နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကနီမှာ သစ်တစ်တန်ကို ကျပ်သိန်း (၂၀) ကနေ (၆၀) ကျော်အထိ NUG ရဲ့ မြိုနယ်သယံဇာတအဖွဲ ကောက်ခံနေ

မတ်လ (၇) ရက်။

ကနီနယ်ထဲ သစ်တစ်တန်ကို ငွေကျပ်သိန်း (၂၀) ကနေ (၆၀) ကျော်အထိ ‌NUG ရဲ့ မြိုနယ်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲက ကောက်ခံနေတယ်လို ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။

“ အခုဆို အလောင်းတော်ကဿပကြိုးဝိုင်းထဲကနေ ကျွန်းသစ်တွေ ခိုးထုတ်နေတာတွေရှိတယ်။ ပြီးတော့ ဒေသခံတွေက ပုံစံ(၇)ရှိပြီးသားတွေ၊ သူတိုပိုင်တဲ့ ဝိုင်းတွေထဲကနေ ခုတ်နေတာ။ ဒါကိုမှမခုတ်ရဘူးဆို ဘယ်ဟာကို သွားခုတ်ရမှာလဲပေါ့၊ သူတိုကြိုးဝိုင်းထဲလဲ ဝင်မခုတ်ဘူး” လို့ ဆိုပါတယ်။

ဒေသထဲ မီးဘေးသင့်ပြည်သူတွေဟာ အိမ်ပြန်ဆောက်ဖို အုပ်စုအုပ်ချုပ်ရေးပိုင်းကို သစ်သယ်ဆောင်ခွင့်တောင်းယူခဲ့ရာမှာ သစ်တစ်တန်ကို ကျပ်(၁၅)သိန်း တောင်းခံနေတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

နောက်ပြီး NUG ရဲ့ မြိုနယ်သယံဇာတအဖွဲဟာ ပြည်သူတွေက သစ်ခုတ်တာတွေကို ဖမ်းဆီးတာတွေ ရှိနေပေမယ့် ပကဖ တပ်ရင်း၊ တပ်ဖွဲတွေက အလောင်းတော်ကဿပကြိုးဝိုင်းထဲကနေ ကျွန်းသစ်တန်ချိန် စုစုပေါင်း (၄၀၀၀)ကျော် ထပ်မံထုတ်ယူဖို ပြင်ဆင်နေတာတွေ ရှိနေတာပါ။

“ ပြည်သူတွေကိုကျတော့ အခွန်တွေ အတင်းကောက်ပြီး ကိုယ့်ဝိုင်းထဲ ကိုယ်ခုတ်တာကို ဖမ်းနေတာ။ သူတိုကျတော့ အခု အလောင်းတော်ကဿပကြိုးဝိုင်းထဲကနေ ကျွန်းသစ်တန်ချိန် (၄၀၀၀)ကျော် ထပ်ထုတ်ဖိုဆိုပြီး အလုံးတွေကို ဆင်တွေနဲ့ဆွဲ၊ ဘက်ဖိုးတွေနဲ့ထိုး လမ်းတွေဖောက်ပြီး ကရိန်းတွေနဲ့ တင်နေတာ” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကနီနယ်ထဲရှိ ကျွန်းစိုက်ခင်းတွေကို ထိန်းသိမ်းနိုင်တာ မရှိသလို အလောင်းတော်ကဿပနယ်နိမိတ်ထဲက ကျွန်းနဲ့ ပိတောက်တိုကိုလဲ ခုတ်ယူနေကာ ပြည်သူတွေရဲ့ မျောလုံးတွေအပါအဝင် ဝါး၊ ထင်းနဲ့ မီးသွေး သယ်ယူခွင့်တွေကိုပါ ပိတ်ပင်ထားပါတယ်။

“ အခု ပြည်သူတွေကျတော့ ဝါးတွေ၊ ထင်းတွေ၊ မီးသွေးတွေ သယ်တာကို ပိတ်ထားပြီး သူတိုသစ်ကားတွေကျတော့ တစီးပြီးတစီး ဖြတ်နေတာ။ ဒီလိုမျိုး ပြည်သူအပေါ် အနိုင်ကျင့်တာကျတော့ မကောင်းဘူးလေ။ ဒါကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသင့်တယ်” လို့ ဆိုပါတယ်။

ဒီလို ပြည်သူတွေအပေါ် လက်နက်ကိုင်ပြီး နိုင့်ထက်စီးနင်းပြုတာတွေဟာ တော်လှန်ရေးပုံရိပ်ကို ထိခိုက်စေကာ ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယနဲ့ မင်းအောင်လှိုင်တပ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 23 Views
မေလ (၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ မြို့နယ်ပကဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 23 Views
မေလ (၅)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အသည်းတွေကို မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလ(၁)ရက်နေ့ကစပြီး
မြန်မာသတင်း

PDF တည်ထောင်တဲ့ (၅)နှစ်ပြည့် အခမ်းအနားကို CRPH ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 23 Views
MOD အနေနဲ့ ပြည်သူကို အကာအကွယ်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေ ဆက်လက်ကြိုးစားဖို့ တိုက်တွန်း မေလ (၅)ရက်။ ဒီကနေ့ မေလ (၅)ရက်မှာ ကျရောက်တဲ့ PDF ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်အခမ်းအနားကို CRPH က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့
မြန်မာသတင်း

ပဲခူးတိုင်းစစ်ဌာနနယ်မြေကို NUG ဝန်ကြီးချုပ်နဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 24 Views
မေလ (၅)ရက်။ ပဲခူးတိုင်းစစ်ဌာနနယ်မြေထဲ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ် လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ်(၂)စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းစစ်ဌာနကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အတူ ပြည်ထဲရေးနဲ့ လဝကဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီး
မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 31 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ တောင်သာနယ်ထဲမှာ PDF တွေ ပါလာတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တာ။ ကျဆုံးတာကတော့ ရဲဘော်
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 26 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူဟာ ခလရ(၅၀)က ရဲဘော် ကောင်းခန့်(ခ)အာဇာနည်(တ-၅၄၆၇၅၉)ဖြစ်ပြီး ဧပြီလ (၁၉)ရက်နေ့က CDF-KKG ဆီ
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 26 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 26 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊