နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကျောင်းသားချေးငွေနဲ့ အာဟာရကျွေးမွေးတဲ့ပရိုဂရမ်တွေကို အခြားအေဂျင်စီထံ လွှဲပြောင်းမယ်လို့ ဒေါ်နယ်ထရန့်အတိအလင်းကြေညာ

+++++++++++++++++++++

ပညာရေးဌာနကို ပိတ်ပစ်လိုက်တဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ အဲဒီဌာနက ကိုင်တွယ်ထားတဲ့ ကျောင်းသားချေးငွေနဲ့ အာဟာရကျွေးမွေးရေးပရိုဂရမ်တွေကို အခြားအေဂျင်စီတွေထံ လွှဲပြောင်းပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သောကြာနေ့မှာ အတိအလင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရန့်ဟာ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ ရည်ရွယ်တဲ့ အမိန့်တစ်ရပ်ကို ကြာသပတေးနေ့က လက်မှတ်ထိုးခဲ့ပြီး သောကြာနေ့မှာတော့ သတင်းထောက်တွေနဲ့ သမ္မတရုံးမှာတွေ့ဆုံချိန် ကျောင်းသားတွေအတွက် ချေးငွေကိစ္စကို အသေးစားစီးပွါးရေးစီမံခန့်ခွဲမှုဌာနက တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး အာဟာရကျွေးမွေးတဲ့အစီအစဉ်ကိုတော့ ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဌာနက တာဝန်ယူသွားလိမ့်မယ်လို့ ဒေါ်နယ်ထရန့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ ကျတော်တို့မှာ စုပေါင်းလုပ်ဆောင်ရမယ့် ကိစ္စတွေအရမ်းကျယ်ပြန့်ပါတယ်။ သောင်းနဲ့ချီတဲ့ချေးငွေကိစ္စတွေ ရှိတယ်၊ ဒါတွေအားလုံးကို ပညာရေးဌာနအောက်က ထွက်ပြီးနောက်မှာ SBA စီမံခန့်ခွဲသူ ကယ်လီလိုဖာက ဦးဆောင်လုပ်ကိုင်သွားမှာဖြစ်ပါတယ်”လို့ ထရန့်က အတည်ပြုပြောဆိုခဲ့တာပါ။ အမေရိကန်ပညာရေးဌာနဟာ 2023 ခုနှစ်အထိ ကျောင်းသား 44 သန်းကျော်အတွက် ချေးငွေဒေါ်လာ 1.6 ထရီလီယံအထိ စီမံခန့်ခွဲပေးခဲ့တာဖြစ်ပါတယ်။ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ်ကတော့ ဝင်ငွေနည်းတဲ့ ကျောင်းသားတွေအတွက်တော့ အထူးအစီအစဉ်အနေနဲ့ ချေးငွေပေးအပ်သွားဦးမှာဖြစ်တယ်လို့ ကြာသပတေးနေ့မှာ ပြောဆိုထားပါတယ်။ ဇန်နဝါရီလအတွင်းက အမေရိကန်သမ္မတရာထူးကို လွှဲပြောင်းရယူခဲ့တဲ့ ဒေါ်နယ်ထရန့်ဟာ နှစ်လတာကာလအတွင်း အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြင်း၊ ဖယ်ဒရယ်လုပ်သားအင်အားကို လျှော့ချပြီး ရှေးရိုးဆန်တဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်နေတာကြောင့် အမေရိကန်ပြည်တွင်းမှာသာမက ကမ္ဘာတဝန်းမှာပါ ဝေဖန်စရာတွေဖြစ်ပေါ်လာခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၏ ထိခိုက်လွယ်သော သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် သိပ္ပံပညာရှင် အနည်းဆုံး ၁၀ ဦး မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေမှုအပေါ် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအဖွဲ့များ အရှိန်မြှင့်လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ကိုင်တွယ်ခွင့်ရှိသူ သိပ္ပံပညာရှင်များ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဆိုင်ရာ အစီရင်ခံစာများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်