နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမြို့ သာဂေါင်ရွာမှာ စစ်ကောင်စီက ဒေသခံ (၆)ဦးကို မီးရှို့သတ်ဖြတ်ခဲ့

မတ်လ (၁၄)ရက်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ သာဂေါင်(ရွာမ)ရွာကို စစ်ကောင်စီက စစ်ကြောင်းဝင်ရောက်ပြီး ဒေသခံအချို့ကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ Yesagyo Township Info Committee ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“သာဂေါင်(ရွာမ)ရွာကို စကစက စစ်ကြောင်းဝင်ရောက်ပြီး ပြန်ထွင်သွားတဲ့အချိန် ဒေသခံတွေက ကျေးရွာထဲ ပြန်ဝင်တဲ့အချိန်မှာ နှိပ်စက်ပြီး မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုက်အလောင်း (၆)လောင်းကို တွေ့တာ။ အဲ့ဒီထဲက တဦးကတော့ စခတွေက ခေါင်းဖြတ်သတ် မီးရှို့ပြီး ဦးခေါင်းကို ငုတ်တိုင်ပေါ်မှာ တင်ခဲ့တာ”လို့ ဆိုပါတယ်။

သာဂေါင်(ရွာမ)ရွာကို စစ်ကောင်စီက မတ်လ (၇)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ပြန်ထွက်သွားချိန် ကျေးရွာထဲ နှိပ်စက်ပြီး မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း (၆)လောင်းကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။

မီးရှို့သတ်ဖြတ်ခံထားရသူတွေထဲ တစ်ဦးဟာ ဦးခေါင်းဖြတ်ခံထားရပြီး ငုတ်တိုင်မှာ ချိတ်ဆွဲခဲ့သလို နောက်တဦးဟာ နှိပ်စက်ဒဏ်ရာတွေနဲ့ သေဆုံးပြီး မြေမြုပ်ထားခဲ့ကာ အဲ့ဒီ (၂)ဦးက သာဂေါင်လေးရွာက အသက် (၆၅)နှစ်အရွယ် ဦးချစ်မောင်နဲ့ သာဂေါင်(ရွာမ)ရွာက (၄၂)နှစ်အရွယ် ဦးသန်းမင်းလှိုင်တို့ဖြစ်တယ်လို့ သိရပါတယ်။

နောက်ပြီး ကျန်ဒေသခံရုပ်အလောင်း (၂)လောင်းဟာ အသက်(၉၁)နှစ်အရွယ် ဦးအုပ်နဲ့ (၇၀)နှစ်အရွယ် ဒေါ်သန်းဝေတို့ဖြစ်ပြီး သူတို့ဟာ စစ်ကောင်စီစစ်ကြောင်းဝင်လာချိန် မထွက်ပြေးနိုင်ဘဲ နေအိမ်မှာ ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နောက်ထပ် ရုပ်အလောင်းတွေဟာ သာဂေါင်ရွာကမဟုတ်ဘဲ စစ်ကောင်စီက လူသားဒိုင်းအနေနဲ့ ဖမ်းဆီးလာတဲ့ ပြည်သူတွေဖြစ်ကာ ပုပ်ပွနေတာကြောင့် ဘယ်သူဆိုတာ အတည်မပြုနိုင်သေးဘူးလို့လဲ ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ သာဂေါင်(ရွာမ)ရွာမှာ တပ်စွဲထားချိန် နေအိမ်တွေကို ဖောက်ထွင်းပြီး ရွှေ၊ ငွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေ လုယက်ယူဆောင်သွားသလို အိမ်မွေးတိရိစ္ဆန်တွေကို ချက်ပြတ်စားသောက်ကာ တပ်စွဲထားချိန် အစာရေစာပြတ်ပြီး ခိုင်းနွားတွေ အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 20 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 32 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 31 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 31 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 25 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့ သတင်းပေးချက်နဲ့