နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” သီချင်းဗီဒီယိုထုတ်လွင့်သူတွေကို စစ်ကောင်စီ အရေးယူဖို့စီစဉ်

မတ်လ (၁၉)ရက်။

ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” တေးသီချင်းဗီဒီယို ထုတ်လွှင့်သူတွေကို အရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားသူဟာ လွှင့်တင်မယ့် content တွေကို စိစစ်ရေးအဖွဲ့ဆီ တင်ပြရမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တေးရေး/ရေးဆို “ အောင်ပါစေ” ဟာ လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ သူ့ရဲ့လူမှုကွန်ရက်တွေမှာ တေးသီချင်းဗီဒီယိုတွေ ထုတ်လွှင့်ပြသပြီး အဲ့ဒီတေးသီချင်းဗီဒီယိုတွေထဲ “ ဗုံတီးမယ်” လဲ ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီ “ ဗုံတီးမယ်” သီချင်းဗီဒီယိုဟာ မြန်မာလူမျိုးတွေ အမြတ်တနိုး တန်ဖိုးထားဂုဏ်ယူရတဲ့ မြန်မာ့တူရိယာဗုံနဲ့ ပတ်မတွေကို စော်ကားနေတဲ့ သရုပ်ပျက်ကပြဖျော်ဖြေတာနဲ့ ညစ်ညမ်းတာတွေ ပါဝင်တယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုထားပါတယ်။

ဒါ့ကြောင့် “ ဗုံတီးမယ်” သီချင်းနဲ့ပတ်သက်ပြီး ဖန်တီးထုတ်လုပ်သူ၊ စီစဉ်သူနဲ့ ပါဝင်သူတွေကို အမှုဖွင့်အရေးယူနိုင်ဖို့ စီစဉ်နေသလို လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်မရှိသူ‌တွေ လျှောက်ထားဖို့ သတိပေးထားပါတယ်။

စစ်ကောင်စီဟာ ဆက်သွယ်ရေးကွန်ရက်အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအနေနဲ့ သတ်မှတ်ကာ လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်တွေ ထုတ်ပေးနေတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 0 Views
မတ်လ (၁၉)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်ကစပြီး ရေစကြိုမြို့နယ် ဘိစပ်ကုန်းရွာရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ PDF ရဲဘော်တွေကို TNLA ဖမ်းဆီး၊ လက်နက်ခဲယမ်းတွေအပါအဝင် ကျပ်သိန်း(၁၀၀၀)ကျော်နဲ့ StarLink စက်တွေပါသိမ်းယူခဲ့

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 5 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က ကွတ်ခိုင်မြို့ရှိ စားသောက်ဆိုင်တဆိုင်မှာ ဝင်နားနေတဲ့ PDF တွေကို TNLA
မြန်မာသတင်း

ကျားဖြန့်လုပ်ငန်းမှာ ဖမ်းမိသူတွေထဲ တရုတ်နိုင်ငံသားဆွေ အများဆုံးလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
မတ်လ (၁၉)ရက်။ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်လာပြီး ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ နိုင်ငံခြားသားတွေထဲ တရုတ်နိုင်ငံသားတွေ အများဆုံးပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၃၀)ရက်ကနေ မတ်လ (၁၈)ရက်နေ့အထိ နိုင်ငံထဲ တရားမဝင်
မြန်မာသတင်း

စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့စာချုပ်တွေ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG စာပို့ထား

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 22 Views
မတ်လ (၁၉)ရက်။ စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေဟာ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာပို့ပြောဆိုထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က မနေ့က Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

စဉ့်ကူးမြို့ရှိ လက်ပံလှရွာ ထပ်မံဗုံးကြဲခံရပြီး (၃)ဦးသေဆုံးကာ (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 23 Views
မတ်လ (၁၈)ရက်။ မနေ့က ညနေ (၆)နာရီဝန်းကျင်က စဉ့်ကူးမြို့ရှိ လက်ပံလှရွာကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လက်ပံလှရွာ လေကြောင်းထပ်မံတိုက်ခိုက်ခံရတဲ့ထဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရပ်ကွက်ထဲ
မြန်မာသတင်း

မန္တလေးမှာ ငွေစုငွေချေးလုပ်ငန်းတစ်ခု ဓါးပြတိုက်ခံရပြီး ကျပ်သိန်း (၁၀၀)ကျော်ပါသွားခဲ့

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 19 Views
မတ်လ (၁၈)ရက်။ မနေ့က ည (၇)နာရီအချိန် မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ ငွေစုငွေချေးလုပ်ငန်းတစ်ခု ဓါးပြတိုက်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ထွန်တုံးရပ်ကွက် (၅၄)နဲ့ (၅၅)ကြားက ငွေချေးလုပ်ငန်း ဓါးပြတိုက်ခံရတာ။ အဲ့ဒီမှာ အမျိုးသမီး
မြန်မာသတင်း

ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ CNF ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 25 Views
မတ်လ (၁၈)ရက်။ ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ဒီကနေ့ (၃၇)နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာ သက်ရောက်တာတွေကို အဆုံးသတ်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့
မြန်မာသတင်း

ကျားဖြန့်လုပ်ငန်းထဲ ပါဝင်တဲ့ နိုင်ငံခြားသား (၄၀၀)ကျော်ကို စစ်ကောင်စီ ပြန်လွှဲပြောင်း

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 19 Views
မတ်လ (၁၈)ရက်။ မနေ့က ကျားဖြန့်လုပ်ငန်းထဲ ပါဝင်တဲ့ နိုင်ငံခြားသား (၄၁၄)ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီက ကျားဖြန့်လုပ်ငန်းထဲ ပါဝင်တဲ့ နိုင်ငံခြားသား (၄၁၄)ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းခဲ့ရာ