နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကျောင်းသားချေးငွေနဲ့ အာဟာရကျွေးမွေးတဲ့ပရိုဂရမ်တွေကို အခြားအေဂျင်စီထံ လွှဲပြောင်းမယ်လို့ ဒေါ်နယ်ထရန့်အတိအလင်းကြေညာ

+++++++++++++++++++++

ပညာရေးဌာနကို ပိတ်ပစ်လိုက်တဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ အဲဒီဌာနက ကိုင်တွယ်ထားတဲ့ ကျောင်းသားချေးငွေနဲ့ အာဟာရကျွေးမွေးရေးပရိုဂရမ်တွေကို အခြားအေဂျင်စီတွေထံ လွှဲပြောင်းပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သောကြာနေ့မှာ အတိအလင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရန့်ဟာ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ ရည်ရွယ်တဲ့ အမိန့်တစ်ရပ်ကို ကြာသပတေးနေ့က လက်မှတ်ထိုးခဲ့ပြီး သောကြာနေ့မှာတော့ သတင်းထောက်တွေနဲ့ သမ္မတရုံးမှာတွေ့ဆုံချိန် ကျောင်းသားတွေအတွက် ချေးငွေကိစ္စကို အသေးစားစီးပွါးရေးစီမံခန့်ခွဲမှုဌာနက တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး အာဟာရကျွေးမွေးတဲ့အစီအစဉ်ကိုတော့ ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဌာနက တာဝန်ယူသွားလိမ့်မယ်လို့ ဒေါ်နယ်ထရန့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ ကျတော်တို့မှာ စုပေါင်းလုပ်ဆောင်ရမယ့် ကိစ္စတွေအရမ်းကျယ်ပြန့်ပါတယ်။ သောင်းနဲ့ချီတဲ့ချေးငွေကိစ္စတွေ ရှိတယ်၊ ဒါတွေအားလုံးကို ပညာရေးဌာနအောက်က ထွက်ပြီးနောက်မှာ SBA စီမံခန့်ခွဲသူ ကယ်လီလိုဖာက ဦးဆောင်လုပ်ကိုင်သွားမှာဖြစ်ပါတယ်”လို့ ထရန့်က အတည်ပြုပြောဆိုခဲ့တာပါ။ အမေရိကန်ပညာရေးဌာနဟာ 2023 ခုနှစ်အထိ ကျောင်းသား 44 သန်းကျော်အတွက် ချေးငွေဒေါ်လာ 1.6 ထရီလီယံအထိ စီမံခန့်ခွဲပေးခဲ့တာဖြစ်ပါတယ်။ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ်ကတော့ ဝင်ငွေနည်းတဲ့ ကျောင်းသားတွေအတွက်တော့ အထူးအစီအစဉ်အနေနဲ့ ချေးငွေပေးအပ်သွားဦးမှာဖြစ်တယ်လို့ ကြာသပတေးနေ့မှာ ပြောဆိုထားပါတယ်။ ဇန်နဝါရီလအတွင်းက အမေရိကန်သမ္မတရာထူးကို လွှဲပြောင်းရယူခဲ့တဲ့ ဒေါ်နယ်ထရန့်ဟာ နှစ်လတာကာလအတွင်း အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြင်း၊ ဖယ်ဒရယ်လုပ်သားအင်အားကို လျှော့ချပြီး ရှေးရိုးဆန်တဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်နေတာကြောင့် အမေရိကန်ပြည်တွင်းမှာသာမက ကမ္ဘာတဝန်းမှာပါ ဝေဖန်စရာတွေဖြစ်ပေါ်လာခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 30 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ