နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း အမေရိကန်

အမေရိကန်အသံ Voice of America သည် Associated Press၊ Reuters နှင့် Agence France Presse (AFP) တို့နှင့် စာချုပ်များကို အဆုံးသတ်လိုက်သည်။

The Voice of America ကို လည်ပတ်သည့် အစိုးရအေဂျင်စီသည် အေပီသတင်းဌာန၊ ရိုက်တာ၊ AFPတို့နှင့် စာချုပ်များကို ရပ်စဲလိုက်ပြီး သတင်းပေးပို့ ဝန်ဆောင်မှုများကို အသုံးပြုခြင်းအား ရပ်တန့်ရန် ၎င်း၏ သတင်းထောက်များအား သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဗွီအိုအေကို ကိုင်တွယ်ရန် သမ္မတဒေါ်နယ်ထရန့်က ရွေးချယ်ခဲ့သည့် ယခင်အသံလွှင့် ပြောကြားသူ အဖြစ်မှ ရီပတ်ဘလီကန် နိုင်ငံရေးသမားဖြစ်လာသူ ကာရီ လိပ် (Kari Lake) က ဤလုပ်ဆောင်မှုသည် ဒေါ်လာ ၅၃ သန်း သက်သာမည်ဟု ခန့်မှန်းထားပါသည်။

ထရန့်အစိုးရသစ်သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများသို့ အမေရိကန်ရှုထောင့်မှ သတင်းပေးပို့သည့် VOA တွင် ၎င်း၏ အခွင့်အာဏာကို လျင်မြန်စွာ အခိုင်အမာ တည်ဆောက်ခဲ့သည်။ လွှဲပြောင်းရယူရန် တရားဝင်ခွင့်ပြုချက်ကို စောင့်ဆိုင်းနေစဉ်အတွင်း ဗွီအိုအေနှင့် Radio Free Europe ကဲ့သို့သော ညီအစ်မ အဖွဲ့အစည်းများကို ကြီးကြပ်သည့် US Agency for Global Media (USAGN) တွင် ကာရီလိပ်ကို အထူးအကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။

သတင်းဝန်ဆောင်မှုများနှင့် “စျေးကြီးပြီး မလိုအပ်သော စာချုပ်များ” ကို အဆုံးသတ်ကြောင်း ကြာသပတေးနေ့က ဆိုရှယ်မီဒီယာမှတစ်ဆင့် သူမက ကြေညာခဲ့သည်။

အရီဇိုးနားပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးပွဲတွင်ယှဥ်ပြိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့သည့် လိပ်က “သတင်းတွေက ဘာလဲဆိုတာပြောပြဖို့ ပြင်ပသတင်းအဖွဲ့အစည်းတွေကို ငွေပေးနေဖို့ မလိုပါဘူး “ဒေါ်လာဘီလီယံနီးပါး ဘတ်ဂျက်နဲ့ ကျွန်မတို့ ကိုယ်တိုင် သတင်းတွေကို ထုတ်လုပ်သင့်တယ်။ တကယ်လို့ ဒါဟာ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်အခွန်ထမ်းတွေက ဘာကြောင့်လဲဆိုတာ သိဖို့ တောင်းဆိုသင့်တယ်။”

သောကြာနေ့က တွေ့ဆုံမှုမှာ VOA ဝန်ထမ်းများကို သူတို့၏ သတင်းပေးပို့ချက်အတွက် သတင်းဌာန ၃ ခုမှ ပေးပို့သောဝန်ဆောင်မှုများကို အသုံးမပြုရန် ညွှန်ကြားထားကြောင်း အမည်မဖော်လိုသည့် သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

သတင်းအဖွဲ့ အစည်းအများအပြားတွင် ကုမ္ပဏီ၏ ကိုယ်ပိုင်သတင်းထောက်များ မရှိသည့် နေရာများမှ သတင်းများကို ထပ်ဖြည့်ရန်အတွက် သတင်းဝန်ဆောင်မှုဌာနများမှ အသံ၊ ဗီဒီယိုနှင့် စာသား သတင်းများကို အသုံးပြုပါသည်။

အေပီ၊ ရိုက်တာနှင့် AFP တို့က သောကြာနေ့တွင် မှတ်ချက်ပေးရန် အားလုံးက ငြင်းဆိုခဲ့သည်။

ဗွီအိုအေအပေါ် ဆောင်ရွက်မှုသည် သတင်းဌာနများနှင့် အိမ်ဖြူတော်တို့ကြား တင်းမာနေသည့် ဆက်ဆံရေး ဖြစ်လာပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ အိမ်ဖြူတော်က ၎င်းတို့၏ သတင်းထောက်များကို သတင်းယူခွင့်ပိတ်ပင်လိုက်ပြီးနောက် အေပီသတင်းဌာနက သတင်းယူခွင့် ပိတ်ပင်မှုအတွက် အိမ်ဖြူတော်ကိုတရားစွဲခဲ့ပါသည်။

ပင်တဂွန်သည် သတင်းထောက် အများအပြားကို နှစ်ရှည်နေရာချပေးသည့်နေရာများမှ ဖယ်ရှားခဲ့ပြီး သတင်းအဖွဲ့အစည်းများအား တရားစွဲဆိုမှုများနှင့် FCC စုံစမ်းစစ်ဆေးမှုများဖြင့် ပစ်မှတ်ထားခံခဲ့ရသည်။

အခြားလူမှုမီဒီယာပို့စ်တစ်ခုတွင် လိပ်က သူမသည် အချက်အလက် ရှာဖွေရေးနည်းလမ်းတွင် လုပ်ဆောင်နေကြောင်းနှင့် ” အမေရိကန်အခွန်ဆောင်သူများမှ ပေးဆောင်ရန် မသင့်သော အဓိပ္ပါယ်မရှိတဲ့အရာများစွာကို ကျွန်မက ရှာဖွေနေရတယ်လို့ မထင်ဘူးလား” ဟု သူမက ရေးသားထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 20 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 32 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 31 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 31 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 25 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့ သတင်းပေးချက်နဲ့