နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း၏မဟာမိတ်များက ရုရှားအား ဖိအားပေးရန် ကြိုးပမ်းနေချိန်တွင် အပစ်အခတ် ရပ်စဲရေးအပေါ် ပူတင်၏တုံ့ပြန်မှုသည် လုံလောက်မှု မရှိသေးကြောင်း ဗြိတိန်ကြီးချုပ်က ပြောကြားခဲ့သည်။

မတ်လ (၁၇) ရက်။

ယူကရိန်းတွင် အမေရိကန်က အဆိုပြုထားသည့် အပစ်အခတ်ရပ်စဲရေးအပေါ် ရုရှားသမ္မတ ဗလာဒီမာပူတင်၏တုံ့ပြန်မှုသည် “လုံလောက်မှု မရှိဘူး” ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ယူကရိန်းကို ထောက်ခံပြီး ရုရှားအပေါ် ဖိအားတွေ တိုးလာစေဖို့ ရည်ရွယ်သည့် အွန်လိုင်းမှ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပပြီးနောက် ပြောကြားခဲ့သည်။

ယူကရိန်းမှ ရုရှားရန်ကို ခုခံကာကွယ်နေခြင်းကို ကူညီကြရန် ကတိပြုထားသည့် အနောက်အုပ်စု နိုင်ငံအုပ်များ၏ “ကူညီရန် ဆန္ဒရှိသော ညွန့်ပေါင်းအဖွဲ့” အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးနောက် ခေါင်းဆောင်များက “ရုရှားထံမှ တုံ့ပြန်မှုသည် လုံလောက်မှု မရှိကြောင်း ခေါင်းဆောင်များက သဘောတူခဲ့ကြပြီး ရုရှားသည် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ အနှေးနှင့်အမြန်ဆိုသလို ရောက်လာရန်လိုအပ်သည်ဟု သဘောတူခဲ့ကြသည်။

“ဒီမနက် အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ ကျွန်တော်တို့အားလုံးဆီက ရုရှားကို စုပေါင်းဖိအားပေးရမယ်လို့ သဘောတူခဲ့ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

စနေနေ့အစည်းအဝေးတွင် ဥရောပနိုင်ငံများ၊ EU ကော်မရှင်၊ နေတိုး၊ ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်တို့အပြင် ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီး အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံ ပါဝင်တက်ရောက်ခဲ့သည်။

ယခုသီတင်းပတ်တွင် အမေရိကန်သမ္မတ‌ဒေါ်နယ်ထရန့်က ထောက်ခံထားသော ယူကရိန်းတွင် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းကမ်းချက်များကို ကိ့ဗ်မှ လက်ခံပြီးနောက် မော်စကို၏ တုံ့ပြန်မှုသည် ရှင်းလင်းပြတ်သားမှု မရှိခဲ့ဘဲ ပူတင်က “ အဆိုပြုချက်ကို ကျွန်တော်တို့ သဘောတူသည်” ဟု ဆိုသော်လည်း “ သဘောတူညီချက်သည် ပြီးပြည့်စုံခြင်း မရှိသေးပါ” ဟုဆိုခဲ့သည်။

ဆွေးနွေးပွဲသည် သုံးနှစ်ကြာ စစ်ပွဲအတွင်း အရေးပါသည့်အချိန်၌ ရောက်ရှိနေပြီး ယူကရိန်းက သိမ်းပိုက်ထားသည့် ကာ့စ်ခ် (Kursk) နယ်စပ်ဒေသသို့ ရုရှားက ရှေ့တိုး ချီတက်လာနေပြီး ထိုဒေသကို ယူကရိန်းလက်မှ ပြန်လည်ရယူရန်ကြိုးစားနေခြင်း ဖြစ်သည်။

အသေးစိတ်အချက်အလက်အသစ်အနည်းငယ်ကို ကမ်းလှမ်းနေစဉ် စတာမာသည် ယူကရိန်းတွင် အပစ်အခတ် ရပ်စဲရေးကိစ္စရပ်တွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားရန်အတွက် စစ်ဖက်မဟာမိတ်များသည် “အင်အားရှိပြီး ခိုင်မာသော အစီအမံများချမှတ်ရန်” ကြာသပတေးနေ့၌ ယူကေတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ အခု ကျွန်တော်တို့ စစ်ဆင်ရေးအစီအမံအဆင့်သို့ ကူးပြောင်းသွားတော့မှာ ဖြစ်ပါတယ်” ဟု စတာမာမှပြောကြားခဲ့သည်။ “ ငြိမ်းချမ်းရေးသဘောတူညီချက်ကို နောက်ကွယ်ကနေ လွှဲပေးဖို့နဲ့ ယူကရိန်းရဲ့ အနာဂတ်လုံခြုံရေးကို အာမခံချက်ပေးဖို့ အင်အားရှိပြီး ခိုင်မာတဲ့ အစီအမံတွေ ချမှတ်ဖို့ ကျွန်တော်တို့ရဲ့ စစ်ဘက်ရေးရာခေါင်းဆောင်တွေနဲ့ ဒီသီတင်းပတ် ကြာသပတေးနေ့မှာ ဗြိတိန်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။”

စနေနေ့ဆွေးနွေးပွဲများအတွင်း ယူကရိန်း၏ မဟာမိတ်များက “ ယူကရိန်းသို့ စစ်ရေး အကူအညီများဆက်လက် ပေးပို့နေစေရန်နှင့် ရုရှား၏ စီးပွားရေး အပေါ် ကန့်သတ်ချက်များကို ဆက်လက် တင်းကျထားရန် ပူတင်၏ စစ်ယန္တရားအား အားနည်းလာစေရန်နှင့် သူ့ကို ဆွေး‌နွေးရေးစားပွဲပေါ် လာရောက်ရန်ဖိအားပေးဖို့” စတာမာက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်တွင် သဘောတူညီခဲ့သော ယူကရိန်းအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်ကျောထောက်နောက်ခံပြုထားသော အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံရန် ပူတင်က နှောင့်နှေးနေပြီး ယူကရိန်းသည် ငြိမ်းချမ်းရေးလိုလားသောနိုင်ငံဖြစ်ကြောင်း စတားမာက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် “ ထာဝရငြိမ်းချမ်းရေးဆီကို ဦးတည်တဲ့လမ်းကြောင်းကို ပူတင်ကို ကမ်းလှမ်းခဲ့ပါတယ်။ အခုအခါ ကျွန်တော်တို့ အဲ့ဒါကို လက်တွေ့ လုပ်ဆောင်ကြရမယ်” ဟု စတာမာ က ပြောကြားခဲ့သည်။

အမေရိကန်ကို ထောက်ခံမှုနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏မေးခွန်းကို တုံ့ပြန်သည့် အနေဖြင့် စတာမာက “ အမေရိကန်အပေါ် ရပ်တည်ချက် မပြောင်းလဲသေးပါ” ဟု ဆိုပြီး ယူကရိန်းတွင် ငြိမ်းချမ်းရေးရရှိရန် “ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်” ဟု အလေးပေးပြောကြားခဲ့သည်။

ပူတင်သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အလေးအနက်ထားမည်ဆိုပါက ယူကရိန်းအပေါ် ၎င်း၏ရိုင်းစိုင်းသောတိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် အပစ်အခတ်ရပ်စဲရန် သဘောတူဖို့လိုကြောင်း စတာမာက ပြောကြားခဲ့ပြီး ၎င်းက ဆက်လက်၍ “ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။ ကျွန်တော့်ခံစားချက်ကတော့ မကြာခင်မှာ အနှေးနဲ့အမြန်သူက စားပွဲကိုလာပြီး အလေးအနက်ထားပြီး ဆွေးနွေးရတော့မယ်”ဟု ဆိုသည်။

ဝါရှင်တန်ထံမှ မသေချာမရေရာသော အထောက်အပံ့များ ကျဆင်းလာခြင်းနှင့် ရုရှား၏ရန်လိုမှုမှ ရင်ဆိုင်နေရသော ယူကရိန်းကို ခုခံကာကွယ်ရန် ကတိပြုထားသည့် “ ဆန္ဒရှိသောညွန့်ပေါင်းအဖွဲ့” သည် လွန်ခဲ့သည့် သီတင်းနှစ်ပတ်က လန်ဒန်တွင် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

အတ္တလန္တိတ်ဖြတ်ကျော်မဟာမိတ်အဖွဲ့ NATO အား ထရန့်အစိုးရက ထိုးနှက်ချက်များအကြားတွင် ဥရောပတွင် အတော်အတန်စည်းလုံးညီညွတ်မှုကို ပြသထားသော်လည်း ဥရောပနိုင်ငံ တစ်ခုချင်းစီက ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ယူကရိန်းတွင် တပ်များချထားရန် ဆန္ဒရှိမရှိနှင့် ပတ်သက်၍ သိသာထင်ရှားသော ကွဲပြားမှုများ ရှိနေသေးသည်။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီ၏ရုံးမှ ထုတ်ပြန်ချက်တွင် စနေနေ့က ပြုလုပ်သည့် အွန်လိုင်းမြင်ကွင်း ထိပ်သီးအစည်းအဝေးတွင် ပါဝင်ခဲ့သည့် မယ်လိုနီသည် ယူကရိန်းတွင် ဖြစ်နိုင်ခြေရှိသော စစ်ရေးအရ တပ်ပို့ဆောင်မှုတွင် အီတလီပါဝင်ရန် စဥ်းစားထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

အသေးစိတ်ဖော်ပြမှုမရှိဘဲ ရုရှားနှင့် ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဖြစ်နိုင်ချေရှိသော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ “ကောင်းမွန်သောသတင်း” ကို သူရရှိခဲ့ကြောင်းနှင့် ၎င်း၏အစိုးရအဖွဲ့က အဆိုပါနေ့အစောပိုင်းတွင် နှစ်နိုင်ငံစလုံးနှင့် “အလွန်ကောင်းသော ဖုန်းခေါ်ဆိုမှုများ” ပြုလုပ်ခဲ့ကြောင်း ထရန့်က သောကြာနေ့တွင် ပြောကြားခဲ့သည်။

Truth Social တွင် သီးခြားပို့စ်တစ်ခု၌ ထရန့်က “ ဤကြောက်မက်ဖွယ်ကောင်းသော သွေးထွက်သံယိုစစ်ပွဲကို နောက်ဆုံးတွင် အဆုံးသတ်ပေးနိုင်သည့် အလွန်ကောင်းမွန်သော အခွင့်အလမ်းတစ်ခု ရှိနေသည်” ဟု ပြောကြားခဲ့သည်။

ပူတင်သည် မော်စကိုတွင် အမေရိကန် အထူးကိုယ်စားလှယ် စတီ့ဗ်ဝတ်ကော့ဖ်နှင့် ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး မာကိုရိုဘီယိုက “ သတိထားကြည့်ရမယ့် အပြုသဘောဆောင်တဲ့အခြေအနေ” ဟု ပြောကြားခဲ့ပါသည်။

ယူကရိန်းက အပေးအယူလုပ်နိုင်ရန် သိမ်းပိုက်ထားသော ရုရှားနိုင်ငံ အနောက်ဘက်ခြမ်း ကာ့စ်ခ် (Kursk) ဒေသကို ချုပ်ကိုင်ထားမှု မရှိတော့သဖြင့် ပူတင်သည် ဒေသတွင်း အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ဆိုင်ရာ ဆွေးနွေးပွဲကို ထိုဒေသကို လုံးဝထိန်းချုပ်နိုင်သည့် အခြေအနေ မရမချင်း နှောင့်နှေးနေနိုင်သည်ဟု လူအများက ယုံကြည်ကြသည်။

ရုရှားတပ်ဖွဲ့များသည် ကာ့စ်ခ်ဒေသနှစ်ခုဖြစ်သည့် ဇိုလန်ရှန်ကာ (Zaoleshenka) နှင့် ရူဘန်ချင်နာ (Rubanshchina) တို့တွင် နောက်ထပ် အခြေချနေထိုင်ရာနှစ်ခုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း ၎င်း၏ ကာကွယ်ရေး ဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားခဲ့သည်။ ယူကရိန်း သိမ်းပိုက်ထားသည့် အကြီးဆုံးမြို့ဖြစ်သည့် ဆုဒ်ဇာ(Sudzha) ကို ရုရှားက သိမ်းပိုက်ပြီး ရက်ပိုင်းအတွင်း သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ဇလန်းစကီးက စနေနေ့တွင် သူ့တပ်များသည် ကာ့စ်ခ်တွင် ရုရှားနှင့် မြောက်ကိုရီးယားတပ်ဖွဲ့များကို ကြံ့ကြံ့ခံထားပြီး ယူကရိန်းစစ်တပ်ကို ဝိုင်းရံထားသည်ဟု ရုရှား၏ ပြောဆိုချက်ကို ငြင်းဆိုခဲ့သည်။

တချိန်တည်းတွင် ရာနှင့်ချီသည့် မောင်းသူမဲ့လေယာဉ်များကို အသုံးပြုကာ နယ်စပ်ကိုဖြတ်ကျော်ပြီး လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ရုရှားသည် ယူကရိန်းသို့မောင်းသူမဲ့ လေယာဉ် ၁၇၈ စင်းနှင့် ပဲ့ထိန်းဒုံးကျည် ၂ စင်းတို့ကို တစ်ညတည်း ပစ်ခတ်ခဲ့ရာတွင် အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး ၄၄ ဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် အရေးကြီးသော အခြေခံအဆောက်အအုံများနှင့် လူနေအဆောက်အအုံများကို ပစ်မှတ်ထားပြီး အထပ်မြင့် အဆောက်အအုံ ခုနစ်လုံးနှင့် အိမ် ၂၇ လုံး ပျက်စီးသွားပြီးနောက် ခါဆန် (Kherson) ဒေသတွင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း ၎င်း၏ စစ်ဘက်အုပ်ချုပ်ရေး အကြီးအကဲက ပြောကြား ခဲ့သည်။

ယူကရိန်း မောင်းသူမဲ့ လေယာဉ် ၁၂၆ စင်းကို သူတို့၏လေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ တစ်ညတည်း ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ၎င်း၏ ကာကွယ်ရေးကို မည်မျှ ကျော်ဖြတ်သွားနိုင်ခဲ့သည်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

May be an image of 1 person and text that says 'SECURING OUR FUTURE'

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 31 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 132 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 109 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 49 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု