နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

1027 Operations

1027 Operations မြန်မာသတင်း

KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေကို လိုအပ်ရင် ကူညီဖို့အသင့်ရှိတယ်လို့ NUG ထုတ်ပြန်

မတ်လ (၁၄)ရက်။

ရှမ်းမြောက်ဒေသမှာ KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေနဲ့ပတ်သက်ပြီး လိုအပ်ရင် ကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

KIA နဲ့ TNLA တို့ဟာ ညီညွတ်ရေးမဟာမိတ်စာချုပ်ကို ချုပ်ဆိုထားကြပြီး အဖွဲ့ (၂)ဖွဲ့အကြား ဖြစ်ပေါ်လာတဲ့ ဘယ်လိုပဋိပက္ခကိုမဆို မိတ်ဖက်ပဋိပက္ခ ဖြေရှင်းနည်းနဲ့သာ ဖြေရှင်းသွားမယ်ဆိုတဲ့အချက် ပါဝင်တယ်လို့ ဆိုပါတယ်။

၂၀၂၃ခုနှစ် မေလက နှစ်ဖက်ပူးတွဲထုတ်ပြန်ချက်မှာ ချင်ခင်ရင်းနှီးတာကို အလေးထားဖို့နဲ့ မမျှော်လင့်တဲ့ အခက်အခဲတွေ ပေါ်ပေါက်လာရင် နှစ်ဖက် တိုင်ပင်ညှိနှိုင်းဖြေရှင်းဖို့နဲ့ ပဋိပက္ခမဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းဖို့ ပါရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီကနေ့မှာတော့ ဒေသအလိုက် စစ်ကောင်စီ ကင်းစင်နယ်မြေတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာသလို စစ်အာဏာရှင်ကျဆုံးပြီး တနိုင်ငံလုံးလွတ်မြောက်ဖို့ လက်တကမ်းသာ လိုအပ်တဲ့အချိန်လို့ ရေးသားထားပါတယ်။

ဒီလိုအခြေအနေတွေမှာ ရှမ်းမြောက်ဒေသက မြေပြင်အငြင်းပွားတာတွေကြောင့် ဒေသခံပြည်သူတွေသာမက နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်သူတရပ်လုံး စိုးရိမ်ပူပန်နေရတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး မြေပြင်အငြင်းပွားတာတွေကို နှစ်ဖက်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေက မိတ်ဖက်ပဋိပက္ခတွေအနေနဲ့သာ ရှုမြင်ပြီး နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချမှတ်ထားကြတဲ့အပေါ် အထူးကြိုဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အင်အားချိနဲ့ အရေးနိမ့်နေတဲ့ စစ်ကောင်စီအတွက် တော်လှန်ရေးအဖွဲ့တွေအကြား သပ်လျှိုသွေးခွဲဖို့ဟာ အဓိကဗျူဟာဆိုတာ သတိပြုပြီး အောက်ခြေပွတ်တိုက်တာကနေ လူမျိုးရေးအမုန်းတရားဆီ မကျယ်ပြန့်အောင် ထိန်းကျောင်းဖို့ NUG က အသိပေးထားပါတယ်။

အခုရက်ပိုင်းထဲ နှစ်ဖက်အဖွဲ့တွေအကြား ဗဟိုအဆင့် ဆွေးနွေးတာတွေ လုပ်ဆောင်ပြီး လူထုသဘောဆန္ဒ ရယူမယ်ဆိုတာဟာ ပြည်သူကို မျက်နှာမူကာ ဖြေရှင်းတာဖြစ်တဲ့အတွက် ကြိုဆိုပြီး ပြည်သူကို မျက်နှာမူတဲ့ နည်းလမ်းနဲ့သာ အခက်အခဲတွေ ကျော်လွှားနိုင်မယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 27 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်သပြေရွာနားကို ရောက်လာတဲ့ စကစစစ်ကြောင်း အင်အား(၁၅၀)နဲ့ တော်လှန်ရေးမဟာမိတ်တွေ တိုက်ပွဲဖြစ်ပွားတာပါ။ အဲ့ဒီတိုက်ပွဲက
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို