နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွေးကောက်ပွဲကို အခုနှစ်ကုန်မှာ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော

မတ်လ (၇)ရက်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်းမှာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ ဒီကနေ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဘီလာရုစ်သမ္မတတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့် နိုင်ငံမှာ အရေးပေါိအခြေအနေကြေညာပြီး ခေတ္တတာဝန်ယူထားတာပါ။ မကြာခင်မှာ ဥပဒေနဲ့အညီ ရွေးကောက်ပွဲ ကျင်းပသွားဖို့ရှိပါတယ်” လို့ သူက ဆိုပါတယ်။

အဲ့ဒီရွေးကောက်ပွဲကို အခုနှစ်ကုန် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ဒါမှမဟုတ် ၂၀၂၆ခုနှစ် ဇန်နဝါရီလ အစောပိုင်းကာလမှာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီက ကျင်းပပြုလုပ်ဖို့ရှိနေတဲ့ ရွေးကောက်ပွဲကို တရုတ်နဲ့ ရုရှားတို့က ထောက်ခံကူညီသွားမယ်လို့ ပြောဆိုထားသလို စစ်ခေါင်းဆောင်ကလဲ အဲ့ဒီနိုင်ငံတွေက လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာ စစ်ရှုံးနေပြီး စိုးမိုးနယ်မြေတွေ လျော့နည်းလာတဲ့ စစ်ကောင်စီဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပဖို့ မဖြစ်နိုင်သလို လွတ်လပ်တဲ့ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲကို နိုင်ငံတကာအနေနဲ့ နိုင်ငံရေးဂုဏ်သိက္ခာအရ ထောက်ခံအားပေးတာမလုပ်ဖို့ကိုလဲ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆောမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၃)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 12 Views
ဇွန်လ (၆)ရက်။ မနေ့က နေ့လယ် (၂)နာရီဝန်းကျင်က ဆောမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ
မြန်မာသတင်း

ILO ညီလာခံကနေ စစ်အုပ်စုကို အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့အောင်ပွဲလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 10 Views
စစ်အုပ်စုကို အရေးယူဖို့ အဆိုတင်သွင်းတဲ့အခါ ရုရှား၊ ဘီလာရုစ်၊ လာအိုနဲ့ တရုတ်တို့က ကန့်ကွက်ခဲ့ကြ ဇွန်လ (၆)ရက်။ (၁၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ
မြန်မာသတင်း

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် သေဆုံးတဲ့ဖြစ်စဉ်မှာ စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့သူတွေထဲ (၆)နှစ်အရွယ် မိန်းကလေးငယ်တဦးပါဝင်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 4 Views
ဇွန်လ (၆)ရက်။ ရန်ကုန်မှာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရကာ သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေဆိုကာ (၁၆)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ကျူးလွန်ခဲ့တယ်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့သူတွေထဲ အသက် (၆)နှစ်အရွယ်
မြန်မာသတင်း

ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ ပေါ်တာဆွဲခံရတဲ့ လူငယ် (၈)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ NPDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 22 Views
ဇွန်လ (၅)ရက်။ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို စစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတာကို စစ်ကူအနေနဲ့ ရောက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့
မြန်မာသတင်း

ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်သလို စစ်အာဏာရှင်ကိုပါ တိုက်ဖျက်ဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 22 Views
ဇွန်လ (၅)ရက်။ ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်သလို စစ်အာဏာရှင်ကိုပါ တတ်နိုင်တဲ့နည်းလမ်းနဲ့ တိုက်ဖျက်ဖို့ NUG က ဒီကနေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာဟာ အခုရင်ဆိုင်နေရတဲ့ ညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲ မျိုးသုဉ်းပျောက်ကွယ်မှုနဲ့ ရာသီဥတုပြောင်းလဲမှု
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 33 Views
ဇွန်လ (၅)ရက်။ တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ ဒီကနေ့ အွန်လိုင်းကနေကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနမှူး လွေးယေဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ အခုအချိန်အထိ တရုတ်ရဲ့ဖိအားကလဲ ပြင်းပြင်းထန်ထန်ရှိနေပါတယ်။ တရုတ်ဖိအားကို
မြန်မာသတင်း

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ် (၄၆၆)ဦးအပါအဝင် (၃၁၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 16 Views
ဇွန်လ (၅)ရက်။ (၂)နှစ်ကျော်ကာလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ် စုစုပေါင်း (၂၈၄၁)ခုအထိ ရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ သေဆုံးသူဦးရေ (၃၁၅၂)ဦးရှိခဲ့ကာ အဲ့ဒီအထဲ အသက် (၁၈)နှစ်အောက်
မြန်မာသတင်း

ရွာငံလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးမှာ ကွယ်လွန်ခဲ့တဲ့အပေါ် စစ်ကောင်စီကို CRPH ပြင်းပြင်းထန်ထန်ရှုတ်ချ

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 34 Views
ဇွန်လ (၅)ရက်။ ရွာငံမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့တဲ့အပေါ် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ ၂၀၂၄ခုနှစ်