နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅)ချက်ကို ကျော်လွန်ပြီး မြန်မာအရေး ပံ့ပိုးကူညီဖို့ NUG တိုက်တွန်း

မတ်လ (၂၀)ရက်။

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅)ချက်ကို ကျော်လွန်ကာ မြန်မာပြည်သူရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ မြန်မာပိုင်၊ မြန်မာဦးဆောင်တဲ့ လုပ်ငန်းစဉ်တရပ်ကို ပံ့ပိုးကူညီဖို့ NUG နိုင်ငံ‌ခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းတို့မှာ ပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာတွေဟာ မြန်မာနိုင်ငံမှာ လူသားစာနာမှုဆိုင်ရာ အကျပ်အတည်းရဲ့ ဆိုးရွားနေတဲ့အခြေအနေကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးတာ ဆက်လက်မြင့်တက်နေပြီး အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေ ပိုမိုပျက်စီးဆုံးရှုံးလာတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ နိုင်ငံတကာလူသားစာနာမှုဆိုင်ရာ အခြေခံမူတွေကို ထိန်းသိမ်းဖို့အတွက် ခိုင်မာအားကောင်းပြီး စည်းလုံးညီညွတ်တဲ့ နိုင်ငံတကာ တုန့်ပြန်ဆောင်ရွက်ချက်တွေ အရေးတကြီး လိုအပ်နေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိစေဖို့အတွက် တရားဝင်ဒီမိုကရေစီအင်အားစုတွေ ပြန်လည်ထူထောင်နိုင်ဖို့မှာ မရှိမဖြစ် လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။

စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေကို ချမှတ်ပြီး မလေးရှားနိုင်ငံရဲ့ ဥက္ကဋ္ဌအနေနဲ့ ဦးဆောင်မှုအောက်မှာ အာဆီယံအနေနဲ့ ကတိကဝတ်တွေကို ဆက်လက်‌‌စောင့်ထိန်းဖို့ NUG က တိုက်တွန်းထားပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံရှိ ပြည်သူတဦးချင်းစီတိုင်းရဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ ဂုဏ်သိက္ခာတို့ကို ပြန်လည်ဖော်ဆောင်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေကို ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့်အချိန်လို့ ‌ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၁၇)ဦးသေကာ (၂၀)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 8 Views
မတ်လ (၂၁)ရက်။ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ တပ်မ(၁၀၁)က အင်အား (၂၀၀)ခန့်ရှိ စစ်ကောင်စီတပ်ကို
မြန်မာသတင်း

တိုင်ကြားတာတွေကို ခပ်မြန်မြန်ဖြေရှင်းဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 3 Views
မတ်လ (၂၁)ရက်။ တိုင်ကြားတာတွေကို ခပ်မြန်မြန်ဖြေရှင်းဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးကော်မတီအစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

ကနီမှာ စစ်ကောင်စီရဟတ်ယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 15 Views
မတ်လ (၂၀)ရက်။ မနေ့က ညနေ (၅)နာရီအချိန် ကနီမြို့နယ် ဘောလုံးကွင်းထဲက စစ်ကောင်စီရဲ့ MI-17 ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စခ(၂၀)လောက်နဲ့ မုံရွာနမခကနေတက်လာတဲ့
မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ (၅)ဦး သေဆုံးခဲ့တယ်လို့ NPDF ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 6 Views
မတ်လ (၂၀)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲကနေ နေ့လယ် (၁၂)နာရီအချိန်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Natogyi-PDF(NPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၁၈)နဲ့ (၃၁၉)ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲ့ဒီမှာ
မြန်မာသတင်း

ရဲဘော်ကိုစိုင်း သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပြီး ပွင့်လင်းမြင်သာစွာချပြမယ်လို့ဆို

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 5 Views
မတ်လ (၂၀)ရက်။ မတ်လ (၁၈)ရက်နေ့က မဟာမိတ်ညီနောင်အဖွဲ့အစည်းတွေရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ ကယန်းပြည်သစ်ရုံးစိုက်ရာနယ်မြေမှာ Napy Pyi Taw PDF တာဝန်ရှိသူတွေက သွားရောက် ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံချိန် ကယန်းပြည်သစ်ပါတီက ရဲဘော်ကိုစိုင်းထံက
မြန်မာသတင်း

ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေက အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်နေတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 12 Views
မတ်လ (၂၀)ရက်။ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်တာတွေက တသီးတခြားရပ်တည်လိုစိတ်နဲ့ အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်နေတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မွန်ပြည်နယ်နေ့အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နယ်မြေဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေရဲ့ တိုက်ခိုက်တာတွေကြောင့်
မြန်မာသတင်း အရှေ့တောင်အာရှ

တာ့ခ်ခရိုင် အကောက်ခွန်ရုံး မီးလောင်မှုတွင် သိမ်းဆည်းထားသော ယာဉ်အစီးရေ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 12 Views
မတ်လ (၁၉) ရက်။ မီးလောင်မှုအား နှစ်နာရီကျော်အကြာတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း ယာဉ်သုံးပုံတစ်ပုံခန့် လုံးဝပျက်စီးသွားခဲ့သည်။ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဲဆောက်မြို့ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားရှိ အကောက်ခွန် စစ်ဆေးရေးဂိတ် အနောက်ဘက်ရှိ ခြံဝင်းတွင်
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 11 Views
မတ်လ (၁၉)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်ကစပြီး ရေစကြိုမြို့နယ် ဘိစပ်ကုန်းရွာရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၁၅)လောက်မှာ စခတွေက