နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

Australia

Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက် အကြီးမားဆုံးသော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ဖြစ်သည်။

ခန့်မှန်းခြေ ကာလပေါက်စျေး သြစတြေးလျဒေါ်လာ ၈၁၆ သန်း (£၄၃၃ သန်း၊ €၅၀၀ သန်း) တန်ဖိုးရှိ အဆိုပါ မူးယစ်ဆေးဝါးများကို လန်ဒန်ဒေရီ (Londonderry) ရှိ ခြံဝင်းတစ်ခုအတွင်းရှိ ကုန်တင်ကွန်တိန်နာ သုံးလုံး၏ အောက်ခြေအလွှာအတုများအောက်တွင် ဝှက်ထားသော အကန့်များထဲ၌ သောကြာနေ့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ထံမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည်ဟု ဆိုကြသော အသက် ၂၁ နှစ်နှင့် ၂၅ နှစ်အရွယ် အမျိုးသားနှစ်ဦးကို အခင်းဖြစ်ပွားရာနေရာတွင် ဖမ်းဆီးခဲ့ပြီး၊ ဥပဒေမဲ့ တင်သွင်းလာသည့် နယ်စပ်ထိန်းချုပ်မူးယစ်ဆေးဝါးများကို စီးပွားဖြစ်ပမာဏ အမြောက်အမြား လက်ဝယ် ထားရှိမှုဖြင့် တရားစွဲဆိုထားသည်။

အဆိုပါ ကိုကင်းများကို စနစ်တကျ ဖွဲ့စည်းထားသည့် ရာဇဝတ်ဂိုဏ်းတစ်ခု၏ အမိန့်ပေးချက် အရ ကွင်းစလန် မြောက်ပိုင်းရှိ မစ်ဒ်ဂျ်ပွိုင့် (Midge Point) မြို့ငယ်လေးမှတစ်ဆင့် သြစတြေးလျ နိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

စနေနေ့က တရားရုံးတွင် ရုံးထုတ်ပြီးနောက် ချုပ်ရက်ရမန်ယူထားသည့် အဆိုပါ အမျိုးသား နှစ်ဦးသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရနိုင်သည်။

လန်ဒန်ဒေရီရှိ ခြံဝင်းကို ဝင်ရောက်စီးနင်းမှုသည် ပြီးခဲ့သည့် မေလက မစ်ဒ်ဂျ်ပွိုင့်ရှိ လှေဆိပ် အနီး ရေပြင်တွင် ဖော့မျောနေသည့် ကိုကင်း ၄၀ ကီလိုဂရမ်ကို တွေ့ရှိခဲ့ပြီးနောက် စတင် ခဲ့သည့် “Operation Minjiang” (မင်ကျန်း စစ်ဆင်ရေး) ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ရှာဖွေတွေ့ရှိမှုကြောင့် ပေါ်ပေါက်လာသည့် စုံစမ်းစစ်ဆေးမှုများ၏ အစိတ်အပိုင်း အဖြစ် ကွင်းစလန်နှင့် နယူးဆောက်ဝေးလ်ပြည်နယ်တို့မှ အခြားလူခြောက်ဦးကိုလည်း ဖမ်းဆီးတရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့က ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

မှောင်ခိုလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိရသော မူးယစ်ဆေးဝါး သယ်ဆောင်သည့် “မိခင်သင်္ဘောကြီး” (Mother vessel) ဟု ယူဆရသည့် သင်္ဘောတစ်စင်း ကိုလည်း ဆော်လမွန်ကျွန်းစုတွင် ထိန်းသိမ်းထားသည်။

နယူးဆောက်ဝေးလ်တက္ကသိုလ်က လုပ်ဆောင်နေသည့် တရားမဝင်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးစနစ်တစ်ခု၏ အဆိုအရ သြစတြေးလျသည် အခြားနိုင်ငံများနှင့် ဝေးကွာလှသော်လည်း ကိုကင်းတစ်ဂရမ်လျှင် သြစတြေးလျဒေါ်လာ ၃၀၀ ခန့်အထိ ပေါက်စျေးရှိသဖြင့် မူးယစ်ဆေးဝါးကုန်သွယ်မှုအတွက် အမြတ်အစွန်းများပြားသော စျေးကွက်တစ်ခု ဖြစ်နေသည်။

လွန်ခဲ့သည့်နှစ်က ထွက်ရှိသည့် ကုလသမဂ္ဂ ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာ (UN World Drug Report) အရ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံသားများသည် ကမ္ဘာပေါ်တွင် ကိုကင်း သုံးစွဲမှုနှုန်း အမြင့်မားဆုံးဖြစ်ကြသည်။

သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့မှ ရဲမှူး စတီဖင် ဂျေး (Stephen Jay) က ယခုကြံစည်မှုသည် ဒီရာဇဝတ်ကွန်ရက်တွေဟာ ဘယ်လောက်အထိ စနစ်တကျ ဖွဲ့စည်းထားပြီး ပြတ်သားမှု ရှိလဲဆိုတာနဲ့ အမြတ်အစွန်းနောက်ကို လိုက်ဖို့အတွက် ဘယ်လောက်အထိ အစွန်းရောက်တဲ့ အဆင့်တွေအထိ လုပ်ဆောင်ချင်ကြလဲဆိုတာကို ပြသနေတယ်” ဟု ပြောကြားခဲ့သည်။

“မူးယစ်ဆေးဝါးတွေရဲ့ မြစ်ဖျားခံရာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး၊ ဒီမူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းဖို့ ကြိုးပမ်းမှုမှာ ပါဝင်ပတ်သက် နေတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ကူညီပေးခဲ့သူတွေကို ဖော်ထုတ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ပြည်တွင်း၊ ပြည်ပ ဥပဒေစိုးမိုးရေး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

(အသက် ၂၁ နှစ်နှင့် ၂၅ နှစ်အရွယ် အမျိုးသားနှစ်ဦးကို အခင်းဖြစ်ပွားရာနေရာတွင် ဖမ်းဆီးခဲ့သည်၊ ပုံတွင်ဖမ်းဆီးရမိသည့်ကိုကင်းများ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 85 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက