နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပအိုဝ်းတိုင်းရင်းသားအင်အားစုတွေ လက်တွဲဆောင်ရွက်ဖို့ NUG ဖိတ်ခေါ်

မတ်လ (၁၃)ရက်။

ပအိုဝ်းတိုင်းရင်းသားအင်အားစုတွေအနေနဲ့ လက်တွဲဆောင်ရွက်ဖို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာထဲ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

ပအိုဝ်းတိုင်းရင်းသားလူမျိုးတွေဟာ နိုင်ငံရေးလောကဓံပေါင်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ကာကွယ်မြှင့်တင်ပြီး နေထိုင်လာတဲ့ ဇွဲသတ္တိကို လေးစားအားကျဂုဏ်ယူတယ်လို့ ဆိုပါတယ်။

ဒီကနေ့ နွေဦးတော်လှန်ရေးမှာလဲ ပအိုဝ်းတိုင်းရင်းသားတွေဟာ အခြားမဟာမိတ် တိုင်းရင်းသားလူမျိုးစုတွေနဲ့အတူ လက်တွဲကာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အပြီးတိုင်ချုပ်ငြိမ်းစေဖို့ တိုက်ပွဲဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

အခုလို မျက်မှောက်ခတ်သမိုင်းက ပေးအပ်လာတဲ့တာဝန်ကို ပြည်သူနဲ့အတူ ထမ်းရွက်နေတာကို အစဉ်အမြဲ ဂုဏ်ယူလေးစားတယ်လို့လဲ ထပ်မံပြောဆိုထားပါတယ်။

ဒါ့ကြောင့် နွေဦးတော်လှန်ရေးရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ဖို့ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးတွေရဲ့ ဦးဆောင်မှုနဲ့ ပအိုဝ်းတိုင်းရင်းသားအင်အားစုတွေက NUG နဲ့ အတူလက်တွဲဆောင်ရွက်ဖို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အရှေ့တောင်အာရှ

ဒေါက်တာစင်သီယာမောင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခံရတဲ့အပေါ် ဂုဏ်ယူတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 10 Views
မတ်လ (၁၃)ရက်။ ထိုင်းနိုင်ငံ Nareasuan University က ဒေါက်တာစင်သီယာမောင်ကို ဂုဏ်ထားဆောင်ဘွဲ့ ချီးမြှင့်ခံရတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူတယ်လို့ KNU ရဲ့
မြန်မာသတင်း

စစ်ကောင်စီလက်ထက် ဆက်သွယ်ရေးလိုင်းပြတ်တောက်မှု (၄၆၀)ကြိမ်အထိရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 4 Views
မတ်လ (၁၃)ရက်။ စစ်ကောင်စီလက်ထက် တနိုင်ငံလုံးမှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်တဲ့ အကြိမ်ရေ (၄၆၀)ကြိမ်အထိ ရှိခဲ့တယ်လို့ အသံ-Athan ရဲ့ မနေ့က
မြန်မာသတင်း

အိန္ဒိယအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင်မလုပ်ဖို့ဆိုပြီး စစ်ကောင်စီသတိပေး

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 4 Views
မတ်လ (၁၃)ရက်။ အိန္ဒိယနိုင်ငံက နိုင်ငံရေးသမား‌တွေအနေနဲ့ နိုင်ငံရေးလိုဘ တခုထဲကိုကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင်မလုပ်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ တမူး-ကဘော်ချိုင့်ဝှမ်းဒေသနဲ့ပတ်သက်ပြီး အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာ မဏိပူရပြည်နယ် ပါလီမန်လွှတ်တော်အမတ်တဦးက သမိုင်းကြောင်းအရ အိန္ဒိယဘက်က ပိုင်တယ်လို့ ပြောခဲ့တဲ့အပေါ်
မြန်မာသတင်း

တောင်သာမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 18 Views
မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တောင်သာမြို့ အေးကျင်းရွာကို စစ်ကောင်စီက လေ‌ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဈိုချက်တွေအရ စိရပါတယ်။ “ (၁၀)ရက်နေ့ နေ့လယ် (၃)နာရီ (၂၀)မိနစ်လောက် စကစက
မြန်မာသတင်း

ဒီမော့ဆိုမြို့ရှိ စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက ဗုံး(၁၅)လုံးထက်မနည်း ကြဲချခဲ့

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 21 Views
မတ်လ (၁၂)ရက်။ မနေ့က ည (၇)နာရီကျော်အချိန် ဒီမော့ဆိုမြို့နယ်ထဲရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၅)လုံးထက်မနည်း ကြဲချခဲ့တယ်လို့ CTER-Karenni ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည
မြန်မာသတင်း

စစ်ကောင်စီကို ILO မှာ ပုဒ်မ(၃၃)နဲ့ အရေးယူဖို့ ရန်ကုန်ရှိ စက်မှုဇုန်တွေမှာ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 12 Views
မတ်လ (၁၂)ရက်။ စစ်ကောင်စီကို ILO မှာ ပုဒ်မ (၃၃)နဲ့ အရေးယူဖို့ ရန်ကုန်မြို့ရှိ စက်မှုဇုန်တွေမှာ တော်လှန်ရေးအင်အားစုတွေက လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုထဲ စစ်ကောင်စီကို ILO မှာ
မြန်မာသတင်း

ယင်းမာပင်မှာ စစ်ကောင်စီတပ်တွင်းသတင်းပေးအရဆိုပြီး တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးတာတွေရှိ

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 15 Views
မတ်လ (၁၂) ရက်။ ယင်းမာပင်နယ်ထဲ စစ်ကောင်စီတပ်တွင်းသတင်းရဲ့ သတင်းပေးတာကြောင့်ဆိုပြီး တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးတာတွေရှိနေတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ အခုက ယင်းမာပင်မှာ စကစဖရဲသီးက သတင်းပေးလို့ဆိုပြီး တော်လှန်ရေးရဲဘော်တွေကို ခရိုင်ပလဖနဲ့ ABSDF တိုပူးပေါင်းပြီး
မြန်မာသတင်း

စစ်ကိုင်းရှိ တပ်မ(၃၃)က ဒုတပ်ကြပ်တစ်ဦးနဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 19 Views
မတ်လ (၁၂)ရက်။ စစ်ကိုင်းရှိ စစ်ကောင်စီရဲ့ တပ်မ(၃၃)က ဒုတပ်ကြပ်တစ်ဦးနဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သား (၂)ဦးတို့ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ BNRA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၇)ရက်နေ့မှာ တပ်မ(၃၃)က စစ်ကောင်စီဒုတပ်ကြပ်