နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက ငြိမ်းချမ်းရေးစကားဝိုင်းဆိုပြီး (၃)ရက်ကြာ ပြုလုပ်နေ

မတ်လ (၂၅)ရက်။

မနေ့ကစပြီး နေပြည်တော်မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကော််မတီတွေပါဝင်တဲ့ အစုအဖွဲ့တွေက ငြိမ်းချမ်းရေးစကားဝိုင်းဆိုပြီး ကျင်းပပြုလုပ်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုလိုကျင်းပတာက ငြိမ်းချမ်းရေးကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆောင်ရွက်မှသာ ရေရှည်တည်တံ့တာနဲ့ ပဋိပက္ခတွေ လျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေး တိုးတက်လာဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

စကားဝိုင်းမှာ နိုင်ငံရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အဖြေရှာဖော်ထုတ်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ လိုတယ်လို့ စစ်ကောင်စီဝန်ကြီး ရာပြည့်က ပြောဆိုခဲ့ပါတယ်။

နောက်ပြီး စကားဝိုင်းကနေ အပြုသဘောဆောင်တဲ့ ဆွေးနွေးအကြံပြုချက်တွေကို ရလဒ်ဖော်ထုတ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်အောင်မြင်စေဖို့ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီငြိမ်းချမ်းရေးစကားဝိုင်းကို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကော်မတီဝင်တွေ၊ စစ်တပ်အငြိမ်းစားအရာရှိတွေ၊ JMC ကိုယ်စားလှယ်တွေ၊ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လေ့လာသူတွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စကားဝိုင်းကို ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့တဲ့ ဦးသိန်းဇော်နဲ့ ခင်ဇော်ဦးတို့လဲ ပါဝင်တက်ရောက်ခဲ့ပြီး (၂၆)ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

စစ်ကောင်စီဟာ နေပြည်တော်မှာ ငြိမ်းချမ်းရေးစကားဝိုင်းဆိုပြီး ပြုလုပ်နေပေမယ့် တဖက်မှာတော့ စစ်ကြောင်းထိုးတာတွေနဲ့ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ဟန်ပြသာဖြစ်တယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယနဲ့ မင်းအောင်လှိုင်တပ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 12 Views
မေလ (၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ မြို့နယ်ပကဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 13 Views
မေလ (၅)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အသည်းတွေကို မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလ(၁)ရက်နေ့ကစပြီး
မြန်မာသတင်း

PDF တည်ထောင်တဲ့ (၅)နှစ်ပြည့် အခမ်းအနားကို CRPH ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 14 Views
MOD အနေနဲ့ ပြည်သူကို အကာအကွယ်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေ ဆက်လက်ကြိုးစားဖို့ တိုက်တွန်း မေလ (၅)ရက်။ ဒီကနေ့ မေလ (၅)ရက်မှာ ကျရောက်တဲ့ PDF ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်အခမ်းအနားကို CRPH က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့
မြန်မာသတင်း

ပဲခူးတိုင်းစစ်ဌာနနယ်မြေကို NUG ဝန်ကြီးချုပ်နဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 16 Views
မေလ (၅)ရက်။ ပဲခူးတိုင်းစစ်ဌာနနယ်မြေထဲ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ် လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ်(၂)စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းစစ်ဌာနကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အတူ ပြည်ထဲရေးနဲ့ လဝကဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီး
မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 26 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ တောင်သာနယ်ထဲမှာ PDF တွေ ပါလာတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တာ။ ကျဆုံးတာကတော့ ရဲဘော်
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 21 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူဟာ ခလရ(၅၀)က ရဲဘော် ကောင်းခန့်(ခ)အာဇာနည်(တ-၅၄၆၇၅၉)ဖြစ်ပြီး ဧပြီလ (၁၉)ရက်နေ့က CDF-KKG ဆီ
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 22 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 21 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊