နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ ပစ်ခတ်ဖမ်းဆီးတာတွေကြောင့် ပြည်သူ (၅၀)ကျော်ပါသွား

မတ်လ (၂၁)ရက်။

ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်က ရေစကြိုမြို့နယ် မိုးကွဲရွာကို စစ်ကောင်စီက ပစ်ခတ်ဝင်ရောက်ပြီး စစ်ဘေးရှောင်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ Yesagyo Township Info Committee ထံက သိရပါတယ်။

“ ငတရော်ရွာကနေ မိုးဖြူနဲ့ မိုးကွဲရွာတွေဘက်ကို စခတွေ စစ်ကြောင်းထိုး ဝင်ရောက်လာလို့ အနီးဝန်းကျင်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာ။ အဲ့ဒါကို စခတွေက ထွက်ပြေးတဲ့ ပြည်သူတွေကို လိုက်ပစ်ခတ်ဖမ်းဆီးတာ” လို့ ဆိုပါတယ်။

နံနက် (၆)နာရီခွဲဝန်းကျင်အချိန်က စစ်ကောင်စီတပ်ဟာ ငတရော်ရွာကနေတဆင့် မိုးဖြူရွာနဲ့ မိုးကွဲရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် အနီးရှိကျေးရွာက ဒေသခံတွေ ထွက်ပြေးခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ မိုးကွဲရွာအနောက်ဘက်ရှိ ကျွန်းခုံပေါ်က သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါအဝင် (၅၀)ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

ဖမ်းမိခဲ့သူတွေကို စစ်ကောင်စီစစ်ကြောင်းက မိုးကွဲရွာကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပြီး ပစ်ခတ်တာတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလဆန်းပိုင်းကစပြီး ရေစကြိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူတွေကို သတ်ဖြတ်တာနဲ့ နေအိမ်ပေါင်း ရာနဲ့ချီကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ လေကြောင်းဗုံးကြဲတာကြောင့် သံဃာတွေအပါအဝင် (၆)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 19 ရက်
  • 38 Views
ဩဂုတ်လ (၁၉)ရက်။ မနေ့က နေ့လယ် (၁)နာရီကျော်အချိန် ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာရှိ မိုးကောင်းဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက
မြန်မာသတင်း

ရွေးကောက်ပွဲပြုလုပ်ဖို့ ပြည်ပနိုင်ငံတွေက ထောက်ခံအားပေးတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 19 ရက်
  • 39 Views
ဩဂုတ်လ (၁၉)ရက်။ ရွေးကောက်ပွဲပြုလုပ်ဖို့အတွက် ပြည်ပနိုင်ငံတွေက ထောက်ခံအားပေးတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မကွေးမြို့ကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၃၂)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 19 ရက်
  • 33 Views
ဩဂုတ်လ (၁၈)ရက်။ မနေ့က ကရင်နီပြည် မော်ချီးဒေသရှိ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို စစ်ကောင်စီတပ်က စစ်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ မဆင်မခြင်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ သီပေါနဲ့ မိုးကုတ်ကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ၊ ပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 19 ရက်
  • 47 Views
ဩဂုတ်လ (၁၈)ရက်။ ဒီကနေ့ တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ သီပေါနဲ့ မိုးကုတ်မြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ နံနက် (၉)နာရီခွဲအချိန်မှာ သီပေါမြို့ရှိ အနောက်ရပ်ကွက်နဲ့
မြန်မာသတင်း

ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ (၂၈)ရက်နေ့မှာ ကျင်းပမယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 18 ရက်
  • 22 Views
ဩဂုတ်လ (၁၈)ရက်။ ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ကျင်းပသွားမယ်ဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး‌/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ၂၀၀၈ခုနှစ် အခြေခံဥပဒေအရ လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ
မြန်မာသတင်း

မိုးကုတ်မြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 52 Views
ဩဂုတ်လ (၁၇)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က မိုးကုတ်မြို့အရှေ့ပိုင်းရှိ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ်က ပေါင် (၂၅၀)ဗုံး (၃)လုံး ထပ်မံကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ စစ်ကောင်စီတပ်က ဒီမနက်မှာ
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာမှာ KNU စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်ဆိုပြီး စစ်လော်ဘီတွေ ဝါဒဖြန့်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 42 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၁)ရက်နေ့က စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာမှာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ သေဆုံးတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက မနေ့က ဝါဒဖြန့်ရေးသားနေကြတယ်လို့ သိရပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်တာထဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ
မြန်မာသတင်း

ပလမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၃)ဦးသေဆုံးပြီး (၄၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုလော-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 46 Views
ဩဂုတ်လ (၁၇)ရက်။ ပုလောမြို့နယ် ပလမြို့ကို စစ်ကြောင်းထိုးဝင်လာဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလော-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၂၄)ရက်ကစပြီး ပလမြို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ဖို့