန့်က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။​

ဒါ့အပြင် ထရန့်က အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေဖြစ်ထွန်းဖို့ အေဘရာဟမ်သဘောတူညီချက်ကို ချဲ့ထွင်ပြီး အစ္စရေးနဲ့ အိမ်နီးချင်းနိုင်ငံတွေကြား ဆက်ဆံရေးကောင်းမွန်စေဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ထည့်သွင်းပြောဆိုခဲ့ခြင်းတော့မရှိခဲ့ပါဘူး။

ယူကရိန်းက စစ်ကိုခေါ်ခဲ့တယ်လို့ ဒေါ်နယ်ထရန့် မကြာခဏပြောနေပေမယ့် စစ်တမ်းအချို့အရတော့ ၇၀ ရာခိုင်နှုန်းသော အမေရိကန်ပြည်သူတွေက ရုရှားရဲ့ ကျူးကျော်မှုကိုသာ အပြစ်တင်နေကြပါတယ်။ အဲဒီ ၇၀ ရာခိုင်နှုန်းမှာ သုံးပုံ နှစ်ပုံက ရီပက်ဘလီကန်အားပေးသူတွေဖြစ်ပါတယ်။

ဒေါ်နယ်ထရန့်ဟာ ဖက်ဒရယ်အစိုးရရဲ့ ဒေါ်လာ ၃၆ ထရီလီယံကြွေးမြီတွေကို နောက်ထပ် ၅ ထရီလီယံမြင့်တက်သွားနိုင်တယ်လို့ အကဲခတ်တွေ သုံးသပ်ထားတဲ့ အခွန်ဖြတ်တောက်မယ့်အစီအစဉ်ကို ပြဌာန်းဖို့ စီစဉ်နေပေမယ့်လည်း ဖက်ဒရယ်အစိုးရဘက်ဂျက်ကို ချိန်ခွင်လျှာငြှိနိုင်အောင် ကြိုးစားသွားမယ်လို့လည်း ကတိပြုခဲ့ပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော