နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

စီးပွားရေးပိတ်ဆို့တာတွေကြောင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ဖို့ စစ်ခေါင်းဆောင်ပြော

မတ်လ (၁၆)ရက်။

အခုအခါ နိုင်ငံမှာ စီးပွားရေးအရ ပိတ်ဆို့တာတွေကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုတွေကို တိုးမြှင့်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်ရှိ အေးရှာဝေါဆိပ်ကမ်းကို‌ ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အရင်က ဆိပ်ကမ်းဟာ အရှေ့တောင်အာရှမှာ ပို့ကုန်တွေ အဓိကတင်ပို့တဲ့ ဆိပ်ကမ်းတခုဖြစ်ခဲ့ပေမယ့် အခုအခါ အကြောင်းအမျိုးမျိုးကြောင့် ပို့ကုန်တွေ တင်ပို့တာ လျော့နည်းနေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ကန့်သတ်ချက်တွေကို ကျော်လွှားကာ ပို့ကုန်တွေ ပိုမိုတင်ပို့နိုင်အောင် နည်းလမ်းရှာဖွေကြဖို့ဆိုပြီး စစ်ခေါင်းဆောင်က ညွှန်ကြားထားပါတယ်။

နောက်ပြီး စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပိုမိုထုတ်လုပ်တင်ပို့နိုင်ဖို့လိုပြီး စက်မှုစိုက်ပျိုးရေးထုတ်ကုန်တွေ၊ စားသောက်ကုန်တွေကို တင်ပို့နိုင်ပြီး အခုထက် ပိုမိုထုတ်လုပ်ဖို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ငွေကြေးကဏ္ဍမှာ ခိုင်မာတောင့်တင်းတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအပါအဝင် အဲ့ဒါကိုအခြေခံတဲ့ ထုတ်ကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ သူက တိုက်တွန်းထားပါတယ်။

နိုင်ငံကထုတ်လုပ်တဲ့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို ပြည်ပတင်ပို့တဲ့အခါ ကန့်သတ်ထားတာမရှိတာကြောင့် ပြည်ပကို လျှင်မြန်စွာတင်ပို့နိုင်ဖို့ တာဝန်ရှိသူအဆင့်အဆင့်က အလေးထားဆောင်ရွက်ဖို့ ပြောဆိုခဲ့တယ်လို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်မြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 20 Views
ဧပြီလ (၂၉)ရက်။ ဒီကနေ့ မြိုင်မြို့နယ်အရှေ့မြောက်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကော်မရှင်ဂိတ်စခန်းကို ပခုက္ကူခရိုင် အမှတ်(၂၊၆၊၇)တပ်ရင်းတွေ၊
မြန်မာသတင်း

“ The Low-Class Intellectuals”

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 22 Views
By U Tin Nyunt (April 16, 2026) Note: The Author was arrested
မြန်မာသတင်း

ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက် ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 30 Views
စစ်တပ်ဘက်က လက်နက်မျိုးစုံ (၂၀၀)ခန့် ပျက်စီးခဲ့ပြီး (၄)ဦးသေဆုံးခဲ့ ဧပြီလ (၂၉)ရက်။ ဧပြီလ (၁၉)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ(၃၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အရောတော်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဒဏ်ရာရတဲ့ ပျူစောထီးမိသားစုကို ပကဖက ကယ်ဆယ်စောင့်ရှောက်ထား

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 19 Views
ဧပြီလ (၂၉)ရက်။ အရာတော်ဒေသမှာ ဒဏ်ရာရတဲ့ စစ်တပ်ဒေါက်တိုင် ပျူစောထီးမိသားစုကို မြို့နယ်ပကဖက တိုက်ပွဲကနေ ကယ်ဆယ်စောင့်ရှောက်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သလဲဘာရွာ ပြည်သူ့စစ်ရဲဘော် ငလင်းရဲ့ ဇနီးနဲ့ ကလေးငယ်တဦးဟာ အရာတော်ဒေသ တိုက်ပွဲထဲ စစ်တပ်ရဲ့
မြန်မာသတင်း

နွားထိုးကြီးနယ် ထိတွေ့တိုက်ပွဲထဲ စစ်တပ်ဘက်က (၂၀)ဦးခန့် ‌သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 36 Views
ဧပြီလ (၂၉)ရက်။ နွားထိုးကြီးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နွားထိုးကြီး PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၄)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က နွားထိုးကြီးမြို့ ခံစပ်ကုန်း(န)ရွာကနေ အင်အား
မြန်မာသတင်း

CRPH နဲ့ NUG ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 30 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၇)ရက်နေ့ နံနက် (၈)နာရီအချိန်မှာ CRPH နဲ့ NUG ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီတို့ ဗီဒီယိုကွန်ဖရင့်ကတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက လက်ရှိနိုင်ငံရေးနဲ့
မြန်မာသတင်း

မောတောင်မြိုပေါ်ကို စစ်တပ်က တရက်ထဲ ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချ၊ အရပ်သားဇနီးမောင်နှံ (၂)ဦး ထိမှန်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 27 Views
ဧပြီလ (၂၈)ရက်။ မနေ့က မောတောင်မြိုပေါ်ရှိ ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုအချိုကို စစ်တပ်က ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချခဲ့တယ်လို KNU ရဲ့ ထုတိပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မယ်ဝါး(သဲဖြူ)ကျေးရွာအုပ်စုထဲကို (၂)ကြိမ်နဲ့ မောတောင်မြိုပေါ်ရှိ ရပ်ကွက်တွေထဲကို
မြန်မာသတင်း

(၅)နှစ်တာထဲ တိုက်ပွဲပေါင်း (၁၀၀)ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်အထိ တိုက်ခိုင်နိုင်ခဲ့တယ်လို SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 32 Views
ဧပြီလ (၂၈)ရက်။ (၅)နှစ်တာထဲ တိုက်ပွဲကြီး/ငယ် စုစုပေါင်း (၁၀၀)ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်ခန့် အထိ  တိုက်ခိုက်နိုင်ခဲ့တယ်လို ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က တပ်တည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ မြိုသိမ်းစစ်ဆင်ရေး (၂)ကြိမ်နဲ့ ဗျူဟာကုန်းသိမ်းတိုက်ပွဲ