နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

တလတာထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့

မတ်လ (၁၅)ရက်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ အမျိုးအစားတွေဟာ အခြားချိုးဖောက်မှုတွေအနေနဲ့ (၁၃၇)မှုနဲ့ အများဆုံးဖြစ်ပြီး ပစ္စည်းတွေဖျက်ဆီးခံရတာ (၁၃၀)မှု၊ တရားလက်လွတ်သတ်ဖြတ်တာ (၁၁၅)မှုနဲ့ အတင်းအဓမ္မစေခိုင်းတာ (၉၂)မှုတို့ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတလတာထဲ စစ်ကိုင်းတိုင်းဟာ (၁၂၄)မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အများဆုံးဒေသဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရချိန် (၆၈)ကြိမ်နဲ့ အများဆုံး တိုက်ခိုက်ခံရတဲ့ဒေသလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ် (၂၁၉)လုံး၊ စာသင်ကျောင်း (၁၂)ကျောင်း၊ ဘာသာရေးအဆောက်အဦ (၂၇)လုံးနဲ့ ကျန်းမာရေးအဆောက်အဦ (၁၅)လုံး ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်တွေထဲ အသက် (၁၈)နှစ်အောက် (၂၂)ဦးနဲ့ (၁၈)နှစ်အထက် (၆၁)ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း (၁၄၂)ဦးရှိပြီး ဒဏ်ရာရသူ (၃၆၈)ဦးရှိတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် တလထဲ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် (၁၀)ခုရှိခဲ့ပြီး ‌သေဆုံးသူ အမျိုးသား (၂၀)ဦးနဲ့ အမျိုးသမီး (၁၈)ဦးအပါအဝင် ခွဲခြားမရသူ (၃၂)ဦး စုစုပေါင်း (၇၀)ဦးအထိရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ စစ်ကောင်စီရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 8 Views
မတ်လ (၁၅)ရက်။ မတ်လ (၁၃)ရက်နေ့ ည(၇)နာရီအချိန်ခန့်က ကျွန်းစုမြို့န်ူ ဝန်တောင်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေပါတဲ့ ရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

ရေးမြို့မှာ စစ်ကောင်စီတပ်ကြပ်ကြီးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့ ရေးဘီလူးထံ အလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 7 Views
မတ်လ (၁၅)ရက်။ မနေ့က ရေးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ကြက်ကြီးတစ်ဦးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တော်လှန်ရေးရဲဘော်တွေနေရာကို ပြည်သူယောင်ဆောင်ပြီး လာစုံစမ်းတဲ့ စစ်ကောင်စီတပ်ကြပ်ကြီး ပစ်ခတ်ခံရကာ သေဆုံး

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 9 Views
မတ်လ (၁၅)ရက်။ ဒီကနေ့ ကြို့ပင်ကောက်မြို့ရှိ ဥယျာဉ်ကြီးရွာအနီး တော်လှန်ရေးရဲဘော်တွေ ကင်းစောင့်နေတဲ့နေရာကို စစ်ကောင်စီရဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးက စုံစမ်းတာတွေပြုလုပ်ခဲ့တယ်လို့ Yoma GBK-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဥယျာဉ်ကြီးရွာအနီးမှာ ကာကွယ်ရေးအဖွဲ့တွေ လုံခြုံရေးယူပြီး ကင်းစောင့်နေတဲ့နေရာကို
မြန်မာသတင်း

ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို စစ်ကောင်စီ ပြန်လွှဲပြောင်း

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 11 Views
မတ်လ (၁၅)ရက်။ မနေ့က နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေကို မြန်မာ-ထိုင်း အမှတ်(၂)
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပူးလူးတူးစခန်း သိမ်းပိုက်ရရှိခဲ့တဲ့ မှတ်တမ်းဓါတ်ပုံတွေ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 11 Views
မတ်လ (၁၅)ရက်။ ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ ပူးလူးတူးစခန်းကို သိမ်းပိုက်ရရှိခဲ့တဲ့အပေါ် KNU က ဒီကနေ့မှာ မှတ်တမ်းဓါတ်ပုံတွေနဲ့ အတည်ပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ(၃၁) ပွိုင့် (၁၂၄၈) ပူးလူးတူးခြေကုပ်စခန်းကို KNLA တပ်မဟာ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲမြို့ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ် ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်သွား

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 10 Views
မတ်လ (၁၅)ရက်။ မနေ့က မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်ထိုးစစ်ဆင်ခဲ့တာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်ခွာသွားတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မိုးဗြဲမြို့ကို ပြန်ရရှိဖို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး လူအင်အားတွေ၊
မြန်မာသတင်း

စဉ့်ကူးမြို့ လက်ပံလှရွာဈေး စစ်ကောင်စီ ဗုံးကြဲခံရပြီး အရပ်သား (၂၇)ဦးအထိသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 7 Views
မတ်လ (၁၅)ရက်။ မနေ့က နေ့လယ် (၃)နာရီဝန်းကျင်က စဉ့်ကူးမြို့ လက်ပံလှရွာ လူစည်ကားတဲ့ဈေးတန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ လက်ပံလှရွာက အဝေးပြေးကားတွေ ‌ခဏရပ်ပြီး ခရီးသည်တွေ ထမင်းစားနားတဲ့
မြန်မာသတင်း

ရန်ပုံငွေမလောက်တာကြောင့် မြန်မာရှိ လူဦးရေ တစ်သန်းကို စားနပ်ရိက္ခာထောက်ပံ့တာ ရပ်ဆိုင်းမယ်လို့ WFP ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 7 Views
မတ်လ (၁၄)ရက်။ ရန်ပုံငွေ မလုံလောက်တာကြောင့် မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းကို စားနပ်ရိက္ခာထောက်ပံ့တာ ရပ်ဆိုင်းတော့မယ်ဆိုပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ WFP အနေနဲ့ ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားတာကြောင့် ဧပြီလကစတင်ပြီး မြန်မာရှိ လူဦးရေ တစ်သန်းကျော်အတွက်